ဘာစီလိုနာအတွက် ဂရစ်ဇ်မန်း ကစားပေးခြင်းအား တားမြစ်ထားရန် တောင်းဆို

အက်သလက်တီကိုအသင်းသည် ဘာစီလိုနာ အတွက် ဂရစ်ဇ်မန်းကစားပေးခြင်းအား အပြောင်း အရွှေ့အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းများ အဆုံးသတ်ချိန်အထိ တားမြစ်ပေးရန် တောင်းဆိုခဲ့ သည်။ ဘာစီလိုနာက ဂရစ်ဇ်မန်းအား ပေါင် ၇၂ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ကြောင့် အတည်ပြုထားသော်လည်း အက်သလက်တီကိုအသင်း တာဝန်ရှိသူများက ဘာစီလိုနာသည် ဂရစ်ဇ်မန်းအား တရားမဝင်နည်းလမ်းများကို အသုံးပြုကာ ခေါ်ယူခဲ့ခြင်းဖြစ်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် စပိန်ဘောလုံးအဖွဲ့ချုပ်အား တိုင်ကြားထားသည်။

တိုက်စစ်ပစ်မှတ်ကို ဈေးမဆစ်ဘဲ ခေါ်ယူပေးဖို့ အသင်းကို ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး ဒီဘာလာအတွက် ဂျူဗင်တပ် အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏအတိုင်း ပေးချေပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Metro ရဲ့ သတင်းအရ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယခုနွေရာသီမှာ နောက်တန်း ကို အဓိကအင်အား ဖြည့်တင်း လိုနေတာဖြစ်ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းက ဝမ်ဘစ်စ်ကာကို ခေါ်ယူခဲ့ပြီး ဖြစ်သလို လက်စတာစီးတီး ကြယ်ပွင့် မက်ဂွိုင်းယားကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

(၁၀)နှစ်အကြာက လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုမှာ ရော်နယ်ဒို အပြစ်မရှိကြောင်းဆုံးဖြတ်

ဘောလုံးကြယ်ပွင့်တစ်ဦးဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုဟာ လွန်ခဲ့တဲ့(၁၀)နှစ်အကြာက လိင်ပိုင်းဆိုင်ရာ စွပ်စွဲခံရမှုမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အီတလီစီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်၊ ဇွန်လ(၁၃)ရက်က အမေရိကန်ပြည်ထောင်စု၊ လတ်စ်ဗီးဂတ်စ် မြို့မှာ ကက်သရင်းမာယော်ဂါဆိုသူ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ ဟော်တယ်တစ်ခုမှာ အလိုမတူပဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး ၂၀၁၀ ခုနှစ်မှာတော့ ရော်နယ်ဒိုနဲ့ အမျိုးသမီးတို့ကျေအေးမှု ရသွားခဲ့ပါတယ်။

မန်ယူအသင်းခေါင်းဆောင်ရာထူး လိုချင်နေတဲ့ ဂိုးသမား ဒီဂီယာ

လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်ရာထူး ရယူသွားချင်တယ်လို့ မန်ယူဂိုးသမား ဒီဂီယာက ပြောလိုက်ပါတယ်။

ဒီဂီယာဟာ အသင်းနဲ့ ၆ နှစ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ရာသီကြိုခရီးစဉ်ကနေ မန်ချက်စတာကို ပြန်ရောက်ရှိတဲ့အချိန်မှာ တရားဝင်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဒီဂီယာဟာ ၂၀၂၅ ခုနှစ်အထိ အသင်းနဲ့ သက်တမ်းတိုးခဲ့ပြီး တပတ်လုပ်ခ ပေါင် ၃ သိန်း ၇ သောင်းဝန်းကျင် ရရှိမှာပြီး ကမ္ဘာ့လစာအကောင်းဆုံး ဂိုးသမားဖြစ်လာမည်ဟုလည်း AS သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

တစ်လကို မြန်မာငွေသိန်း(၉)သောင်း ကျော်နဲ့ ဘေးလ်ကို ကမ်းလှမ်းခဲ့တဲ့ တရုတ်ကလပ်

ဂါရတ်ဘေးလ်အနေနဲ့ တရုတ်စူပါလိဂ်ကလပ်ကိုသာ ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် တစ်နှစ်အတွက်လုပ်ခလစာ ပေါင် (၆၂)သန်းကျော်အထိ ခံစားခွင့်ရမှာဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာမှာလည်း ဖြစ်ပါတယ်။

စီးပွားရေးခက်ခဲပြီး ရာသီဥတု အေးနေချိန်မှာ မက်ဆီရဲ့ စားသောက်ဆိုင်က အိမ်ရာမဲ့တွေကို အစားအသောက် ကျွေး၊ ခိုလှုံစရာပေး

အာဂျင်တီးနားနိုင်ငံမှာ မက်ဆီ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်က အိမ်ရာမဲ့တွေအတွက် အစား၊ အသောက်တွေ ကျွေးမွေးနေပါတယ်။ လက်ရှိအချိန်ဟာ အာဂျင်တီးနားနိုင်ငံမှာ စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေပြီး ရာသီဥတုကလည်း အေးခဲနေပါတယ်။ အဲဒီလို အနေအထားမှာ မက်ဆီက သူ့ရဲ့စားသောက်ဆိုင် ဝန်ထမ်းတွေဆီ ဖုန်းဆက်ပြီး လမ်းပေါ်မှာ အိပ်နေရသူတွေကို စားသောက်ဆိုင်မှာ ခိုလှုံခွင့်ပေးဖို့၊ အစား၊ အသောက်ကျွေးဖို့ မှာကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကစပြီး ရိုဆာရီယိုမြို့က VIP စားသောက်ဆိုင်မှာ ငွေကြေးချို့တဲ့ နွမ်းပါးသူတွေကို ပူပူနွေးနွေး စားစရာတွေ ကျွေးမွေးခဲ့တာပါ။ လာမယ့် (၂) ပတ်ကျော်ကာလအထိ အိမ်ရာမဲ့တွေကို အစား၊ အသောက်ကျွေးမွေးသွားမယ်လို့ ဆိုပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလား ကန်အသင်း စတုတ္တအကြိမ်မြောက်ဗိုလ်စွဲ

၂၀၁၉ FIFA အမျိုးသမီးကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံ လီယွန်မြို့မှာ တနင်္ဂနွေနေ့က ကစားကြတာမှာ အမေရိကန်အသင်းက နယ်သာလန်အသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး ချန်ပီယံဖြစ်သွားတာပါ။