ဖက်ဒဲရာနှင့် ရှာရာပိုဗာ ရှန်ဟိုင်းမာစတာပြိုင်ပွဲတွင် အသီးသီးဗိုလ်စွဲ

ဝင်ဘယ်ဒန်ချန်ပီယံ ရော်ဂျာဖက်ဒဲရာက ကမ္ဘာ့နံပါတ် (၁) ရာဖေးလ်နာဒယ်ကို ရှန်ဟိုင်းမာစတာပြိုင်ပွဲတွင် အနိုင်ရပြီး၂၀၁၇ အတွင်း ခြောက်ကြိမ်မြောက်ဖလားဆွတ်ခူးသွားသည်။

၂၀၁၇ အတွင်း လေးပွဲသာ ရှုံးနိမ့်ထားသော ဆွစ်ဇာလန်ဂန္ထ၀င် ဖက်ဒဲရာသည် နာဒယ်ကို ၆-၄၊ ၆-၃ ဖြင့် ၇၂ မိနစ်အတွင်း အနိုင်ရခဲ့ပြီး ၎င်း၏ ပါရမီစွမ်းရည် ပြသခဲ့သည်။ ယင်းမှာ နာဒယ်ကို ငါးကြိမ်ဆက် အနိုင်ရရှိခြင်း ဖြစ်သည်။

စက်တင်ဘာအတွက် အကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆုကို ဂွာဒီယိုလာနှင့် ကိန်း ရရှိ

 ပရီးမီးယားလိဂ်၏ စက် တင်ဘာအတွက် တစ်လတာ အ ကောင်းဆုံးနည်းပြဆုကို မန်စီးတီး နည်းပြ ဂွာဒီယိုလာက ရရှိပြီး တစ်လတာအကောင်းဆုံးကစား သမားဆုကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ရရှိသည်။

ကိန်းသည် စက်တင်ဘာအတွင်းက ပရီးမီးယားလိဂ်လေးပွဲတွင် သွင်းဂိုး ခြောက်ဂိုးအထိသွင်းယူထားသည်။

မက်ဆီကို စာချုပ်သစ်အတွက် လက်မှတ်ထိုးကြေး ပေါင်သန်း(၈၀)အထိပေးရန် ဘာစီလိုနာအသင်း စီစဉ်

ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး မက်ဆီကို စာချုပ်သက်တမ်းတိုးနိုင်ရန်အတွက် လက်မှတ်ထိုးကြေး ပေါင်သန်း(၈၀)ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းသည် မက်ဆီကို တစ်ပတ်လစာငွေ ပေါင်(၅)သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ တရားဝင်စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးပေ။

မက်ဆီသည် ကတ်တလန်ခွဲထွက်ရေးပြဿနာ၊ အခွန်ငွေပြဿနာများကြောင့် ဘာစီလိုနာအသင်းနှင့် သက်တမ်းတိုးရန် နှောင့်နှေးနေခြင်းဖြစ်ပြီး ယင်းအခြေအနေကို ပြိုင်ဘက်များက အခွင့်အရေးယူရန် ပြင်ဆင်လာကြောင်းလည်း သိရှိရသည်။

မန်ယူအတွက် ကြီးမားသော စိန်ခေါ်မှုများ လာတော့မည်

နည်းပြမော်ရင်ဟို၏ မန်ယူအတွက် စနေနေ့တွင် အဝေးကွင်း၌ ရင်ဆိုင်ရမည့် လီဗာပူးနှင့် ပွဲအပါအဝင် ကြီးမားသော စိန် ခေါ်မှုများ ဆက်တိုက်နီးပါးရှိလာ မည်ဖြစ်သည်။

မန်စီးတီးနှင့် ရမှတ်တူ ၁၉ မှတ်ဖြင့် ပရီးမီးယားလိဂ်အမှတ် ပေးဇယား ဒုတိယနေရာ၌ ရှိနေ သော မန်ယူသည် ယခုအချိန်ထိ ပြီးခဲ့သည့်ရာသီက ထိပ်ဆုံးငါး သင်းနှင့် ရင်ဆိုင်တွေ့ခြင်းမရှိ သေးပေ။

ယူအီးအက်ဖ်အေအကြံပေးပုဂ္ဂိုလ်အဖြစ် ပေါ်တူဂီဂန္ထ၀င်ကစားသမားဟောင်း ဖီဂို ခန့်အပ်တာဝန်ပေးခံရ

ရီးရဲလ်အသင်းနှင့်အတူ အောင်မြင်မှုများစွာရရှိခဲ့သည့် ပေါ်တူဂီဂန္ထ၀င် က စားသမားဟောင်းဖြစ်သူ ဖီဂိုသည် ဥရောပ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဖာ ရင်၏ ထောက်ခံမှုနှင့်အတူ ယူအီးအက်ဖ်အေ၏ ဘောလုံးနည်းစနစ်ပိုင်း ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်၏ အတည်ပြုသတင်း ထုတ်ပြန်ချက်အရ သိရသည်။

အလှူလုပ်ဖို့ ပရီးမီးယားလိဂ် ကစားသမားတွေကို တိုက်တွန်းလိုက်တဲ့ မာတာ

မန်ယူအသင်းမှ စပိန်ကစားသမား မာတာက အလှူအတန်းပြုရာတွင် ပါဝင်ပေးကြဖို့ အခြားသော ပရီးမီးယားလိဂ်မှ ကစားသမားတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အဆိုပါ အလှူတွင် ကစားသမားများအနေနဲ့ ၎င်းတို့ရရှိနေကြတဲ့ လစာရဲ့ ၁ ရာခိုင်နှုန်းခန့်သာ ပါဝင်ပေးကြဖို့ မာတာက တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် အဆိုပါ အလှူအတန်းအတွက် မာတာနဲ့အတူ ကစားသမား ၆ ဦးလောက်ကသာ ပူးပေါင်း ပါဝင်နေပြီး အခြားကစားသမားများမှာ ပါဝင်လာခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးအခြေအနေ

အိမ်ရှင် – ရုရှ

ဥရောပဇုန် – ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန်၊ အိုက်စလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ဆားဘီးယား၊ ပြင်သစ်

ခြေစစ်ပွဲအောင်မြင်ထားသည့်အသင်းများ

အာရှဇုန် – တောင်ကိုရီးယား၊ ဂျပန်၊ အီရန်၊ ဆော်ဒီအာရေးဘီးယား

တောင်အမေရိကဇုန် – ဘရာဇီး၊ ဥရုဂွေး၊ အာဂျင်တီးနား၊ ကိုလံဘီယာ

မြန်မာ- ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၁၁

မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ငူမြို့ရှိ ကေတုမတီ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အက်သလက်တီကို-ဘာစီလိုနာပွဲကို ဘာစီလိုနာပရိသတ်များ ကြည့်ခွင့်မရ

ဘာစီလိုနာအသင်းပရိသတ်များသည် ယခုတစ်ပတ် ကစားမည့် အက်သလက်တီကိုနှင့်အဝေးကွင်းပွဲကို ကြည့် ရှုခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

အက်သလက်တီကိုအသင်း တာဝန်ရှိသူများက ယင်းပွဲအတွက် အဝေးကွင်း လက်မှတ်များကို စီမံခန့်ခွဲရေး ပြဿနာအချို့ကြောင့် ဘာစီလိုနာနှင့် သဘောတူညီထားသည့် စောင်ရေအတိုင်း ခွဲဝေနိုင်မည် မဟုတ်ဟု ကြေညာခဲ့သည်။

သို့ဖြစ်ရာ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းထံမှ လက်မှတ်ခွဲတမ်းတောင်းဆိုထားခြင်းကို ရုပ်သိမ်းပြီး ယင်းပွဲအတွက် အဝေးကွင်းလက်မှတ်များကို ရောင်းချတော့မည်မဟုတ်ဟု ကြေညာခဲ့ကြောင်း သိရသည်။

မန်ယူနှင့် ပေါင် (၆၅) သန်းတန် (၅)နှစ် စာချုပ်သစ်ကို လက်မှတ်ရေးထိုးရန် မော်ရင်ဟို အသင့်ဖြစ်

မန်ချက်စတာယူနိုက်တက်ဟာ ဟိုဆေးမော်ရင်ဟိုကို ပေါင် ၆၅ သန်း တန်ကြေးရှိ (၅)နှစ် စာချုပ်သစ် တစ်ရပ်ဖြင့် ချုပ်ဆိုရန်အလိုရှိနေပါတယ်။ ပြီးတော့ နည်းပြကလည်း စာချုပ်ကို လက်မှတ်ရေးထိုးရန် အဆင့်သင့်ဖြစ်နေပြီး အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့နည်းပြဘဝ အရှည်ဆုံးသက်တမ်းကာလတစ်ခုကို ဖြတ်သန်းလို နေပါတယ်။