အီတလီနိုင်ငံရောမမြို့မှ တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တဲ့ အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ အမျိုးသမီး ချန်ပီယံဆုကို ချက်တင်းနစ်မယ် ကာရိုလီနာလစ်ကိုဗာ ရသွားပါတယ်။ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်(၇)ဖြစ်တဲ့ လစ်ကိုဗာက ဂျိုဟန်နာကွန်တာကို (၆း၃၊၆း၎)နဲ့ (၁)နာရီ(၂၅)မိနစ်ကြာ ကစားပြီး အနိုင်ရပါတယ်။
ဂျိုကိုဗစ်ကို အနိုင်ယူပြီး အီတလီ အိုးပင်းမှာ ၉ ကြိမ်မြောက် နဒါးလ် ဗိုလ်စွဲ
နာမည်ကျော် တင်းနစ် စူပါးစတား နှစ်ဦး ယှဉ်ပြိုင်တဲ့ အီတလီ အိုးပင်း ATP Tour Masters 1000 ပြိုင်ပွဲမှာ မြေစေးဘုရင် နဒါးလ်က လက်ရှိ နံပါတ် ၁ တင်းနစ်သမား နိုဗတ် ဂျိုကိုဗစ်ကို အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီဖက် နောက်ပိုင်းနှစ်တွေ ထိပ်တိုက်ဆုံတွေ့မှုမှာ ဂျိုကိုဗစ်က အမြဲလိုလို အသာရခဲ့ပေမယ့် မြေစေးကွင်းမှာတော့ နဒါးလ်က အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကမှ မက်ဒရစ် အိုးပင်းမှာ ချန်ပီယံဖြစ်ထားတဲ့ ဂျိုကိုဗစ်ဟာ အီတလီ အိုးပင်းမှာတော့ နဒါးလ်ကို မယှဉ်နိုင်ဘဲ ရှုံးခဲ့တာပါ။
ကာတာလန်အစိုးရအဖွဲ့က ပေးအပ်တဲ့ ဂုဏ်ပြုဆုကို ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ရရှိ
ဘာစီလိုနာအသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ကာတာလန်အစိုးရအဖွဲ့က ပေးအပ်တဲ့ ဂုဏ်ပြုဆုကို ကြာသပတေးနေ့က လက်ခံရယူခဲ့ပါတယ်။ မက်ဆီအနေနဲ့ အံအားသင့်ဖွယ်ရာ ကစားသမားဘ၀ကို ဖြတ်သန်းနိုင်ခဲ့သလို ကာတာလန်အခြေစိုက် ဘာစီလိုနာအသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့အတွက် စိန့်ဂျော့ခရော့စ်ဆုကို ပေးအပ်တာဖြစ်တယ်လို့ အခမ်းအနားမှူးက ပြောခဲ့ပါတယ်။ မက်ဆီဖောင်းဒေးရှင်းဟာ ကာတာလန်ဒေသအတွင်းမှာရှိတဲ့ ဆေးရုံအချို့မှာ လိုအပ်တဲ့ကူညီမှုတွေ ပြုလုပ်ပေးခဲ့သလို ဘာစီလိုနာမှာ ကလေးသူငယ် ကင်ဆာရောဂါကုသရေးစင်တာကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ စိန့်ဂျော့ခရော့စ်ဆုကို (၁၉၈၁)ခုနှစ်ကတည်းက ပေးအပ်လာခဲ့တာဖြစ်ပြီး ကာတာလန်ဒေသအတွက် ထူးချွန်စွာ စွမ်းဆောင် ပေးနိုင်ခဲ့သူတွေကို ရွေးချယ်ပြီးပေးအပ်တဲ့ ဆုတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်း ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရဖွယ်ရှိ
မန်ယူအသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နှစ်ဆုကို လုခ်ရှော ရရှိ
မန်ယူနောက်ခံလူ လုခ်ရှောမှာ အသင်းမှရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနှင့် ပရိသတ်များမှာ မဲပေးရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆာမက်ဘတ်စ်ဘီဆုကို ရရှိသွားခဲ့သည်။ လုခ်ရှောမှာ ယခုနှစ်ရာသီတွင် အကောင်းဆုံးခြေစွမ်းပြနိုင်သည့် နောက်တန်းကစားသမား တစ်ဦးဖြစ်ပြီး တစ်လတာအကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ် ရရှိခဲ့သည်။ အသင်းပရိသတ်များမှ မဲပေး ရွေးချယ်သည့် ဆာမက်ဘတ်စ်ဘီဆုမှာ ၄င်းအတွက် ပထမဆုံး ရရှိခြင်းဖြစ်သည်။ လုခ်ရှောမှာ ဆာမက်ဘတ်စ်ဘီ ဆုအတွက် လင်ဒီလော့ဖ်နှင့် အပြိုင်ဖြစ်ခဲ့ပြီး လင်ဒီလော့ဖ်ကို တစ်မဲအသာနှင့် ရရှိခဲ့ခြင်းဖြစ်သည်။ အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ကွင်းလယ်လူ ပေါ့ဘာမှာ တတိယမဲအများဆုံး ရရှိသူဖြစ်ခဲ့သည်။
ပထမဆုံးကြိမ်အဖြစ် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို အင်္ဂလိပ် ၄ သင်း တက်ရောက်
ကလော့ပ်ကို အကြီးအကျယ်ချီးကျူးသွားခဲ့တဲ့ မော်ရင်ဟို
ပထမအကျော့မှာ (၃-၀)နဲ့ အရေးနိမ့်ခဲ့ပေမယ့် ကလော့ပ်က ဒုတိယအကျော့မှာ အံ့အားသင့်ဖွယ်နိုင်ပွဲ ရရှိအောင် အသင်းကို တည်ဆောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၂)နှစ်ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။
အန်ဖီးလ်မှာ ဘာစီလိုနာကို (၄)ဂိုးပြတ်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ ယူနိုက်တက်နဲ့ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုရဲ့ အကြီးအကျယ်ဂုဏ်ပြုချီးမွမ်းခြင်းကို ခံခဲ့ရပါတယ်။ ပထမအကျော့မှာ (၃-၀)နဲ့ အရေးနိမ့်ခဲ့ပေမယ့် ကလော့ပ်က ဒုတိယအကျော့မှာ အံ့အားသင့်ဖွယ်နိုင်ပွဲ ရရှိအောင် အသင်းကို တည်ဆောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၂)နှစ်ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ဧပြီလ၏ အကောင်းဆုံးကစားသမားဆုကို ဗာဒီ ဆွတ်ခူး
လက်စတာတိုက်စစ်မှူး ဗာဒီ သည် ဧပြီလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူး ရရှိခဲ့သည်။ ဗာဒီ သည် လက်စတာအား ရော်ဂျာရောက်ရှိလာပြီးနောက် ခြေစွမ်းပြနိုင်ခဲ့ပြီး ဧပြီလအတွင်း ကစားခဲ့သည့် ပွဲစဉ်များတွင် ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။ အဆိုပါ သွင်းဂိုးများကြောင့် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်စာရင်းတွင် ၁၈ ဂိုးဖြင့် ထိပ်ပိုင်းသို့ ရောက်ရှိလာခဲ့သူလည်း ဖြစ်သည်။ ဗာဒီ သည် ဧပြီလအတွက် အကောင်းဆုံးဆုကို ဟာဇက်၊ ဟန်ဒါဆင်၊ လာပေါ်တီ၊ ရှိန်းလောင်း၊ အန်ဇိုရက်ဇ်၊ ဆာလက်နှင့် ခရစ္စ၀ုဒ်တို့ကို ကျော်ဖြတ်ခဲ့ရသည်။ ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းဆုကိုတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ရရှိခဲ့သည်။
အာဆင်နယ်ပရိသတ်တွေကို ကွင်းလယ်လူ ရမ်ဆေး မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့
ကမ္ဘာ့ဈေးအကြီးဆုံး Bugatti La Voiture Noire စူပါကားကို ဝယ်ယူလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို