
ဂျိုဟန်နစ္စဘတ်၊ ဖေဖော်ဝါရီ ၁၅
တောင်အာဖရိက သမ္မတ ဇူးမားက ၎င်း၏ အာဖရိကအမျိုးသားပါတီ၏ အမိန့်အရ သမ္မတရာထူးက နုတ်ထွက်သည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာသည်။ အာဖရိကအမျိုးသားပါတီ ANC အနေဖြင့် ၁၉၉၄ ခုနှစ်ကတည်းက တိုင်းပြည်အား အုပ်ချုပ်လာခဲ့သည့် ပါတီကြီးဖြစ်သည်။

ဂျိုဟန်နစ္စဘတ်၊ ဖေဖော်ဝါရီ ၁၅
တောင်အာဖရိက သမ္မတ ဇူးမားက ၎င်း၏ အာဖရိကအမျိုးသားပါတီ၏ အမိန့်အရ သမ္မတရာထူးက နုတ်ထွက်သည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာသည်။ အာဖရိကအမျိုးသားပါတီ ANC အနေဖြင့် ၁၉၉၄ ခုနှစ်ကတည်းက တိုင်းပြည်အား အုပ်ချုပ်လာခဲ့သည့် ပါတီကြီးဖြစ်သည်။

ဖေဖော်ဝါရီ ၁၄
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား လာဘ်ပေး လာဘ်ယူမှုနဲ့ စွဲချက်တင်သွားဖို့အတွက် အစ္စရေးရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်မှာ အကြံပြုထောက်ခံသွားခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုပါ ထောက်ခံအကြံပြုမှုကြောင့် ယင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကို လှုပ်ခါသွားစေခဲ့ သလို ကာလကြာ ရာထူးဆုပ်ကိုင်ထားတဲ့ ၀န်ကြီးချုပ် နေတန်ယာဟုရဲ့ သက်တမ်းဟာလည်း မကြာမီ ဆုံးခန်းတိုင်သွားဖို့ နီးလာပြီလား ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ လွတ်လပ်စွာကုန်သွယ်မှုကို ပြန်ပြင်မှာဖြစ်ပြီး တရုတ်ကို စီးပွားရေးအရ အရေးယူမယ်လို့ အမေရိကန်သမ္မတ ထရမ့်က အာရှက အဓိကကုန်သွယ်ဖက် နှစ်နိုင်ငံကို ခြိမ်းခြောက်လိုက်ပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန် သံမဏိနဲ့ အလူမီနီယံလုပ်ငန်းတွေ ပျက်စီးအောင်လုပ်နေတယ်လို့ စွပ်စွဲရင်း အခွန်အကောက်နဲ့ တင်ပို့တဲ့ ခွဲတမ်းအပါအ၀င် ရွေးချယ်စရာမှန်သမျှကို ပြန်သုံးသပ်မယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့အပေါ် အထူးတလည် ဧည့်ဝတ် ကျေပြွန်ခဲ့သည့် တောင်ကိုရီးယား၏ အပြုအမူအတွက် အထင်ကြီး ကျေးဇူးတင်မိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ချီးကျူးခဲ့သည်။
ညီမဖြစ်သူ ကင်မ်ယိုဂျောင် ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဖြောင်ချန်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် တောင်ကိုရီးယားသို့ သုံးရက်ကြာ သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားသို့ ပြန်လည် ရောက်ရှိချိန်တွင် ကင်မ်က ယခုလို မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိမြန်မာသံရုံးမြင်ကွင်း
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာရှိတဲ့ မြန်မာသံရုံးလုံခြုံရေး တိုးမြှင့်ကာကွယ်ချထားဖို့ အရေးပေါ်ရန်ပုံငွေကို ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံခြားရေး ၀န်ကြီးဌာနက တင်ပြတောင်းခံခဲ့ တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား၏ အကြီးကျယ်ဆုံး စစ်ရေးပြအခမ်းအနားကြီးကို ဖေဖော်ဝါရီ ၈ ရက်က ပြုံယမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယား စစ်တပ်ကို ယနေ့ခေတ် စနစ်သစ်ပုံစံဖြင့် စတင်ဖွဲ့စည်းမှု နှစ်ပေါင်း ၇၀ ပြည့်မြောက်သည့် နေ့တွင် အဆိုပါ စစ်ရေးပြ အခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် တက်ရောက်ခဲ့သည်။

ပြင်သစ်အစိုးရဟာ ၂၀၂၅ ခုနှစ် မတိုင်ခင်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ၃ ပုံ ၁ ပုံကျော် တိုးမြှင့်မယ့် စီမံကိန်းကို ဝန်ခံလိုက်ပါတယ်။
ကာကွယ်ရေးအသုံးစရိတ်ဟာ တိုင်းပြည်ရဲ့ ရသုံးမှန်းခြေ ငွေစာရင်းရဲ့ ၂ ရာခိုင်နှုန်း ရှိရမယ်ဆိုတဲ့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် အသုံးစရိတ်တိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ နှစ်ရှည် စစ်တပ်အသုံးစရိတ် စီမံကိန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ဝါရှင်တန်၊ ဖေဖေါ်ဝါရီ ၉
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကျူးဘား၊ ဗင်နီဇွဲလား၊ အီရန်နှင့် မြောက်ကိုရီးယားတို့သည် ဖိနှိပ်သော အစိုးရများဖြစ်သည်ဟု ကြာသာပတေးနေ့က နောက်တစ်ကြိမ်ထပ်မံ၍ ပြစ်တင်ဝေဖန်ခဲ့သလို သူ၏အစိုးရအဖွဲ့ သည် ဘာသာရေးယုံကြည်မှုကြောင့် ဖိနှိပ်ခံနေရသည့် ကမ္ဘာတစ်ဝန်းမှပြည်သူများဘက်မှ ရပ်တည်နေသည် ဟု ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ထိုစကားများကို ၀ါရှင်တန်၌ နှစ်စဉ်ကျင်းပနေကြဖြစ်သည့် ဘာသာရေးနှင့်နိုင်ငံရေး သဟဇာတဖြစ်ရေး အခမ်းအနား၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေ သုံးပြီး အမေရိကန်တာဝန်ရှိသူတွေကို ထောက်လှမ်းမှာကို စိုးရိမ်တယ်ဆိုပြီး Huawei Techonologies Co Ltd ဒါမှမဟုတ် ZTE Corp က ဆက်သွယ်ရေးပစ္စည်းကိရိယာတွေကို အမေရိကန်အစိုးရက ၀ယ်ယူတာ ဒါမှမဟုတ် ငှားရမ်းတာကို ပိတ်ဆို့မယ့် ဥပဒေကြမ်းတစောင်ကို Republican အထက်လွှတ်တော် အမတ်နှစ်ဦးက ဒီလ ၇ ရက်တွေက အဆိုပြုလိုက်ပါတယ်။

မော်လ်ဒိုက် နိုင်ငံ သမ္မတဟောင်း Maumoon Abdul Gayoom အား ဖေဖော်ဝါရီ ၆ ရက်နေ့၌ ဖမ်းဆီး သွားသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)
မာလီ ၊ ဖေဖော်ဝါရီ ၆ ရက်