



ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းအတွင်းရှိမြို့နယ်များမှ လူငယ်ပါတီဝင်များနှင့်တွေ့ဆုံ
=================================
ဩဂုတ် ၂၀၊ မန္တလေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဒေါက်တာမောင်သင်း၊ ဦးအောင်သူ၊ မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့နှင့်အတူ ၂၀-၈-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးခန်းမ၌ ပြုလုပ်သော ပါတီဝင်လူငယ်များ၊ ပါတီဝန်းရံလူငယ်များနှင့် ပါတီ၏ဆောင်ရွက်မှုများကို စိတ်ပါဝင်စားသောလူငယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။























