တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသမီးရေးရာကော်မတီဝင်များ ဆောင်ရွက်မှုများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ် ကော်မတီဝင် ဒေါ်တင်မေထွန်းနှင့် ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ ဒေါ်ကြည်မေတို့သည် ဧပြီလ (၃) ရက်နေ့က တာချီလိတ် (မေတ္တာရှင်လူမှုကူညီရေးအသင်း)အား တန်ဖိုးငွေ (၃၇၅၀)ဘတ်ရှိ အသက်ကယ် ဦးထုတ် (၁၅) လုံး လှူဒါန်းပေးခဲ့ပါသည်။

 

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီဝင်များ စုပေါင်း၍ ပုန်းထွန်၊ မကာဟိုခမ်းရပ်ကွက်နှင့် တာလေ/ကျိုင်းလပ်မြို့နယ်၊ ရပ်ကျေး အမျိုးသမီးရေးရာ အဖွဲ့ဝင်များအတွက် ရေးရာဝတ်စုံများအား ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ