မတ်လ ၃၁ ရက်နေ့က အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ မီယာမီအိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နာမည်ကြီး တင်းနစ်သမား ရော်ဂျာ ဖက်ဒရာက ဂျွန်အစ်စနာကို အနိုင်ရသွားပါတယ်။ ဒီပြိုင်ပွဲမှာ အသက် ၃၇ နှစ်အရွယ် ဖက်ဒရာက ပထမပွဲကို လက်ရည်အသာစီးနဲ့ ယှဉ်ပြိုင်ပြီး ၆ – ၁ နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာ ဖက်ဒရာဟာ အိမ်ရှင် အမေရိကန်နိုင်ငံသား ဂျွန်အစ်စနာကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၆ – ၄ နဲ့ အနိုင်ရသွားတာပါ။ လက်ရှိချန်ပီယံ ဂျွန်အစ်စနာဟာ ဒီပြိုင်ပွဲမှာ ရုန်းကန် ယှဉ်ပြိုင်သွားရပါတယ်။ ဆွစ်ဇာလန် တင်းနစ်သမား ဖက်ဒရာဟာ မီယာမီအိုးပန်း ချန်ပီယံဆုကို ကစားသမားဘဝ သက်တမ်းမှာ ၄ ကြိမ် ရယူနိုင်တာ ဖြစ်ပါတယ်။DVB
ဆိုးလ်ရှား ကို (၃)နှစ်စာချုပ်နဲ့ အမြဲတမ်းနည်းပြခန့်အပ်ခဲ့တဲ့ မန်ယူ
ရုတ်တရက်အနားယူကြောင်းကြေညာသွားတဲ့ ကော်နာမက်ဂရီဂေါ်
UFC – MMA ဖိုက်တာ ကော်နာမက်ဂရီဂေါ်ဟာ ကစားသမားဘ၀မှ အနားယူလိုက်ပြီဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်ကနေ ရုတ်တရက်ကြေညာလိုက်ပါတယ်။ ကစားသမား ဘ၀တစ်လျှောက်အငြင်းပွားမှုတွေကို အမြဲလိုဖန်တီးလေ့ရှိတဲ့ ဒီအိုင်ယာလန်သားဟာ နာမည်ဆိုးနဲ့ ကျော်ကြားသူတစ်လောက်လည်းဖြစ်ပါတယ်။ သူဟာ MMA ကမ္ဘာ့အဆင့် ၈ မှာ ရပ်တည်နေပြီး ဖယ်သာဝိတ်တန်းနဲ့ လိုက်ဝိတ်တန်းနှစ်ခုမှာ ၂၁-၄-၀ ဆိုတဲ့ ရှုံးပွဲမရှိ ရလဒ်နဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။ မက်ဂရီဂေါ်က ကစားသမားဘ၀ကနေ အနားယူပြီဆိုတာကို သူ့ရဲ့ Twitter အကောင့်ကနေ အခုလိုကြေညာသွားခဲ့ပါတယ်။
ဒဏ်ရာပြဿနာအပေါ် စိုးရိမ်ပူပန်မှု မရှိကြောင်း ရော်နယ်ဒို ပြော
တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက လက်ရွေးစင်အသင်းနဲ့ အတူနိုင်ငံတကာပွဲကစားရင်း ရရှိခဲ့တဲ့ဒဏ်ရာ ပြဿနာ အပေါ် စိုးရိမ်ပူပန်မှုမရှိကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်ဖြစ်သူ ရော်နယ်ဒိုဟာ တနင်္လာညက ဆားဘီးယားအသင်းနဲ့တစ်ဂိုးစီသရေကျတဲ့ ယူရို၂၀၂၀ခြေစစ်ပွဲမှာ ပါဝင်ကစားရင်း ခြေထောက်ကြွက်သားဒဏ်ရာ ရခဲ့တာပါ။ ကွင်းအတွင်းမှာဆေးကုသမှုပြုလုပ်ခဲ့ပေမယ့် မသက်သာတာကြောင့် ပထမပိုင်းမှာတင်ပစ်ဇီနဲ့လူစားလဲခဲ့ရ တာလည်းဖြစ်ပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဘွဲ့အပါအ၀င် ချန်ပီယံဘွဲ့ ၃ခု ကို စွန့်လွှတ်လိုက်တဲ့ ဒေ၀(Dave)
ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဘွဲ့နှင့် ချန်ပီယံခါးပတ်သုံးခုပိုင်ရှင် ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒဗ်ဟာ မြန်မာလက်ခမောင်းကုမ္ပဏီက ကျင်းပနေတဲ့ WLC ပြိုင်ပွဲနဲ့ စာချုပ် ချုပ်ဆိုခဲ့တာကြောင့် ချန်ပီယံခါးပတ်တွေ အားလုံးကို စွန့်လွှတ်ခဲ့ပြီလို့ သိရပါတယ်။ ဒေဗ့်က သူ့အနေနဲ့ WLC နဲ့ စာချုပ် ချုပ်ခဲ့တာကြောင့် တခြားအဖွဲ့အစည်းတွေက ကျင်းပတဲ့ လက်ဝှေ့ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ထိုးသတ်တော့မှာ မဟုတ်ဘဲ World Lethwei Championship က စီစဉ်ပေးတဲ့ ဘယ်စိန်ခေါ်မှုကိုမဆို လက်ခံသွားမယ်လို့ ပြောကြားထားခဲ့ပါတယ်။
ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲထိုးသတ်ရန် အောင်လဆန်ဆန် ဂျပန်နိုင်ငံသို့ ရောက်ရှိ
မြန်မာ MMA ကစားသမား အောင်လအန်ဆန် သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ထိုးသတ်ရန် မတ် ၂၄ ရက်က ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို မတ် ၃၁ ရက်မှ ထိုးသတ်ရမည်ဖြစ်သော်လည်း ကြိုတင်လာရောက်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်တွင် ရရှားနိုင်ငံသား မစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူကာ မစ်ဒယ်ဝိတ်တန်းကမ္ဘ့ာချန်ပီယံဖြစ်လာခဲ့ပြီး နှစ်နှစ်ကြာကာလအတွင်း ချန်ပီယံကာကွယ်ပွဲ သုံးပွဲမြောက်ထိုးသတ်ရခြင်းဖြစ်သည်။
ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒဏ်ငွေပြစ်ဒဏ် နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရိုနယ်ဒို
ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ရိုနယ်ဒိုကို မလျော်ကန်တဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ဆေးနေခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ သူ့ရဲ့အောင်ပွဲခံမှုပုံစံနဲ့ ပတ်သက်ပြီး ဒဏ်ငွေ ယူရို (၂) သောင်းပေးချေဖို့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
MFF ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MICအသင်းဗိုလ်စွဲ
MFF ဖူဆယ်လိဂ်(၂၀၁၈)မှာ MICအသင်းက ရမှတ်(၆၃)မှတ် ရရှိပြီး အမှတ်ပေးချန်ပီယံဆုဖလား ရရှိသွားပါတယ်။ MIC အသင်းဟာ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပွဲစဉ်(၂၂)မှာ VUC အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး VUCအသင်းနဲ့ ရမှတ်တူသွားပေမယ့်လည်း ပထမအကျော့မှာ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိထားတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းအရ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။ တတိယနေရာလုပွဲဖြစ်တဲ့ Myoma YTD FC အသင်း နဲ့ GV Athletic FC အသင်းတို့ပွဲစဉ်မှာတော့ GV Athletic အသင်းက (၄-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ MFF ဖူဆယ်လိဂ် (၂၀၁၈)မှာ ဖူဆယ်ကလပ်အသင်းပေါင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးကို ၀ယ်ဖို့ ဗြိတိန်သူဌေး ရက်ကလစ်ဖ် စိတ်ဝင်စားပေမယ့် မိုဗစ်ခ်ျရဲ့ တောင်းဆိုဈေးကြောင့် အဆင်ပြေဖို့ မလွယ်သေး
ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆာဂျင်(မ်)ရက်ကလစ်ဖ် ဟာ ချဲလ်ဆီးအသင်းကို ၀ယ်ဖို့ စိတ်ဝင်စားနေပေမယ့် ရုရှားသူဌေး အေဘရာမိုဗစ်ခ်ျ တောင်းဆိုတဲ့ ဈေးကြောင့် အဆင်ပြေဖို့ မလွယ်လောက်ဘူးလို့ သုံးသပ်နေကြပါတယ်။ အေဘရာမိုဗစ်ခ်ျဟာ ချဲလ်ဆီးအသင်းကို ပေါင်(၂.၅)ဘီလျံ ရမှ ရောင်းမယ်လို့ ဆိုထားပါတယ်။
သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး နည်းပြအဖြစ် ရီးနာ့စ်မစ်ချယ် နှင့် ဖာဂူဆန်တို့ ထိပ်ဆုံး၌ ရပ်တည်
သြဇာကြီးမားသော မဂ္ဂဇင်း France Football ၏ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနည်းပြ ၅၀ ဦးစာရင်းတွင် နယ်သာလန် နည်းပြဟောင်း ရီးနာ့စ်မစ်ချယ်က ဦးဆောင်နေပြီး ဒုတိယနေရာ၌ မန်ယူနည်းပြဟောင်း ဖာဂူဆန်က ရပ်တည်နေသည်။