ရည်မှန်းချက်



ပါတီ၏ရည်မှန်းချက်သည် ပြည်သူများ၏လိုအင်ဆန္ဒနှင့် ထပ်တူတပ်မျှဖြစ်သည့် “နိုင်ငံတော်ကို အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စု နိုင်ငံ တော်အဖြစ် တည်ဆောက်ရေးနှင့် အဓွန့်ရှည်တိုးတက်တည်တံ့ခိုင်မြဲရေး” ပင်ဖြစ်သည်။ ဤရည်မှန်းချက် အောင်မြင်စေရန်ပါတီသည် ပြည်သူများနှင့်အတူ တစည်းတလုံးတည်း လက်တွဲပူးပေါင်းတည်ဆောက်၍ ကာကွယ်စောင့်ရှောက်မည်။ ပါတီသည် ပြည်သူများ၏အကျိုးစီးပွားနှင့် လိုအင်ဆန္ဒကိုအစဉ်ထာဝရ ဦးထိပ် ထားဆောင်ရွက်မည်။