အမေရိကန် နာမည်ကျော် အဆိုတော် တေလာဆွစ် က ယခုသီတင်းပတ်ကုန် လာ့စ်ဗီးဂတ်စ်မြို့မှာ The Eras Tour ဖျော်ဖြေပွဲ နှစ်ပွဲကို တင်ဆက်ခဲ့ပြီး နာမည်ကျော် အများအပြားလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။
တေလာ ဆွစ်ရဲ့ ဖျော်ဖြေပွဲကို သူ့ရဲ့ဆယ်လီ မိတ်ဆွေတွေ အများအပြား လာရောက်အားပေးတဲ့ အထဲမှာ နာမည်ကျော် အမ်မာ နှစ်ယောက်ဖြစ်တဲ့ အမ်မာဝပ်ဆန် နဲ့ အမ်မာ ရောဘတ် တို့လည်း ပါဝင်ခဲ့ပါတယ်။