အမေရိကန်အဆို တော် ခရစ္စတီးနားဂရင်မီသည် ဇွန်လ ၁၀ ရက်တွင် ဖလော်ရီဒါ ပြည်နယ် အော်လန်ဒိုမြို့ ဖျော်ဖြေ ပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ၎င်း၏ ပြော ရေးဆိုခွင့်ရသူက ပြောကြား သည်။
အမေရိကန်အဆို တော် ခရစ္စတီးနားဂရင်မီသည် ဇွန်လ ၁၀ ရက်တွင် ဖလော်ရီဒါ ပြည်နယ် အော်လန်ဒိုမြို့ ဖျော်ဖြေ ပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ၎င်း၏ ပြော ရေးဆိုခွင့်ရသူက ပြောကြား သည်။
ရာသီဥတုအပြောင်းအလဲနဲ့ ဘတ်တီးရီးယားပိုးတွေ၊ ကူးစက်တတ်တဲ့ ဗိုင်းရပ်ပိုးတွေကြောင့် လူတွေဟာ မကြာ ခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။ လည်ချောင်းနာခြင်း ဖြစ်လာပြီဆိုရင်တော့ အိမ်မှာရှိနေတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ သဘာဝအတိုင်းပျောက်ကင်းအောင် ပြုလုပ်နိုင် ပါတယ်။
သင်္ဘောသီးက ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့အာဟာရတွေ၊ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာပါဝင် နေတဲ့ အပူပိုင်းဒေသထွက် သစ်သီးတစ်မျိုးဖြစ် ပါတယ်။ ဒါကြောင့် သင်္ဘောသီးရဲ့ အနှစ်ကို မျက်နှာလိမ်းခရင်မ်တွေ၊ ခေါင်းလျှော်ရည်တွေမှာ အဓိက ပါဝင်ပစ္စည်းတွေအနေနဲ့ အသုံးပြုကြတာဖြစ်ပါတယ်။ သင်္ဘောသီးရဲ့ ကျန်းမာရေး ဆိုင်ရာ အကျိုးကျေးဇူးတွေကတော့ –
၁။ သင်္ဘောသီးက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပါတယ်။ ဒါ့အပြင် သင်္ဘော သီးမှာပါဝင်တဲ့ အင်ဇိုင်းတွေက သွေးကြောတွေမှာ အဆီတွေပိတ်ဆို့မှုမဖြစ်အောင် ကူညီပေးပါတယ်။
ခန္ဓာကိုယ် ၀လာ၍သော်၎င်း၊ အဆီများလာ၍သော်၎င် လေ့ကျင့်ခန်း လုပ်စရာမလိုပဲ အဆီကျလိုပါလျှင် အောက်ပါသဘာဝဆေးနည်းကို အသုံးပြုနိုင်ကြပါသည်။
ဆေးအဖြစ် ပြုလုပ်ပုံ-
၁။ သံပုရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက်ဖြစ်အောင် လှီးလိုက်ပါ။
၂။ ရေနွေးခွက်တစ်ခွက်ထဲကို ၄င်းသံပုရာသီးကွင်းများထည့်လိုက်ပါ။
၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်လိုက်ပါ။
နာမည်ကျော် SISTER အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့သည့် Inno City Love Sharing Concert ဖျော်ဖြေပွဲကြီးကို ဇွန် ၁၁ ရက် ညနေ ၆ နာရီက ရှင်စောပုလမ်းရှိ Myanmar Event Part တွင် ကျင်းပခဲ့ရာ ဖျော်ဖြေပွဲမှရရှိလာသည့် အလှူငွေများထဲမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်း လူမှုကရုဏာအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်း ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ K-Pop Music Concert တွင် SISTER,MONSTAX,BADKIZ ၊ ကိုရီးယားရော့ခ်အဆိုတော် So Chan Whee, A Pera Team တို့က မြူးကြွသည့် တေးသီချင်းမျိုးစုံ၊ ကကွက်ဆန်းများဖြင့် သီဆိုဖျော်ဖြေခဲ့ရာ ကြည့်ရှုသူများပြားခဲ့ကြောင်း သိရသည်။
နာမည်ကျော် Sistar ကေပေါ့ပ်အဖွဲ့ ပါဝင်ဖျော်ဖြေမည့် ဖျော်ဖြေပွဲကို ရန်ကုန်မြို့တွင် ဇွန်လအတွင်း ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်ရောင်းချရန် အစီအစဉ်မရှိကြောင်း ယင်းဖျော်ဖြေပွဲ ကို စီစဉ်သည့် Tiger Fate အဖွဲ့ CEO မစ္စတာ Tiger Jeoung က ပြောကြားသည်။ (more…)
မကြာမီ ရုံတင်တော့မည့် ‘ကျွန်တော် ကျွန်မ ယောက်ျား ဗိုက်ကြီးသယ်’ဇာတ်ကားရိုက်ကူးစဉ်က မိန်းကလေးပုံစံ သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းများ ပါဝင်ခဲ့သောကြောင့် မျက်နှာသွယ်အောင် အဆီကျဆေးများ ထိုးခဲ့ ရကြောင်း ဇေရဲထက်က ပြောသည်။
‘‘အရင်က ကျွန်တော့်မျက်နှာ အရမ်းဖောင်းတဲ့အတွက် မိန်းကလေးပုံစံဆို အဆင်မပြေဘူး။ အဲဒါနဲ့ အဆီကျဆေးတွေ ထိုးလိုက်ရတယ်။ အဲဒီလိုထိုးလိုက်မှ နည်းနည်းလေး သွယ်သွားပြီး အဆင်ပြေသွားတာ’’ဟု ၎င်းက ပြောသည်။
(၁) မျှစ်သည် အစာအိမ်၏ အစာချေဖျက်သည့် လုပ်ငန်းဆောင်တာ များကို ကောင်းမွန်စေသည်။ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက် ဝမ်းလျှော ရောဂါကိုလည်း သက်သာစေသည်။
(၂) မျှစ်တွင် ဖီနောလစ်အက်စစ် များစွာပါဝင်မှုကြောင့် ရောင်ရမ်းမှုလျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိသည်။ ထို့ကြောင့် နှလုံးရောဂါအပါအဝင် နာတာရှည် ရောဂါများကို လျော့ကျစေသည်။ မျှစ်တွင် ပါဝင်သည့် ပိုတက်စီယမ် မှာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။
ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပဲခူးနှင့် နေပြည်တော်တို့ရှိ ဈေးများမှ အစားအသောက်များအား အများ ပြည်သူစားသုံးရန် သင့်မသင့်ကို FDA (Food And Drug Administration) က ရွေ့လျားဓာတ်ခွဲခန်းဖြင့် လှည့်လည်စစ်ဆေးခဲ့ရာ စားသုံးရန် မသင့်သော အစားအသောက် ၂၈ မျိုး တွေ့ရှိခဲ့ရကြောင်း FDA မှ သိရ သည်။
ချွေးနှဲစာဖြင့် ရှာထားသည့် အနုပညာကြေးများကိုလိမ်လည် သွားသည့် ဂီတမှူး စောဘွဲ့မှူး၏ သမီးကြီးကဗျာဘွဲ့မှူးနှင့်ပတ်သက် ပြီး ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား လမ်းရှိ Orchid Hotel ၌ စာနယ် ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါငွေကြေးအလွဲသုံးမှုတွင် အလိမ်ခံရသော အနုပညာရှင် များဖြစ်ကြသည့် အဆိုတော် မေခလာ ကျပ်သိန်း ၃ဝဝ၊ ဆုန် သင်းပါရ် ကျပ်သိန်း ၁၃ဝဝ၊ Lဆိုင်းဇီ ကျပ်၈၅သိန်း၊ ဘိုဖြူ ကျပ်သိန်း၁ဝဝ၊ ကော်နီ ကျပ်သိန်း ၁၈ဝ၊ အံ့မော်ဦး ကျပ်သိန်း၁ဝဝဝ၊ အဆိုတော်ီဖြိုး၏ဇနီး ကျပ်သိန်း ၈၅ဝ၊ ခရစ္စတိုဖာ ကျပ်သိန်း ၅ဝဝ၊ စောအယ်ခူး ကျပ်သိန်း ၆ဝဝ၊ ကျော်နေဝင်း ကျပ်သိန်း ၃ဝဝ၊ စလားရူဖန်း ကျပ်သိန်း၁ဝဝ၊ မိုးနှင်းသက် ကျပ်သိန်း ၂၅ဝဝ၊ ဝင်းပပအေး ကျပ်သိန်း ၁၂၅ဝ၊ နန္ဒာကျော်သူ ကျပ်သိန်း ၅ဝဝ၊ ဒေါ်စန္ဒာရတနာ ကျပ်သိန်း ၁၅ဝ၊ စင်ဒီ ကျပ်သိန်း ၃ဝဝ တို့ အလိမ် ခံရသည်။
လက်ရှိတွင် ကဗျာဘွဲ့မှူးသည် အမေရိကားကို ထွက်ပြေးတိမ်း ရှောင်နေကြောင်း သိရသည်။ ”ကျွန်မတို့ပိုက်ဆံတွေက ဘယ်သူ နဲ့မှ ဆက်စပ်ပြီးရလာတဲ့ ငွေ မဟုတ်ပါဘူး။ ပရိသတ်တွေက ချစ်လို့ပေးထားတဲ့ အနုပညာကြေး တွေပါ။ သူတို့နဲ့ ချစ်ငယ်တို့က အရမ်းခင်ရတဲ့ သူတွေပါ။ ကဗျာ ဘွဲ့မှူးဆိုတာလဲ ကျွန်မလက်ထဲမှာ ကြီးပြင်းခဲ့တဲ့ ကလေးပါ။ နောက် မျိုးမြင့်အောင်ဆိုတာလဲ ချစ်ငယ် တို့နဲ့ တအားရင်းနှီးတဲ့သူတွေပါ။ အဲ့ဒီလိုရင်းနှီးမှုကို အခွင့်အရေး ယူပြီး လုပ်သွားတာပါ။ သူ့အပေါ် ကောင်းတဲ့သူတွေကို သူလုပ်သွား တာပါ။ သူ့ကို လုပ်ငန်းစပ်တူ လုပ်ဖို့ ပေးအပ်ခဲ့တဲ့ငွေတွေပါ။ သူတို့ဓာတ်ဆီဆိုင်ကနေ တစ်နေ့ ရတဲ့ဝင်ငွေက မနည်းပါဘူး။ ဒါကို သူတို့ပြန်ဖြေရှင်းပေးနိုင်ရဲ့သားနဲ့ သူတို့မရှင်းပေးဘဲ ထွက်ပြေး တယ်။ ကိုယ့်အချင်းချင်း မလုပ် သင့်ပါဘူး။သူကိုယ်တိုင်က စီးပွား ရေးလုပ်ပါလားဆိုပြီး ချစ်ငယ်တို့ အားလုံးကိုလာပြောတာပါ။ သီချင်း ဆိုနေမယ့်အစား ထာဝရအဆင် ပြေမယ့်လုပ်ငန်းဆိုပြီး လိမ်သွား တာပါ။ သူရဲ့ ZTX ဆီဆိုင်မှာ တစ်ယောက်ကိုအစုရှယ်ယာကျပ် သိန်း ၂ဝဝစီ ပါဝင်ခိုင်းပါတယ်။ သူတစ်ခုခုမှားယွင်းမှုကြောင့် လုပ် သွားတယ်လို့ပဲ သတ်မှတ်ထား ပါတယ်။ သူတို့ကို အဆင်မပြေ တာ ဘာရှိလဲပြောပါဆိုတာကို သူတို့ဘက်ကအကြောင်းမပြန်ဘူး။ သူတို့ဘက်က လုပ်ချင်တာလုပ်လို့ ပြောပါတယ်။ သူတို့က အမျိုးမျိုး တိမ်းရှောင်လို့ အခုလိုပွဲလေးလုပ် တာပါ။သူတို့အမျိုးတွေက သတင်း စာမှာ သူတို့နဲ့ မသက်ဆိုင်ဘူး၊ သူတို့ကို သိက္ခာကျဆင်းအောင် လုပ်ရင် တရားစွဲမယ် ဘာညာပြော လာလို့ အခုလိုမီဒီယာကို အသိ ပေးရတာပါ”ဟု အဆိုတော်မေ ခလာက ပြောကြားခဲ့သည်။