
၂၀၂၂ LPGA Tour ဂေါ့ဖ်ပြိုင်ပွဲရာသီအတွက် တတိယမြောက် မေဂျာပြိုင်ပွဲဖြစ်သည့် အမျိုးသမီးပီဂျီအေ ချန်ပီယံရှစ်(KPMG Women’s PGA Championship) ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသူ အင်ဂီးချွန် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘဝတစ်လျှောက် တတိယမြောက် မေဂျာချန်ပီယံအောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။ ၆၇ ကြိမ်မြောက် အမျိုးသမီးပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘီသက်စ်ဒါမြို့ Congressional Country Club ဂေါ့ဖ်ကွင်း၌ ဇွန် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။









