အာဆင်နယ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်က မြန်မာနိုင်ငံတွင် လာရောက်၍ ခွဲစိတ် ကုသမှုများ ပြုလုပ်ပေးခဲ့သည့် BigShoe ပရဟိတအဖွဲ့အား ကျေးဇူးတင်ရှိကြောင်း ၎င်း၏ လူမှုစာမျက်နှာ တွင် ရေးသားဖော်ပြခဲ့သည်။
ဂျာမနီကစားသမား အိုဇေးလ်သည် ကမ္ဘတစ်ဝန်း၌ ကလေးငယ်များအား ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးနေသည့် BigShoe ပရဟိတအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုပါအဖွဲ့အား ငွေကြေးထောက်ပံ့ကူညီမှုများ ပြုလုပ် ပေးနေသူဖြစ်သည်။