

ပျော်ဘွယ်မြို့နယ်၊ သူဌေးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်ကျောင်းတို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဇနီးတို့ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း
ပျော်ဘွယ်မြို့နယ်၊ သူဌေးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဘုံပျံဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ သီလရှင်စာသင်ကျောင်းတို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဇနီး ဒေါက်တာ ဒေါ်သင်းမျိုးမျိုးအောင် တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သီဟသုဓမ္မ မဏိဇောတဓရ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) သီရီပျံချီ ဦးသောင်းအေးနှင့် ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်သင်းမျိုးမျိုးအောင် တို့သည် ပျော်ဘွယ်မြို့နယ်၊ သူဌေးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဘုံပျံဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ သီလရှင်စာသင်ကျောင်းတို့တွင် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ဦးစွာ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သီဟသုဓမ္မ မဏိဇောတဓရ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) သီရီပျံချီ ဦးသောင်းအေးနှင့် ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်သင်းမျိုးမျိုးအောင် တို့သည် ပျော်ဘွယ်မြို့နယ်၊ သူဌေးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် စာရေးကိရိယာများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက်တွင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သီဟသုဓမ္မ မဏိဇောတဓရ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) သီရီပျံချီ ဦးသောင်းအေးနှင့် ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်သင်းမျိုးမျိုးအောင် တို့သည် ပျော်ဘွယ်မြို့ ဘုံပျံဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ သီလရှင်ဆရာကြီး ဒေါ်စိတ္တဝတီ ဦးစီးသည့် သီလရှင်စာသင်ကျောင်းသို့ သွားရောက်၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် စာရေးကိရိယာများ လှူဒါန်းခဲ့သည်။




