
မော်လမြိုင်၊ ဇူလှိုင် ၅
ကရင်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြ၀တီမြို့နယ် ဝေါလေဒေသတွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာ၀န်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၂၀ ကျပ်ကို ၄-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ပါသည်။
အလှူငွေကို ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် ထံသို့ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်