အမျိုးသမီးများနှင့်ပတ်သက်သော ဥပဒေရေးရာဆွေးနွေး

 

ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ်ပါတီ ရုံးတွင် အမျိုးသမီးထုကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ အမျိုးသမီး များနှင့်ပတ်သက်သော ဥပဒေရေးရာဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံဦးဝဏ္ဏမျိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့်မြို့နယ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များစုစုပေါင်းအင်အား ၉ဝ ဖြင့်တရားလွှတ်တော် ရှေ့နေ ဒေါ်ဖြူမွန်မောင်က အမျိုးသမီးများနှင့် ဆိုင်သောဥပဒေ များကို ဟောပြောဆွေးနွေးခဲ့သည်။

ဆောင်းပန်းချီသီချင်းဆိုပြိုင်ပွဲ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြို့နယ်ပါတီကော်မတီ၏ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်လူငယ်ရေးရာကော်မတီက မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ပြည်ခိုင်ဖြိုးပါတီအပေါ် စိတ်ဝင်စားချစ်ခင်လာစေရန်နှင့် လူငယ်အချင်းချင်းစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ရှိကြစေရန် ရည်ရွယ် ကျင်းပသည့် ၂ဝ၁၇ခုနှစ် လူငယ်လှုပ်ရှားမှုဒုတိယအကြိမ်မြောက် ဆောင်းပန်းချီမြန်မာသံစဉ်နှင့်ခေတ်ပေါ် သံစဉ်သီချင်းဆိုပြိုင်ပွဲကြီးကိုယခုလ ၁၄ ရက်မှ ၁၆ ရက်အထိ မြို့နယ်ပါတီရုံးဝင်းအတွင်းရှိ မြက်ခင်းပြင်၌ သုံးရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ကော့မှူးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်ထူကိုယ်ထကျေးရွာလမ်းဖောက်လုပ်ရေးအတွက်ငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီမှ ကော့မှူးအနောက်ခြမ်း မှော်တောကျေးရွာရှိ ရွာတွင်းချိတ် ဆက်လမ်းဖောက်လုပ်ခြင်းအတွက် အလှူငွေကျပ် တစ်သိန်းကျပ်ကို ကော့မှူးမြို့နယ်မြို့နယ်သံဃနာယက ဒုဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာ သိဒ္ဓိ(မှော်တောဘုရားကြီးကျောင်း တိုက်) ဆရာတော်ထံ နံနက် ၁ဝ နာရီတွင် လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်၌ ဆက်ကပ်လှူဒါန်း ပေးခဲ့ရာ ကော့မှူး ပြည်ခိုင်ဖြိုး ပါတီနာယက ဦးမြင့်ကြိုင်၊ မြို့နယ် ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်း၊ မြို့နယ်ကော်မတီဝင် ဦးလှဆန်း၊ ကော့မှူးအနောက်ခြမ်း နယ်မြေ တာဝန်ခံ ဦးကိုကိုလွင်တို့က လာ ရောက်လှူဒါန်းပေးခဲ့သည်။ ထိုသို့ လှူဒါန်းရာတွင် အလှူငွေကို ကော့မှူးပြည်ခိုင်ဖြိုးပါတီကိုယ်စား မြို့နယ်နာယက ဦးမြင့်ကြိုင်က ပေးအပ်လှူဒါန်းပြီး ဆရာတော် ကိုယ်စား ကော့မှူးအနောက်ခြမ်း နယ်မြေတာဝန်ခံ ဦးကိုကိုလွင်က လက်ခံရယူခဲ့သည်။

ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး IRI ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တွင် ဖွင့်လှစ်ထားသည့်International Republican Institute (IRI) မှ ဌာနေကိုယ်စားလှယ်ဖြစ် Director Mr.Stephen Cima ခေါင်းဆောင်သည့်အဖွဲ့ဝင် လေးဦး ပါ ကိုယ်စားလှယ်အဖွဲ့အား ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးကယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ(၅)တွင် လက်ခံတွေ့ဆုံ ခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် (IRI) ဌာနကိုယ်စားလှယ်က ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးသို့ကွင်း ဆင်း၍ ပါတီအသီးသီးနှင့်စပ်လျဉ်း သည့်စစ်တမ်းကောက်ယူခဲ့မှုအခြေ အနေများနှင့် နောင်လာမည့်အထွေ ထွေရွေးကောက်ပွဲအတွက် အလား တူစစ်တမ်းကောက်ယူမည့်အစီအစဉ် များအား အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။

သံဃာတော်များ သီလဝိသုဒ္ဓိပရိဝါသ်ဆောက်တည်ပြီးဆုံးခြင်းအခမ်းအနား ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး တက်ရောက်လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့် လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကျော် စိုးဝင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စာဗူးတောင်းကျေးရွာရှိ ရွှေအင်ကြင်း တောရ၌ပြုလုပ်သော သံဃာတော်များ သီလဝိသုဒ္ဓိပရိဝါသ်ဆောက်တည်ပြီးဆုံး ပွဲအခမ်းအနားသို့ ယမန်နေ့ကတက်ရောက် ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအလုပ်ရုံဆွေးနွေးပွဲပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကော့မှူးမြို့နယ် ပါတီရုံး၌ပြုလုပ်ခဲ့ရာ ကော့မှူးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော် ဇင်ဟိန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကြည်ငြိမ်း၊ ဘဏ္ဍာ ရေးမှူး ဦးအေးနိုင်နှင့် ရေးရာအလိုက်ကော်မတီတာဝန်ခံများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် လူငယ်လှုပ်ရှား ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆောင်ရွက်ရန်အစီအစဉ်များ၊ အမျိုး သမီးကဏ္ဍ လှုပ်ရှားဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင် ရွက်ရန် လုပ်ငန်းစဉ်များ၊ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အောင်နိုင်ရေးလုပ် ငန်းစဉ်များ၊ ရေးရာအလိုက် အခက်အခဲများနှင့် ဖြည့်စွက် ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးချက်များ၊ တိုင်းဒေသကြီး ခရိုင်ညွှန်ကြားချက်များစသည့်အကြောင်းအရာများကို အပြန် အလှန်မေးမြန်းဆွေးနွေးအကြံပြုကြပြီး အစည်းအဝေးကို နံနက် ၁၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ မြို့နယ်ပါတီရုံးတွင်ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေး မှူးများနှင့် အမျိုးသမီးအဖွဲ့များ စုစုပေါင်း ၇၆ ဦး တက်ရောက်ခဲ့သည်။
တက်ရောက်လာကြသော ရပ်ကွက်အမျိုးသမီးတာဝန်ခံများက ကဏ္ဍအလိုက်ဆွေးနွေးပြီး ဆွေးနွေးတင်ပြချက်များကို မြို့နယ်ကော်မတီ ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော ဖြိုးစေတနာ နယ်လှည့်အခမဲ့ဆေးကုသမှုအဖွဲ့ကျေးရွာများအရောက်ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးအောင်ကျော်မင်း၏ ဦးဆောင်မှုဖြင့် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ‘ဖြိုးစေတနာ’ တာဝန်ခံဆရာဝန်ဒေါက်တာသိန်း ဇော်မြင့်တို့ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း ကော့မှူးမြို့နယ် အတွင်း သွားလာရခက်ခဲသော ကျေးရွာများအရောက်ကျန်းမာရေး စောင့်ရှောက် ကုသပေးလျက်ရှိရာ ကော့မှူးအနောက်ခြမ်း သမဲ့ကျေး ရွာအုပ်စု ဥတိုကျေးရွာတွင် ပြည်ခိုင် ဖြိုးပါတီ ကျေးရွာခေါင်းဆောင် ဦးထွန်းအောင်၏နေအိမ်၌ ယမန်နေ့ နံနက် ၈ နာရီမှစ၍ ၁၁ နာရီအထိ အနီးဝန်းကျင်ကျေးရွာများဖြစ်သော ကျွန်းသစ်ကျေးရွာ၊အောက်ကျောင်း ကျေးရွာ၊ နံသာချောင်း၊ ကြည်စု ကျေးရွာများမှ လူနာ၁၆ဝကို ကုသ ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး မြောက်ပိုင်းခရိုင်အတွင်းရှိ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင်ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ယနေ့ နံနက် ၁၁နာရီခွဲခန့်က လှိုင်သာယာ မြို့နယ် ပါတီရုံးခန်းမ၌ ရန်ကုန် မြောက်ပိုင်းခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်ပါတီများမှ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များအား တွေ့ဆုံ၍ ပါတီလုပ်ငန်းဆိုင်ရာ များ လမ်းညွှန်မှာကြားခဲ့သည်။

ကော့မှူးပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းသည် ကော့မှူးပြည်ခိုင်ဖြိုးရုံးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ၌ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးပြည်ခိုင်ဖြိုးပါတီ မြို့နယ်နာယကဦးမြင့်ကြိုင်၊ မြို့နယ်ပါတီ ယာယီဥက္ကဋ္ဌ ဦးကြည်ငြိမ်း၊ မြို့နယ်ကော်မတီဝင်များ၊ ကော့မှူး မြို့နယ်တွင်းရှိ ရပ်ကျေးပါတီဝင်များ စုစုပေါင်းပါတီဝင် ၁ဝ၅ဦး တို့ တက်ရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်းက ပထမဦးစွာ မိတ်ဆက် စကားပြောကြား၍ ပါတီရှေ့လုပ်ငန်းစဉ်များ၊ပါတီမူဝါဒများ၊ ဖြတ် သန်းခဲ့ရသည့်အတွေ့အကြုံများ၊ ပါတီဝင်များ၏ ပါတီဆောင်ရွက်မှု များအပေါ် အခက်အခဲများမေးမြန်းကာ လုပ်ဆောင်ရမည့်ပါတီ မူဝါဒများကို အားပေးပြောကြားခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲတွင် တွေ့ဆုံပွဲအခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။