စင္ကာပူေ႐ြးေကာက္ပြဲ အာဏာရပါတီ ျပတ္ျပတ္သားသား ထပ္မံအႏိုင္ရ

စင္ကာပူႏိုင္ငံ၏ ပီးပဲလ္အက္ရွင္ပါတီ (ပီေအပီ) သည္ စေနေန႔တြင္ ၁၄ ႀကိမ္ဆက္တိုက္ ေ႐ြးေကာက္ပြဲအႏိုင္ရခဲ့ကာ ၎တို႔၏ ဆယ္စုႏွစ္ေျခာက္ခုၾကာ အုပ္ခ်ဳပ္မႈကို မယိမ္းမယိုင္ ဆက္လက္ထိန္းထားႏိုင္ခဲ့ၿပီး ကမာၻလုံးဆိုင္ရာ စီးပြားေရးစစ္ပြဲေၾကာင့္ စီးပြားေရးကေမာက္ကမ သက္ေရာက္မႈမ်ား ရင္ဆိုင္ရမည့္ ႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္သစ္အတြက္ ခိုင္မာေသာ လုပ္ပိုင္ခြင့္ ေပးအပ္လိုက္သည္။
၁၉၆၅ ခုႏွစ္ စင္ကာပူလြတ္လပ္ေရးမတိုင္ခင္ကတည္းက ႏိုင္ငံကို အုပ္ခ်ဳပ္လာခဲ့ေသာ ပီေအပီ သည္ ပါလီမန္အမတ္ေနရာ ၉၇ ေနရာတြင္ ၈၇ ေနရာအႏိုင္ရခဲ့ၿပီး အတိုက္အခံမ်ားသည္ ယခင္ေ႐ြးေကာက္ပြဲမ်ားတြင္ ေအာင္ျမင္ခဲ့မႈအခ်ိဳ႕ကို ထပ္မတိုးခ်ဲ႕ႏိုင္ခဲ့ေသာေၾကာင့္ မဲဆႏၵနယ္ ၃၃ ခု၏ ေနရာမ်ားစြာတြင္ အျပတ္အသတ္အႏိုင္ရခဲ့သည္။
ပီေအပီ သည္ အမတ္ေနရာ ၉၀ ရာခိုင္ႏႈန္းခန႔္ျဖင့္ တစိုက္မတ္မတ္အႏိုင္ရခဲ့ေသာ္လည္း ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ အဆိုးဝါးဆုံးစြမ္းေဆာင္မႈ မွတ္တမ္းဝင္ခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ေလာရင့္ေဝါင္က သူ႔လက္ထက္ ပထမဆုံးေ႐ြးေကာက္ပြဲတြင္ အမွတ္အသားတစ္ခု ခ်န္ထားခဲ့ရန္ စိတ္အားထက္သန္ခဲ့သည္။
ပီေအပီ အႏိုင္ရမႈကို တရားဝင္ မေၾကညာေသးေသာ္လည္း ျပည္တြင္း မီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ မဲအေရအတြက္ ၆၅ ဒႆမ ၅၇ ရာခိုင္ႏႈန္း ရရွိထားသည္ဟု သိရကာ ၂၀၂၀ ျပည့္ႏွစ္က ေ႐ြးေကာက္ပြဲတြင္ ရရွိခဲ့ေသာ ၆၁ ဒႆမ ၂ ရာခိုင္ႏႈန္းထက္ ေက်ာ္လြန္သြားၿပီျဖစ္ေၾကာင္း သိရသည္။
Ref: CNN


စင်ကာပူရွေးကောက်ပွဲ အာဏာရပါတီ ပြတ်ပြတ်သားသား ထပ်မံအနိုင်ရ
====================
စင်ကာပူနိုင်ငံ၏ ပီးပဲလ်အက်ရှင်ပါတီ (ပီအေပီ) သည် စနေနေ့တွင် ၁၄ ကြိမ်ဆက်တိုက် ရွေးကောက်ပွဲအနိုင်ရခဲ့ကာ ၎င်းတို့၏ ဆယ်စုနှစ်ခြောက်ခုကြာ အုပ်ချုပ်မှုကို မယိမ်းမယိုင် ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစစ်ပွဲကြောင့် စီးပွားရေးကမောက်ကမ သက်ရောက်မှုများ ရင်ဆိုင်ရမည့် နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အတွက် ခိုင်မာသော လုပ်ပိုင်ခွင့် ပေးအပ်လိုက်သည်။
၁၉၆၅ ခုနှစ် စင်ကာပူလွတ်လပ်ရေးမတိုင်ခင်ကတည်းက နိုင်ငံကို အုပ်ချုပ်လာခဲ့သော ပီအေပီ သည် ပါလီမန်အမတ်နေရာ ၉၇ နေရာတွင် ၈၇ နေရာအနိုင်ရခဲ့ပြီး အတိုက်အခံများသည် ယခင်ရွေးကောက်ပွဲများတွင် အောင်မြင်ခဲ့မှုအချို့ကို ထပ်မတိုးချဲ့နိုင်ခဲ့သောကြောင့် မဲဆန္ဒနယ် ၃၃ ခု၏ နေရာများစွာတွင် အပြတ်အသတ်အနိုင်ရခဲ့သည်။
ပီအေပီ သည် အမတ်နေရာ ၉၀ ရာခိုင်နှုန်းခန့်ဖြင့် တစိုက်မတ်မတ်အနိုင်ရခဲ့သော်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အဆိုးဝါးဆုံးစွမ်းဆောင်မှု မှတ်တမ်းဝင်ခဲ့ပြီးနောက် ဝန်ကြီးချုပ် လောရင့်ဝေါင်က သူ့လက်ထက် ပထမဆုံးရွေးကောက်ပွဲတွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ရန် စိတ်အားထက်သန်ခဲ့သည်။
ပီအေပီ အနိုင်ရမှုကို တရားဝင် မကြေညာသေးသော်လည်း ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက်အရ မဲအရေအတွက် ၆၅ ဒဿမ ၅၇ ရာခိုင်နှုန်း ရရှိထားသည်ဟု သိရကာ ၂၀၂၀ ပြည့်နှစ်က ရွေးကောက်ပွဲတွင် ရရှိခဲ့သော ၆၁ ဒဿမ ၂ ရာခိုင်နှုန်းထက် ကျော်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
Ref: CNN