
ဘရာဇီးတိုက်စစ်မှူး နေမာ က ပီအက်စ်ဂျီအသင်း ဥက္ကဌ အယ်လ် ခီလိုင်ဖီကို စိတ်ခုနေပြီး အသင်းကနေ ထွက်ခွာဖွယ်ရှိကြောင်း ပြင်သစ် က သတင်းတွေက ဖော်ပြကြပါတယ်။ ဇူလိုင် ၁ ရက်မှာ သူ့ရဲ့ ပီအက်စ်ဂျီ စာချုပ်က ၂၀၂၇ ခုနှစ် အထိ အလိုအလျောက် သက်တမ်း တိုးသွားမှာ ဖြစ်ပေမယ့် ၂၀၁၇ တုန်းက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ယူရို ၂၂၂ သန်းနဲ့ပြောင်းရွှေ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမားဖြစ်ခဲ့တဲ့ နေမာ က အသင်းပြောင်းဖို့ မျှော်မှန်းနေတယ်လို့ ဆိုပါတယ်။









