တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ဖွင့်လှစ် သည့် “စွမ်းရည်မြှင့်တင်ရေး” သင်တန်း (၁/၂၀၁၆) ကို အောက်တိုဘာလ (၅)ရက် နံနက် (၈) နာရီအချိန်တွင် မြိတ်မြို့ရှိ တိုင်းပါတီတွင် ပြုလုပ်ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသိန်းလွင်နှင့် မြိတ်ခရိုင် ပါတီဥက္ကဌ ဦးဝင်းဆွေ တို့က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ကျွန်းစုမြို့နယ်ပါတီဥက္ကဌ ဦးတင်စိုးက စွမ်းရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၁၆) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။






