

ဘားအံ နိုဝင်ဘာ ၅


ဘားအံ နိုဝင်ဘာ ၅


မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်၊ ခရိုင်ကော်မတီဝင် ဦးကျော်ကျော်၊ မဘိမ်းမြို့နယ် ပါတီ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေနှင့် မြို့နယ်လူငယ်ရေးရာတာဝန်ခံ ဦးစိုင်းမောင်မောင်ကျော်တို့သည် မဘိမ်းမြို့နယ် မလှိုင်ကုန်းကျေးရွာရှိ လူငယ်များနှင့် ယမန်နေ့နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ဆုံ၍ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ပါသည်။
credit >>> zaw lwin


ငဖဲ အောက်တိုဘာ ၃၁
ငဖဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန်အစည်းအဝေး ၁၀/၂၀၁၇ ကို နံနက် ၁၀းဝဝ နာရီအချိန်တွင် စတင်ကျင်းပရာ အစီအစဉ်အတိုင်း ခရိုင်ကော်မတီဝင်ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး တို့က ရှေ့ဆက်လုပ်ရမည့် ပါတီလုပ်ငန်းစဉ်များ၊ မှာကြားချက်များ၊ ပါတီအပေါ် ပြန်လည်သုံးသပ်ချက်နှင့် ဘဏ္ဍာရေးကိစ္စများအား အသီးသီး ဆွေးနွေးကြပါသည်။ထို့နောက် မြို့နယ်ကော်မတီဝင်များ၊ စည်းမှူးများမှ အပြန်အလှန် ဆွေးနွေးကြပြီး အစည်းအဝေးကို နေ့လည် ၁၂း၃၀နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


(၁.၁၁.၂၀၁၇) ရက်နေ့ နံနက် (၇း၀၀) နာရီအချိန် သံတွဲမြို့နယ် ဝန်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ပွဲသို့ သံတွဲ ခရိုင် / မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ တန်ဖိုး (၂၀၀၀၀၀ိ/-) တန် ပဒေသာပင်တစ်ပင် ပါဝင်လှူဒါန်းခြင်း၊ ကထိန် လှည့်လည်ပွဲတွင် မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ပါတီဝင်လူငယ်များ လိုက်ပါပြီး ရခိုင်စည်တော် တီးခတ်၍ လုပ်အားဒါန ပေးလှူခဲ့ကြပါသည်။


(၁-၁၁-၂၀၁၇)ရက်နေ့၊ နံနက် (၀၇း၀၀) အချိန်တွင် တာချီလိတ်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ တာချီလိတ်ရွှေတိဂုံ စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူခြင်း၊ နှစ်ပတ်လည် အထိမ်းအမှတ် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ပင့်သံဃာတော်အပါး (၃၅၀) တို့အား စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူခြင်းနှင့် ဗုဒ္စပူဇနိယဘုရားအနေကဇာ တင်လှူပွဲတွင် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် ခရိုင်/မြို့နယ်ကော်မတီဝင်များမှ ဘတ်(၃၅၀၀) တန်ဘိုးရှိ ဆန်၊ ချိုချဉ်၊ ကော်ဖီမစ်များ ပါဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြပါသည်။


မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ (၃၁) ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီများ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ် များနှင့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့ပြီး၊ ပြည်နယ်ကော်မတီ ဒေါက်တာတိုးတိုးအောင် (လူငယ်ရေး ရာတာဝန်ခံ) မှ လူငယ်ကဏ္ဍဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။


ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြတ်မင်္ဂလာကျောင်း ဆရာတော်ဦးသြဘာသ အရှင်သူမြတ်အား ကထိန်လှုဒါန်း ငွေသား၂၀၉၀၇၀၀ ကျပ်တိတိနှင့် ပစ္စည်းတန်ဖိုး ၁၃၁၉၆၅၀ ကျပ်တန်ဖိုး စုစုပေါင်းတန်ဖိုးငွေ (၃၄၁၀၃၅၀ ကျပ်တိတိအား ၂၀၁၇ ခုနှစ် အောက်တိုဘာလ၂၉ ရက်နေ့ တနင်္ဂနွေနေ့ နံနက် ၅း၀၀ နာရီတိတိအချိန်တွင် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီကော်မတီများ စုပေါင်း၍ ဘုရား အမှူးပြုသော သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချလှူဒါန်းမှု အစုစုပြုခဲ့ကြပါသည်။


(မြစ်ကြီးနား)
မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ တစ်ဆုပ်ဆန်လှူအသင်း ဆန်နှင့်အလှူငွေများ မတည်လှူဒါန်းပွဲကို (၃၁-၁၀-၂၀၁၇) ရက်နေ့ နံနက် (၉) နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌
ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပါတီဗဟို အလုပ်အမှုဆောင် ၊ကချင်ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျူံက အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်ပါတီဥက္ကဌ ဦးညွန့်ဝင်းက တစ်ဆုပ်ဆန်လှူအသင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားအား ယနေ့နံနက် ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် ၊ ဒက္ခိဏသီရိမြို့ ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပ ရာ ပါတီဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သံဃာတော်များအား ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ် ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ရေစက်သွန်းချ အမျှဝေခဲ့ပါသည်။


ဒါနဲ့ပတ်သက်ပြီးတော့ ပထမဖြေသွားတဲ့ အထဲမှာ၊ တပ်မတော်ထောက်ခံပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီက ဘာကြောင့် Participate လုပ်တယ်ဆိုတဲ့ နေရာမှာ ခုန သားမေးတဲ့ Issue ပါသွားပြီးသားဖြစ်ပါတယ်။