ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကမ္ဘာ့အပျော်တမ်းစစ်တုရင်ချန်ပီယံကို ဂုဏ်ပြုချီးမြှင့်

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက လက်ရည်စံနှုန်း ၂၃ဝဝ အောက် ကမ္ဘာ့အပျော်တမ်းစစ်တု ရင်ပြိုင်ပွဲ၌ပထမရရှိခဲ့သော မြန်မာ့ ဂုဏ်ဆောင်ချန်ပီယံဆုရှင် ဦးဝင်း ထွန်းအား ဂုဏ်ပြုသည့်အခမ်း အနားကို ယခုလ ၂ဝရက် မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီကော် မတီဝင်များ၊ အရန်ကော်မတီဝင် များ၊ ချန်ပီယံဆုရှင်ဦးဝင်းထွန်းနှင့် မိသားစုများ တက်ရောက်ကြပြီး အစီအစဉ်အရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ ချန်ပီယံဆုရှင် ဦးဝင်းထွန်းက ပြိုင်ပွဲအတွေ့အကြုံ နှင့် ကျေးဇူးတင်စကားများ ပြန် လည်ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဂုဏ်ပြုငွေကျပ် ၁ဝ သိန်းအား တိုင်းဒေသကြီး အတွင်းရေးမှူးဦးသာဝင်းက ပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)