
လာမည့်ရာသီ စီးရီးအေပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရာတွင် ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် အသင်း၏ လစာငွေကို လျှော့ချပြီး ဒီဘားလား၊ ဝိုင်နယ်လ်ဒမ်းနှင့် မာတစ်တို့လို အတွေ့အကြုံရင့် ကစားသမားများအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ လူစာရင်းပိုမိုအင်အားခိုင်မာအောင် ပြုလုပ်ထားသဖြင့် အီတလီမီဒီယာများက ချီးကျူးနေကြသည်။လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် ရိုးမားအသင်းသည် ကစားသမားသစ် (၅)ဦးခေါ်ယူထားပြီး လိုင်လီအသင်းမှ ခေါ်ယူထားသည့်နောက်ခံလူ ဇီကီဆီလစ်ခ်အတွက်သာ ပြောင်းရွှေ့ကြေးယူရို (၇)သန်း သုံးစွဲထားရပြီး ရိုးမားအသင်းမှ ဒီဘားလား၊ PSG အသင်းမှ ဝိုင်နယ်လ်ဒမ်း၊ မန်ယူအသင်းမှ မာတစ်နှင့် ဘင်ဖီကာ အသင်းမှ ဆားဘီယားဂိုးသမား မီလေဆာဗီလားတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။








