မန်ယူအသင်းအနေနဲ့ အခွင့်အရေးရတာနဲ့ ဘာစီလိုနာအသင်းကို သတ်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ ပီအက်စ်ဂျီနဲ့ပွဲကို ကြည့်ပြီးသိနိုင်တယ်လို့ ဘာစီလိုနာ နောက်ခံလူ ပီကေးက ပြောခဲ့တယ်လို့ Daily Mailက ဖော်ပြလာပါတယ်။ ပီကေးက မန်ယူမှာ ၄ နှစ်ကြာ ကျင်လည်ခဲ့သူ ဖြစ်ပြီး ၂၀၀၈ ခုနှစ်က အသင်းကနေ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။
မန်ယူနဲ့ပွဲအတွက် လက်မှတ်ခွဲတမ်းအကုန်လုံးကို ဘာစီလိုနာရောင်းချနိုင်ခဲ့ခြင်းမရှိ
ဘာစီလိုနာအသင်းဟာ ဗုဒ္ဓဟူးနေ့၊ အိုးထရက်ဖို့ဒ်မှာ မန်ယူနဲ့ကစားမယ့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပ-ကျော့ ပွဲအတွက် လက်မှတ်ခွဲတမ်း(၃၅၀၀)ရရှိခဲ့ပေမယ့် ကုန်အောင်ရောင်းချနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ဘာစီလိုနာဟာ မန်ယူနဲ့ကစားမယ့် ဒု-ကျော့ပွဲအတွက် မန်ယူပရိသတ်တွေကို လက်မှတ်ဈေးနှုန်း (၁၀၂)ပေါင် သတ်မှတ်ခဲ့တာကြောင့် မန်ယူတာဝန်ရှိသူတွေကလည်း ဘာကာပရိသတ်တွေ အတွက် လက်မှတ်ဈေးနှုန်းကို ဘာစီလိုနာ သတ်မှတ်ခဲ့တဲ့အတိုင်း ထားရှိဖို့ တုံ့ပြန်ခဲ့တာပါ။
ပီဂျီအေတိုးချန်ပီယံဆုကို ပထမဆုံးအကြိမ်ရရှိဖို့ ကော်ရေးကွန်နာ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရ
ကနေဒါဂေါ့ဖ်သမားကော်ရေးကွန်နာဟာ ကစားသမားဘ၀ပထမဆုံးအကြိမ် ပီဂျီအေတိုးချန်ပီယံဆု ရရှိဖို့ ပြိုင်ဘက်တွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု ဆန်အန်တိုနီယိုမှာ ယှဉ်ပြိုင်ခဲ့တဲ့ တက္ကဆက်အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံး နေ့ပွဲမှာ ကွန်နာဟာ(၆၆)ချက် ရိုက်နိုင်ခဲ့ပြီး စုစုပေါင်းရိုက်ချက် (၂၆၈)ချက်နဲ့ သတ်မှတ်ရိုက်ချက်အောက်(၂၀)ချက် လျော့ရိုက်ကာ ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးနေ့ပွဲမှာ (၆၇)ချက်ရိုက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဟော့ဖ်မန်းကတော့ စုစုပေါင်းရိုက်ချက်(၂၇၀)နဲ့ သတ်မှတ်ရိုက်ချက်အောက်(၁၈)ချက် လျော့ရိုက်ပြီး ဒုတိယနေရာရပ်တည်နိုင်ခဲ့သလို စုစုပေါင်းရိုက်ချက် (၂၇၁)ချက် ရိုက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ရိုင်ယန်မိုးက တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ရာသီကုန်တွင် မန်ယူအသင်းကို ကြီးမားသည့်အပြောင်းအလဲများပြုပ်လုပ်ရန် ဆိုးလ်ရှားစီစဉ်
မန်ယူနည်းပြ ဆိုးလ်ရှားဟာ ရာသီကုန်မှာ အသင်းကိုကြီးမားတဲ့ အပြောင်းအလဲတွေပြုလုပ်ဖို့စီစဉ်နေပါတယ်။ ရာသီကုန်မှာ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင်တောင် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ Daily Mail ကဖော်ပြသွားခဲ့ပါတယ်။ ဒါကြောင့် ရာသီကုန်မှာ အသင်းကနေ ကစားသမား ၆ ယောက်လောက် ထွက်ခွာသွားတာကိုမြင်တွေ့ရဖွယ် ရှိနေပါတယ်။
ထိုင်းလိဂ်-၁ ပွဲစဉ်(၆)အကောင်းဆုံးအသင်းတွင် ဇော်မင်းထွန်းရွေးချယ်ခံရ
ဗြိတိန်အခြေစိုက် နာမည်ကြီး အားကစားမီဒီယာ Goal.com က ရွေးချယ်သည့် ထိုင်းလိဂ်-၁ ပွဲစဉ်(၆)၏ အကောင်းဆုံး အသင်းတွင် ချောင်ဘူ ရီအသင်းမှ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းပါဝင် သည်။
မက်ဆီ အပေါ်မှီခိုနေခြင်းက ခွင့်လွှတ်နိုင်စရာမရှိ
ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ဗီလာရီးယဲလ်နှင့် ၄-၄ သရေကျခဲ့သည့်ပွဲတွင် သရေတစ်မှတ်အတွက် နောက်မှလိုက်ကစားခဲ့ရပြီး အသင်းမှာ မက်ဆီအပေါ်မှီခိုလွန်းသည့် ကစားပုံက ခွင့်လွှတ်နိုင်စရာ မရှိဟု ပြောကြားသွားခဲ့သည်။
အောင်လအန်ဆန်၏ ကန်ချက်ကြောင့် ဂျပန်ကစားသမား နံရိုးကျိုး၊ ခွဲစိတ်ကုသမှု ခံယူ
One Championship ပြိုင်ပွဲမှာ အောင်လအန်ဆန်ကို ရှုံးနိမ့်ခဲ့တဲ့ ဂျပန်ကစားသမား ကန်ဟာစီဂါဝါဟာ ပွဲစဉ်အတွင်း အောင်လရဲ့ ညာခြေကန်ချက်ကြောင့် နံရိုးနှစ်ချောင်း ကျိုးသွားခဲ့ပြီး အဆုတ်ထဲ သွေးယိုစိမ့်မှု ဖြစ်ခဲ့တာကြောင့် ဆေးရုံတက် ခွဲစိတ်ကုသမှု ခံခဲ့ရပါတယ်။ ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ဟာစီဂါဝါရဲ့ အဆုတ်ထဲကနေ သွေးနှစ်ပုလင်းလောက် ပြန်ထုတ်ခဲ့ရတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ အခု ဒုတိယအကြိမ် စိန်ခေါ်ပွဲမှာတော့ ဟာစီဂါဝါဟာ လက်ရည်အရ ဘယ်လိုမှ မယှဉ်နိုင်ဘဲ အောင်လရဲ့ အလဲထိုးခြင်းကို ခံခဲ့ရပါတယ်။ ဒီပွဲရလဒ်ကြောင့် အောင်လဟာ ချန်ပီယံဘွဲ့ကို ဆက်ထိန်းထားနိုင်ပြီး လာမယ့် အောက်တိုဘာလထဲမှာ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဖီယာနဲ့ ထပ်မံထိုးသတ်သွားမှာ ဖြစ်ပါတယ်။
မန်ယူမှာ ပေါ့ဘာပျော်ရွှင်နေတယ်လို့ နည်းပြဆိုးလ်ရှား ပြောကြား
ရီးရဲလ်နည်းပြဇီဒန်း လက်အောက်မှာ ကစားဖို့က ကစားသမားတိုင်းရဲ့အိပ်မက်ဖြစ်တယ်လို့ ပေါ့ဘာ ပြောကြားခဲ့ ပေမယ့်လည်း ကွင်းလယ်လူပေါ့ဘာဟာ မန်ယူအသင်းမှာ ပျော်ရွှင်နေတယ်လို့ နည်းပြဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားဟာ ပြင်သစ်လက်ရွှေးစင်အသင်းကနေ မန်ယူကို ပြန်ရောက်လာတဲ့ ပေါ့ဘာ နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ အောင်မြင်နေတဲ့ မြန်မာဘော်လီဘောလက်ရွေးစင် အောင်သူ
အောင်သူက မြန်မာ့လက်ရွေးစင်ဘော်လီဘောအသင်းမှာ ကနဦးပါဝင်ခဲ့ပြီး ၂၀၁၅ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၀၊ ၂၀၁၄ မှာ ကျင်းပခဲ့တဲ့ Asia Games တွေ့မှာလည်း ပါဝင်ဆင်နွှဲခဲ့ပြီး အာရှအမျိုးသား ယူ -၂၃ ဘော်လီဘော ချန်ပီယံရှစ်ယှဉ်ပြိုင်ချိန်မှာတော့ နိုင်ငံပေါင်း(၁၆)နိုင်ငံအနက် မြန်မာက နံပါတ်(၅)နေရာ ချိတ်ခဲ့ပါတယ်။ ဘော်လီဘောအားကစားမှာ ပိုတိုးတက်မှုကို လိုလားတဲ့ အောက်သူက ထိုင်းနိုင်ငံ Chonburi အခြေစိုက် အမျိုးသားဘော်လီဘောအသင်းမှာ ၂၀၁၂ ကနေ ၂၀၁၅ ထိ၊ Nakhon Ratchasima အသင်းမှာ ၂၀၁၅ ကနေ ၂၀၁၈ ထိ ကစားခဲ့ပြီး လက်ရှိမှာတော့ ဂျပန်နိုင်ငံ Mishima မြို့အခြေစိုက် ဂျပန်အမျိုးသားဘော်လီဘောအသင်း Toray Arrows မှာ ကစားနေပါတယ်။
အောင်လအန်ဆန် နဲ့ ဟဲဗီးဝိတ် ချန်ပီယံကြီး ဗီရာ တို့ လိုက်ဟဲဗီးဝိတ်တန်းပွဲ ထိုးသတ်မယ်
မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိပါတယ်။ အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟစဲ့ဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ သဘောတူခဲ့ပါတယ်။ ပွဲအပြီး စင်ပေါ်မှာ အောင်လရဲ့ အောင်ပွဲကို ဂုဏ်ပြုရင်း ဖိလစ်ပိုင်ဖွား အမေရိကန်နိုင်ငံသား ဗီရာက ထိုးသတ်ဖို့ ကမ်းလှမ်းခဲ့မှုကို အောင်လက လက်ခံခဲ့တာ ဖြစ်ပါတယ်။