သမ္မတ ရာထူးမှ မူဂါဘီ နုတ်ထွက်ပြီးနောက် ဇင်ဘာဘွေ ပြည်သူများ အောင်ပွဲခံ

သမ္မတ ရောဘတ်မူဂါဘီ နုတ်ထွက်ကြောင်း ကြေညာလိုက်သည့်နောက် ဇင်ဘာဘွေ တစ်နိုင်ငံလုံး သောင်းသောင်းဖြဖြ အောင်ပွဲခံနေခဲ့ကြောင်း သိရသည်။အသက် ၉၃ နှစ် ရှိပြီဖြစ်သော မူဂါဘီသည် နာမည် ဆိုးဖြင့် ကျော်ကြားသည့် အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဇင်ဘာဘွေကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့ သည်။ ၎င်းက မိမိ၏ နေရာကို ဘုရားသခင်မှလွဲ၍ ဖယ်ရှားနိုင်သူ မရှိဟု တစ်ချိန်က ကြွေးကြော်ခဲ့ဖူး သည်။

Wechat ကုမ္ပဏီက ဖေ့စ်ဘုတ်ကို ကျော်တက်

တရုတ်နိုင်ငံက အကြီးဆုံး လူမှုကွန်ရက်နဲ့ ဂိမ်းကုမ္ပဏီ တဲန်းဆန့် ဟိုးဒင်းစ်ရဲ့ တန်ဖိုးဟာ ဖေ့စ်ဘုတ်ကုမ္ပဏီ ထက် ကျော်လွန်သွားပြီဖြစ်ပါတယ်။ တနင်္လာနေ့က တဲန်းဆန့်ရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ ၅၂၂ ဘီလီယံ ရှိပြီး ဖေ့စ်ဘုတ်က ဈေးကွက်တန်ဖိုး ဒေါ်လာ ၅၁၉ ဘီလီယံ ရှိတာ ဖြစ်ပါတယ်။

မြောက်ကိုရီိးယားက အကြမ်းဖက်မှုထောက်ပံ့သူဟု ဒေါ်နယ်ထရမ့် ကြေညာမည်ဟု ဆို

ဝါရှင်တန်၊ နိုဝင်ဘာ ၂၁

 မြောက်ကိုရီိးယားနိုင်ငံအား အကြမ်းဖက်မှု ထောက်ပံ့သည့်နိုင်ငံအဖြစ် ကြေညာမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၀ ရက်က ပြောလိုက်သည်။

အကြမ်းဖက်ဝါဒ ထောက်ပံ့သော နိုင်ငံများအဖြစ် အီရန်၊ ဆီးရီးယားနှင့် ဆူဒန်တို့၏ စာရင်းတွင် အာရှနိုင်ငံ ဖြစ်သော မြောက်ကိုရီးယားကိုပါ ထည့်သွင်းသွားမည်ဖြစ်သည်။

အာဖဂန်ရှိ တာလီဘန် ဘိန်းချက် ဓာတ်ခွဲခန်းများကို အမေရိကန်လေတပ် ဗုံးကြဲဖျက်ဆီး

အာဖဂန်နစ္စတန်ရှိ ဘိန်းချက်လုပ်ရာ ဓာတ်ခွဲခန်းများကို အမေရိကန် လေတပ်က ဗုံးကြဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အာဖဂန် မြောက်ပိုင်းရှိ ဟယ်လ်မန်ဒေသတွင် လေတပ်၏ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ၊ တိုက်လေယာဉ်များကို အသုံးပြုကာ ဘိန်းချက်လုပ်သည့် စခန်းများနှင့် ဓာတ်ခွဲခန်းများကို ဖျက်ဆီးခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ အိုက်ဂါလူမျိုး ၂၀ ဦး ထွက်ပြေး လွတ်မြောက်

ထိုင်းနိုင်ငံတွင်း ထိန်းသိမ်းခံထားရသည့် ဝီဂါတိုင်းရင်းသားအချို့

တရုတ်နိုင်ငံမှ မွတ်စလင်အိုက်ဂါလူမျိုး ၂၀ ဦးသည် ထိုင်း-မလေးရှား နယ်စပ်အနီး ထိန်းသိမ်းရေးစင်တာ တစ်ခု၏ နံရံများကို အပေါက်များ တူးဖောက်ကာ စောင်များကို လှေကားများအဖြစ် အသုံးပြု၍ ထွက်ပြေးသွား ကြောင်း ထိုင်းအရာရှိများက နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။

စစ်အုပ်ချုပ်ရေးအောက် ထိုင်းစီးပွားရေးစံချိန်တင် အကောင်းဆုံးဖွံ့ဖြိုး

၂၀၁၄ မေလအတွင်း အရပ်သားအစိုးရကိုဖြုတ်ချကာ တက်လာသည့် စစ်အစိုးရအနေဖြင့် နိုင်ငံ၏ စီးပွားရေးကို နာလံထူဦးမော့စေမည်ဟု ကတိပြုထားသည် –

 ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအောက် သုံးနှစ်တာကာလအတွင်း စီးပွားရေးအလျင်မြန်အဖွံ့ဖြိုးဆုံး သုံးလတာ စံချိန်တင် ဖွံ့ဖြိုးကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဖိလစ်ပိုင်က အာဆီယံ ဥက္ကဌတာဝန်အား စင်ကာပူသို့ လွှဲအပ်

 ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၇ ခုနှစ်အတွက် အာဆီယံဥက္ကဌရာထူးအား အပြီးသတ်ပြီး နိုဝင်ဘာ ၁၄ ရက် ညနေတွင် စင်ကာပူသို့ တာဝန်လွှဲပြောင်းပေးအပ်သည်။

အာဆီယံခေါင်းဆောင်များ ရှေ့မှောက်တွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အာဆီယံသင်္ကေတ အသေးစား တူအား စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းထံ ၂၀၁၈ အာဆီယံဥက္ကဌ ကိုယ်စားပြုမှုအဖြစ် ပေးအပ်သည်။

အာဆီယံဥက္ကဌရာထူးတာဝန်သည် အဖွဲ့ဝင် ဆယ်နိုင်ငံကြား နှစ်စဉ်အလှည့်ကျ ထမ်းဆောင်ကြခြင်းဖြစ်သည်။

သမ္မတ ထရမ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ မတက်ဘဲ ဖိလစ်ပိုင်မှ ထွက်ခွာ

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မပါဘဲ ကျင်းပခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆွေးနွေးပွဲအစီအစဉ် ကြန့်ကြာနေတာကြောင့် ဆွေးနွေးပွဲမတက်ရောက်ဘဲ ဖိလစ်ပိုင်နိုင်ငံကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။

အရှေ့တောင်အာရှ ၁၀ နိုင်ငံနဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေ ပါဝင်တဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာ ဆန်သာ တက်ရောက်ခဲ့တာပါ။

အစိုးရ ရုပ်မြင်သံကြား ဌာနကို ထိန်းချုပ်ထားသော်လည်း အာဏာသိမ်းရန် မဟုတ်ဟု ဇင်ဘာဘွေစစ်တပ် ထုတ်ပြန်

နိုဝင်ဘာ ၁၅

ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရီတွင် နိုဝင်ဘာ ၁၅ ရက် အစောပိုင်းက ကျယ်လောင်သော ပေါက်ကွဲသံများ၊ သေနတ်သံများ ထွက်ပေါ်နေခဲ့သည်ဟု သိရပြီး လမ်းများပေါ်တွင်လည်း သံချပ်ကာ ကားများနှင့် စစ်သားများ လှည့်လည်နေသည်ကို တွေ့နေရသည်ဟု သတင်းများအရ သိရသည်။

ယင်းနေ့ အစောပိုင်းနာရီများအတွင်းကလည်း စစ်တပ်က နိုင်ငံပိုင်အသံလွှင့်ဌာနကို ၀င်ရောက်သိမ်းပိုက်ကာ တိုက်ရိုက်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဂျနီဗာတွင် ၁၆၃ ကာရက် စိန်ကြီးတစ်ပွင့်ကို ဒေါ်လာ ၃၃.၅ သန်းဖြင့် လေလံတင် ရောင်းချ

အနာအဆာကင်းသည့် ၁၆၃ ကာရက် စိန်ပွင့်ကြီးတစ်ခုကို လေလံတင် ရောင်းချရာ ဒေါ်လာ ၃၃.၅ သန်းထိ ရရှိခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ မြို့တော်တွင် Christie လေလံဌာန၏ လေလံပွဲ၌ ယင်းစိန်ကြီးကို ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ ရောစပ် အရောင်အဆင်း လုံးဝမရှိဘဲ ထောင့်မှန်စတုဂံပုံ သွေးထားသည့် စိန်ပွင့်ကြီးကို လည်ဆွဲဘယက် တစ်ခုနှင့် တွဲဖက်ထားသည်။