မန်ဒီကို ခေါ်ယူနိုင်ပြီလို့ ရီးရဲလ် အတည်ပြု

ရီးရဲလ်အသင်းဟာ လိုင်ယွန်ဘယ်နောက်ခံလူ မန်ဒီကို ခေါ်ယူနိုင်ပြီလို့ ဗုဒ္ဓဟူးနေ့က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ မန်ဒီဟာ အခုနွေရာသီမှာ ရီးရဲလ်ကိုရောက်ရှိလာခဲ့တဲ့ (၅)ယောက်မြောက် ကစား သမားလည်းဖြစ်ခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်မန်ဒီဟာ ရီးရဲလ်နဲ့(၆)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဇွန်လ(၁၉)ရက်၊ ဘာနေဗျူးမှာ ရီးရဲလ်ကစားသမားအဖြစ် မိတ်ဆက်ပွဲကျင်းပသွားမှာပါ။ ရီးရဲလ်ဟာ မန်ဒီကို ပေါင်(၄၉)သန်းနဲ့ ခေါ်ယူခဲ့ပြီး အခုနွေရာသီမှာ ကစားသမား(၅)ဦးခေါ်ယူမှုအတွက် ပေါင်(၃၄၄)သန်း အသုံးပြုထားပြီးဖြစ်ပါတယ်။

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအားကစားသမားစာရင်းမှာ ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ မက်ဆီ

ကမ္ဘာကျော် Forbes မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအားကစားသမားစာရင်းမှာ ၂၀၁၉ ခုနှစ်အတွက် ၀င်ငွေအများဆုံးကစားသမားအဖြစ် လီယွန်နယ်မက်ဆီက ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။ ထိပ်ဆုံး (၃)ဦးစာရင်းမှာ ဘောလုံးကစားသမား (၃)ဦးဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒို နဲ့ နေမာတို့က ရပ်တည်နိုင်ခဲ့ပြီး လွှမ်းမိုးနိုင်ခဲ့ပါတယ်။ မတူညီတဲ့ အားကစားနည်း (၁၀)မျိုးက ကစားသမားတွေရဲ့ တစ်နှစ်တာ ၀င်ငွေစုစုပေါင်းကို ဖော်ပြခဲ့တာဖြစ်ပြီး မက်ဆီက ၀င်ငွေစုစုပေါင်း ဒေါ်လာ (၁၂၇)သန်းနဲ့ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လစာ၊ ဆုကြေးငွေ နဲ့ ကြော်ငြာစပွန်ဆာ စာချုပ်ဝင်ငွေတွေအားလုံးကို တွက်ချက်ထားတာဖြစ်ပြီး မက်ဆီက ထိပ်ဆုံးကနေ ပြတ်ပြတ်သားသား ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဟဲဗီးဝိတ် အကျော်အမော် ဝိုင်ဒါနှင့် တိုင်ဆန်ဖျူရီတို့ မကျေပွဲ ပြန်ထိုးမည်

ဟဲဗီးဝိတ် အကျော်အမော်တွေဖြစ်တဲ့ ဒီယွန်တေး ဝိုင်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ဟာ လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ ရှိနေပါတယ်။ ဝိုင်ဒါကတော့ လာမယ့် စက်တာဘာလ လောက်မှာ အောတစ်ဇ်နဲ့ ထိုးသတ်သွားဖို့ရှိနေပြီး လေ့စ်အိန်ဂျလိစ်၊ နယူးယောက် သို့မဟုတ် လတ်စ်ဗီးဂတ်စ်မှာ ထိုးသတ်သွားဖို့ ရှိနေပါတယ်။

ရာဖေးလ်နာဒယ် ပြင်သစ်အိုးပင်း ဖလား (၁၂) ကြိမ်မြောက် ဆွတ်ခူး

ပြင်သစ်အိုးပင်းဗိုလ်လုပွဲ တွင် စပိန်မှရာဖေးလ်နာဒယ်က ဒေါမနစ်သိမ်ကို  ၆-၃၊ ၅-၇၊ ၆-၁၊ ၆-၁ ဖြင့် အနိုင်ရပြီး  (၁၈) ကြိမ်မြောက်ဂရင်း ဆလမ်ဆု ဖလားနှင့် (၁၂) ကြိမ်မြောက် ပြင်သစ်အိုးပင်းဆုဖလား ရရှိခဲ့သည်။

ပေါ်တူဂီက နယ်သာလန်ကို အနိုင်ယူပြီး နေးရှင်းလိဂ်ဖလား ဆွတ်ခူး

နေးရှင်းလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပေါ်တူဂီနဲ့ နယ်သာလန်တို့ မနေ့ကယှဉ်ပြိုင်ရာ ပေါ်တူဂီက တလုံးတည်းသော ဂိုးနဲ့ အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသွားပါတယ်။ အိမ်ရှင် ပေါ်တူဂီအသင်းမှာ တိုက်စစ်မှူး ရော်နယ်ဒို၊ ဘာနာဒိုဆေးလ်ဗား၊ ကာဗယ်လ်ဟို၊ ဒန်နီလို၊ ဂူဒက်စ် စတဲ့ အဓိက ကစားသမားတွေ ပါဝင်ခဲ့သလို နယ်သာလန်အသင်းမှာလည်း ဘာဘယ်လ်၊ ဒီပေး၊ ဝစ်ခ်ျနယ်လ်ဒန်၊ ဒီဂျောင်၊ ဘလိုင်း၊ ဗန်ဒိုက်၊ ဒီလစ် စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာပါ။

သြစတြေးလျနိုင်ငံသူ ဘာတီ ပြင်သစ်အမျိုးသမီးအိုးပင်း ပထမအကြိမ်ဆွတ်ခူး

ပြင်သစ်အမျိုးသမီးအိုးပင်း ဗိုလ်လုပွဲတွင် သြစတြေးလျနိုင်ငံ သူ အက်ရှ်လေဘာတီ (၂၃) နှစ် က ချက်နိုင်ငံမှ ဆယ်ကျော်သက် မာကီတာဗွန်ဒရောဆိုဗာကို အ နိုင်ရကာ ပထမဆုံးဂရင်းဆလမ် ဆုဖလား ဆွတ်ခူးခဲ့သည်။
ပါရီမြေစေးကွင်းတွင် နိုင် ခြေအဆင့် (၈)ရှိသူ ဘာတီက အသက် (၁၉) နှစ်အရွယ် မာကီ တာကို ၆-၁၊ ၆-၃ ဖြင့် အနိုင်ရရှိသည်။ ဘာတီသည် ပရော်ဖက်ရှင် နယ် ခရစ်ကတ်ကစားရန် ၂၀၁၄ က တင်းနစ်လောကမှ နုတ်ထွက် ခဲ့ပြီး ၁၇ လအကြာတွင် တင်းနစ် လောကသို့ ပြန်လည်ဝင်ရောက် ခဲ့သည်။

နိုင်ငံတကာအားကစားသတင်းတိုများ

■ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဖရန့်ဖတ်တိုက်စစ်မှူး ယိုဗစ်ကို ပေါင် သန်း ၆၀ နှင့် အပြီးသတ်ခေါ်ယူလိုက်သည်။
■ နူးကမ့်တွင် လီဗာပူးအသင်းဘက်သို့ သွင်းယူခဲ့သည့် မက်ဆီ၏ ဖရီးကစ်သွင်းဂိုးမှာ ပရိသတ်များရွေးချယ်သည့် 2018-19 ချန်ပီယံလိဂ်အကောင်းဆုံးသွင်းဂိုးအဖြစ် ရွေးချယ်ခံခဲ့ရသည်။

■ စပိန်ဖော်မြူလာဝမ်းဂရင်းပရီပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် မာစီဒီးအသင်းသား လူးဝစ္စ်ဟာမီလ်တန်က အဆိုပါနိုင်ပွဲမှာ ပြီးခဲ့သည့်စနေနေ့က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် အသက် 5 နှစ်အရွယ် ဟယ်ရီရှော အတွက် ရည်စူးလိုက်ကြောင်းပြောကြားသွားခဲ့သည်။

အမေရိကန်အမျိုးသမီးအိုးပင်း ဂေါက်ရိုက်ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသူ လီ (၆) ဗိုလ်စွဲ

ဇွန်လ ၂ ရက်က ကျင်းပပြီးစီးခဲ့သော (၇၄) ကြိမ်မြောက် အမေရိကန်အမျိုးသမီးအိုးပင်း ဂေါက်ရိုက်ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသူ လီ (၆)ဂျွန်ဂီအန်က သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်လျှော့ရိုက်ကာ  အနိုင်ရ ဗိုလ်စွဲခဲ့သည်။ အသက် (၂၃) နှစ်အရွယ် လီ (၆) သည် ၁၉၉၈ က ပက်ခ်ဆီရီ အနိုင်ရဗိုလ်စွဲပြီးနောက်ပိုင်း အမေရိကန် အမျိုးသမီး အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံဖြစ်သော ၁၀ ဦး မြောက်တောင်ကိုရီးယားအမျိုးသမီးဖြစ်လာပြီး ဆုကြေးငွေ ကန် ဒေါ်လာ တစ်သန်းရရှိသော ပထမဆုံးဂေါက်သီးမယ် ဖြစ်လာသည်။ 

ဥရောပချန်ပီယံ လီဗာပူးအသင်း မြို့တွင်းလှည့်လည်အောင်ပွဲခံ

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တနိုင်ငံတည်းက ပြိုင်ဘက် စပါးအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရပြီး ၁၄ နှစ်ကြာ ဝေးကွာနေတဲ့ ဥရောပချန်ပီယံဘွဲ့ကို ရရှိခဲ့တဲ့ လီဗာပူးအသင်းဟာ နိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ မြို့တွင်း လှည့်လည် အောင်ပွဲခံခဲ့ပါတယ်။ ဥရောပရဲ့ချန်ပီယံများလို့ စာတမ်းပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်ပြီး မြို့တွင်းလှည့်လည် အောင်ပွဲခံခဲ့တဲ့ အသင်းသားတွေကို လီဗာပူးအသင်း ပရိသတ်တွေနဲ့အတူ တခြားအသင်း ပရိသတ်တွေကပါ ထောင်သောင်းချီ လမ်းမဘေးကနေရပ်ကာ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။