
ဇန်န၀ါရီ ၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထရမ့် တာဝါအဆောက်အဦး အပေါ်ဆုံးမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၈ ရက် အစောပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိသွားခဲ့ကာ တစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ နယူးယော့ခ် မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထရမ့် တာဝါအဆောက်အဦး အပေါ်ဆုံးမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၈ ရက် အစောပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိသွားခဲ့ကာ တစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ နယူးယော့ခ် မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

ဆိုးလ်၊ ဇန်န၀ါရီ ၉
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် ၂နှစ်ကျော်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် နှစ်နိုင်ငံအစည်းအဝေးပွဲကို အင်္ဂါနေ့တွင် စတင်ကျင်းပလျက်ရှိပြီး လာမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ မြောက်ကိုရီးယား အားကစားသမားများ ပါဝင်ဆင်နွှဲနိုင်ရေးကို အဓိကထား၍ ဆွေးနွေးမည်ဖြစ်သလို ဒေသတွင်း တင်းမာမှုများ လျှော့ချရေးကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားမှ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန က ပြောဆိုခဲ့သည်။

အမေရိကန်မှာ ဆက်နေခွင့် မရတော့ရင် သိန်းနဲ့ချီတဲ့သူတွေ နေရပ်ပြန်ရတော့မယ်
အမေရိကန် အစိုးရ က အယ်ဆာဗေးဒိုး နိုင်ငံ မှ လူပေါင်း နှစ်သိန်းခန့် ကို ယာယီ အကာအကွယ်ပေးပြီး အမေရိကန် မှာ နေထိုင်ခွင့် ပြုထားခြင်း ကို လာမဲ့နှစ် ၂၀၁၉ ခု စက်တင်ဘာလ နောက်ဆုံးထားပြီး ရုပ်သိမ်းမဲ့ အကြောင်း အသိပေးကြေညာ လိုက်ပါပြီ။

ကိုယ်တိုင်ရေးသားခဲ့သော အိတ်ဖွင့်ပေးစာတစ်စောင်အရ လစာပေးချေရာတွင် အမျိုးသား လုပ်ဖော်ကိုင်ဖက်များ နှင့် တန်းတူမရရှိမှုကြောင့် တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီအယ်ဒီတာ ကာရေးဂရေစီသည် ရာထူးမှ နုတ်ထွက်ခဲ့ သည်ဟု ဆိုသည်။
အမျိုးသားဝန်ထမ်းများကို လစာငွေပိုပေးမှုကြောင့် ဘီဘီစီ သည် လတ်တလောအတွင်း ဝေဖန်ခံနေရပြီး ၂၀၂၀ ပြည့်နှစ် မတိုင်မီ ကျား၊ မ ကွာဟချက် ပပျောက်အောင် ဆောင်ရွက်မည် ဟု ကတိပြုထားသည်။

လက်ရှိအုပ်ချုပ်နေသည့် မင်းသား မိုဟာမက်ဒ်ဘင်ဆာမန်း။ (ဓာတ်ပုံ – ရိုက်တာ)
ဆော်ဒီအာရေးဗျနိုင်ငံမှာ တော်ဝင်မိသားစုတွေသုံးစွဲတဲ့ ရေဖိုး မီးဖိုး ကိုယ်တိုင်ကျခံရမယ်ဆိုတဲ့ ခြိုးခြံခြွေတာရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ မင်းသား ၁၁ ဦးကို ဆော်ဒီအာဏာပိုင်တွေ က ဖမ်းဆီးလိုက်ပါတယ်။

ရှန်ဟိုင်း ကမ်းလွန်တွင် သင်္ဘောချင်း တိုက်မိရာမှ ပျောက်ဆုံးနေသည့် ဆီတင် သင်္ဘော အမှုထမ်း ၃၂ ဦးကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်နေဆဲဟု သိရသည်။
ဇန်နဝါရီ ၇ ရက်က အီရန်မှ ရေနံများ တင်ဆောင်လာသော သင်္ဘောသည် အရှေ့တရုတ် ပင်လယ် ရေပြင်တွင် တရုတ်အလံ လွှင့်ထူထားသော သင်္ဘောတစ်စီးနှင့် တိုက်မိမှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ရေနံတင် သင်္ဘောပေါ်မှ အမှုထမ်း ၃၂ ဦး ပျောက်ဆုံးလျက် ရှိသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့် ဆွေးနွေးသွား ချင်သလို လာမည့် ဖေဖေါ်ဝါရီလတွင် တောင်ကိုရီးယား၌ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်အတွက်လည်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ တွေ့ဆုံဆွေးနွေးမှု ကောင်းမွန်စွာဖြစ်ပေါ်လာဖို့ မျှော်လင့်ကြောင်း စနေနေ့က ပြောဆိုခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းဒေသတွင် အစိုးရ တပ်ဖွဲ့နှင့် လက်နက်ကိုင် တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွားနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)
မနီလာ ၊ ဇန်နဝါရီ ၈ ရက်

လိုက်နာဖို့ ပျက်ကွက်ရင် ထောင်ချ ခံရမယ်
အစ္စရေးနိုင်ငံမှာ နေထိုင်နေကြတဲ့ အာဖရိကနွယ်ဖွား အယောက် ၄ သောင်း နီးပါးကို လာမယ့် ရက် ၉ဝ အတွင်း တိုင်းပြည်က ထွက်ခွာ သွားဖို့ အစ္စရေး အာဏာပိုင်တွေ အမိန့် ထုတ်ပြန် လာပါတယ်။
လိုက်နာဖို့ ပျက်ကွက်ရင် ထောင်ချ ခံရမယ်လို့လည်း ဆိုပါတယ်။

မိမိ၏ နျူကလီးယားလက်နက် စက်ခလုတ်မှာ ကင်မ်ဂျုံအန်း ပိုင်ဆိုင်ထားသည့် ခလုတ်ထက် ပိုကြီးကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လှောင်ပြောင်လိုက်သည်။
နှစ်သစ်ကူး မိန့်ခွန်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က အမေရိကန်ကို ရည်ရွယ်ကာ နျူကလီးယား ဒုံးကျည်များ ပစ်ခတ်နိုင်သော ခလုတ်သည် မိမိ၏ အလုပ်စားပွဲတွင် အချိန်တိုင်း ရှိနေကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။ ယင်းစကားနှင့် ပတ်သက်၍ ထရမ့်က Twitterမှတဆင့် တုံ့ပြန် လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။