၂ဝ၂ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲ ပါတီအောင်နိုင်ရေး အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စတေကာ ကမ်ပိန်းပြုလုပ်

 

မန္တလေး စက်တင်ဘာ

မန္တလေးမြို့ ၈ ၃လမ်း၊၂၃လမ်း နှင့် ၂၄ လမ်းကြားရှိ အောင်မြေသာ စံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ယနေ့နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြို့နယ်ပါတီမှ ဦးဆောင်၍ ၂ဝ၂ဝ ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ပါတီအောင်နိုင်ရေး စတေ ကာကမ်ပိန်း ပြုလုပ်ခဲ့သည်။

အဆိုပါ စတေကာကမ်ပိန်းကို အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ၂ဝ၂ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများနှင့် တစ်သီးပုဂ္ဂလ များအား စတင်မဲဆွယ်စည်းရုံးခွင့်ပြုခဲ့သည့် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ပါတီအနေနဲ့ ဒီနေ့ နံနက် ၈ နာရီမှာ ပါတီအောင် လံလွှင့်ထူပွဲကို အရင်လုပ်ပါတယ်။ ပြီးတော့ မြို့နယ်ရုံးရှေ့မှာ ဖြတ်သန်းသွားလာပြီး ပါတီအပေါ် ချစ်မြတ်နိုးတဲ့ ပြည်သူလူထုရဲ့ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ကားတွေမှာ ပါတီအောင်နိုင်ရေး စတေကာတွေ ကပ်ပေးတဲ့အခါ ပြည် သူလူထုကလည်း ကျွန်တော်တို့ ပါတီအပေါ် ယုံယုံကြည်ကြည်နဲ့ သူတို့ရဲ့ မော်တော်ယာဉ်တွေမှာ မြတ်မြတ်နိုးနိုးနဲ့ အကပ်ခံခဲ့ကြ ပါတယ်။ ပါတီရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ပိုမိုတောက်ပသော အနာဂတ်ဆီသို့ ရောက်ရှိဖို့အတွက် လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားပြီး ပြည်သူ့အကျိုးကိုအကောင်းဆုံး ဆောင်ရွက်သွား ပါ့မယ်”ဟု ပြည်ခိုင်ဖြိုးပါတီအား ကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင်မည့်အောင်မြေသာ စံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးညီညီ (ခ) ဦးကျော်စန်းက ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သည့် စတေကာ ကမ်ပိန်းသို့ အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညီညီ (ခ) ဦးကျော်စန်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လောင်းဦးမျိုးမြင့်၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကိုကိုလေး၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီ ကော်မတီဝင် ဦးညီညီမင်း၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်လူငယ်နှင့် အမျိုးသမီးအဖွဲ့ဝင်များ တက်ရောက် ပါဝင်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

သုတ