ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလှုပ်ရှားမှု တတိယ အကြိမ် ထမနဲထိုးပြိုင်ပွဲတွင် လာရောက်တီးခတ်ဖျော်ဖြေပေးသော ကီးဘုတ်ဆရာ ကိုဝင်းလွင်သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီကျော်က ထမင်းစားပြီး ခေတ္တအနားယူနေစဉ် ရုတ်တရက်သေဆုံးသွားခဲ့သည်။
ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလှုပ်ရှားမှု တတိယ အကြိမ် ထမနဲထိုးပြိုင်ပွဲတွင် လာရောက်တီးခတ်ဖျော်ဖြေပေးသော ကီးဘုတ်ဆရာ ကိုဝင်းလွင်သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီကျော်က ထမင်းစားပြီး ခေတ္တအနားယူနေစဉ် ရုတ်တရက်သေဆုံးသွားခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်/မြို့နယ်ကော်မတီဝင်များ၊အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ (31•1•2018)ရက်နေ့ နေ့လည်(1:00 )အချိန်တွင် မိုင်းဆတ်မြို့ပရဟိတကျောင်းတိုက်၌ သံဃာတော်အရှင်သူမြတ် အပါး (၃၈၀)ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူ ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ
ယနေ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မိုးညုင်းမြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နန်းမားဒေသလူငယ်ရေးရာနှင့် အမျိုးသမီးရေးရာအဖွဲ့မှကြီးမူးဖွင့်လှစ်သော အခြေခံအပ်ချုပ်စက်ဖွင့်ပွဲအခမ်းအနားကျင်းပရာ ခရိုင်ဥက္ကဌဦးစိန်ဝင်းထွန်း ခရိုင်ကော်မတီဒေါ်ဝင်းဝင်းတင် မြို့နယ်ဥက္ကဌဦးလှမိုင်၊ အမျိုးသမီးတာဝန်ခံ ဒေါ်နှင်းနှင်းထွေး၊ ကော်မတီဝင် ဒေါ်သန္တာဝင်းမောင် ၊ဦးတင်ညွန် ၊ နမ္မားတာဝန်ခံ ဦးခိုင်ဇော်ထွန်းနှင့် အရန်ကော်မတီများ ရပ်ကျေးဥက္ကဌများ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မိုးညှင်းပြည်ခိုင်ဖြိုးပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ထမနဲ ထိုးပွဲ ကိုယနေ့နံနက် ၈နာရီ၃၀မိနစ်တွင်ပါတီဌာနချုပ်၌ကျင်းပရာ ပါတီဥက္ကဌ ဦးသန်းဌေး၊ဒုတိယဥက္ကဌ ဦးမြတ်ဟိန်း၊အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းနှင့်ဗဟိုအတွင်းရေးမှူးများ၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့များတက်ရောက်အားပေးခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ နှစ်စဉ်ကျင်းပပြုလုပ်နေကြဖြစ်သော မြန်မာ့ရိုးရာထမင်းနဲပွဲကို ယနေ့ညနေ၄နာရီက မြို့နယ် ပါတီရုံး၌ ရပ်ကွက် ပေါင်း (၂၇)ရပ်ကွက်မှ အုပ်စု (၄)စုခွဲ၍ ပျော်ရွှင်စွာဖြင့် ပြိုင်ပွဲဝင်ဆင်နွှဲခဲ့ကြပါသည်။ ဆုရရှိသည့်ရပ်ကွက်များအား မြို့နယ် ပါတီဥက္ကဌဦးခင်မောင်ဇော်နှင့် မြို့နယ် ပါတီ အတွင်းရေးမှူး ဦးသန်းစိုး တို့မှ ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
# Mlyl
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး မှကြီးမှူးကျင်းပသော ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ထမနဲထိုးပြိုင်ပွဲအား ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ပြီး ခရိုင်အတွင်းရှိမြို့နယ်များဖြစ်သည့် ပဲခူးမြို့နယ် ၊ ညောင်လေးပင်မြို့နယ် ၊ ဝေါမြို့နယ် ၊ ကျောက်တံခါးမြို့နယ် ၊ သနပ်ပင်မြို့နယ် ၊ က၀မြို့နယ် ၊ ဒိုက်ဦးမြို့နယ် ၊ ရွှေကျင်မြို့နယ် တို့မှ ပါတီဝင်များဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ပထမ – မဟာအောင်မြေ
ဒုတိယ – အမရပူရ
တတိယ – ပုသိမ်ကြီး
နှစ်သိမ့်ဆုများ –
အောင်မြေသာစံ
ချမ်းအေးသာစံ
ပြည်ကြီးတံခွန်
ချမ်းမြသာစည်
သရက်မြို့နယ် မိုးနတ်ကုန်း ကျေးရွာအုပ်စု မိုးနတ်ကုန်းကျေး ရွာ၌ ယမန်နေ့ နံနက် ၁ဝနာရီက ခုနစ်ရက် ခုနစ်လီကျင်းပသော စတုဒိသာအလှူပွဲသို့ သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ကုသိုလ်ယူ ပါဝင်လှူဒါန်းခဲ့ကြသည်။
အဆိုပါ လှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်ဒေါ်ယဉ်ယဉ်လှနှင့် သရက်ခရိုင် မြို့နယ်ပါတီကော်မ တီဝင်များ၊ပါတီဝင်များက ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ခုနစ်ရက် ခုနစ်လီ ကျင်းပမည့် စတုဒိသာ အလှူပွဲတွင် ကုသိုလ်ယူကာလုပ်အားဒါနဖြင့် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ အလင်းရောင်ဖောင် ဒေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းတို့ပူးပေါင်း ၍ မှော်ဘီ၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်များတွင် အလျားပေ၆ဝ၊ အနံပေ ၃ဝရှိ စာသင်ဆောင်ကိုး ဆောင် ဆောက်လုပ်လှူဒါန်းရန် အတွက် စတင်ဆောင်ရွက်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက မှော်ဘီမြို့နယ် နတ်ရဲ ကွင်းကျေးရွာတွင် ကျင်းပကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ကျုံဒိုးမြို့မီးပုံပွဲကွင်းတွင် ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီက ကျင်းပသည့် (၁၉၂) ကြိမ်မြောက် ကရင်ရိုးရာ နယ်လုံး ကျွတ်မီးပုံပွဲသို့ရောက်ရှိခဲ့ရာ မီးပုံပွဲကျင်းပရေး ကော်မတီသို့ အလှူငွေကျပ်တစ်သိန်းလှူဒါန်း ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေခဲ့ကြောင်း သိရ သည်။