ရိက္ခာထောက်ပံ့မှု မရသည့် မောင်တောမြို့ ဟိန္ဒူ ဒုက္ခသည်စခန်းရှိ မိသားစုဝင်များ အတွက် စားနပ်ရိက္ခာများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၃ ရက်တွင်ထောက်ပံ့ ခဲ့ကြောင်း ယင်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ မောင်တောမြို့ ဟိန္ဒူဒုက္ခ သည်စခန်းတွင် လူဦးရေ ၁,၂၀၀ ကျော်နေထိုင်ပြီး အစိုးရ ရိက္ခာထောက်ပံ့မှုမရသည်မှာ သုံးလ ကျော်ပြီဖြစ်ကြောင်း ၎င်းက ပြော သည်။
အပစ်ရပ်ရန် ရှမ်းပါတီ၊ အဖွဲ့အစည်းများ မေတ္တာရပ်ခံထားသော်လည်း RCSS နှင့် SSPP တိုက်ပွဲဆက်ဖြစ်
ရှမ်းနိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများက အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS) တို့ကို မေတ္တာရပ်ခံ ထားသော်လည်း SSPP နှင့် RCSS တို့အကြား ယမန်နေ့က တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကို ပထနေ့အဖြစ် ပြည်နယ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးအောင်သူ၊၊ ပြည်နယ်ကော်မတီဝငများ၊ (၆) ခရိုင်၊ (၁၉) မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့များ၊ စုစုပေါင်း အင်အား (၄၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
ဖိအားပေးတာတွေရှိပေမယ့် ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ အဆင်သင့်ပြင်ဆင်ထား
နိုင်ငံတကာ နဲ့ ကုလသမဂ္ဂအဖွဲ့စည်းတွေက မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေ မပြန်ဖို့ ဖိအားတွေ ပေးနေပေမယ့် မြန်မာအစိုးရကတော့ လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားပါတယ်။ မြန်မာအစိုးရအနေနဲ့ မူလက စီစဉ်ထားတဲ့အတိုင်း မနက်ဖြန်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက RFA ကို ဒီကနေ့ ပြောပါတယ်။
နမ္မတူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ကျေးရွာပါတီကော်မတီဥက္ကဌအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး
နမ္မတူ၊ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ၊ အတွင်းရေးမှူး ၊ ဘဏ္ဍာရေးမှူး နှင့် မြို့ နယ်ကော်မတီဝင်များသည် ပန်လုံကျးရွာသို့သွားရောက်၍၊ ကျေးရွာပါတီကော်မတီဥက္ကဌအဖွဲ့ဝင်များနှင့် တွေ့ ဆုံကာ စည်းရုံးရေးလုပ်ငန်းစဉ်များကို ဆွေးနွေးကြပါသည်။
ကသာတွင် ကျေးရွာအုပ်စုပါတီရုံးဆိုင်းဘုတ်တင် ကျေးရွာပါတီဝင်များ တွေ့ဆုံပွဲကျင်းပ
ဝက်လက် နိုဝင်ဘာ ၁၂
ကသာမြို့နယ် အထက်ဝဲကြီးကျေးရွာအုပ်စု ဦးညွန့်ဖေနေအိမ်၌ ယမန်နေ့ နံနက် ၈ နာရီတွင် ပြည်ခိုင်ဖြိုးပါတီကျေးရွာအုပ်စုပါတီ ရုံးဆိုင်းဘုတ်တင်ပွဲနှင့် ကျေးရွာပါတီဝင်များတွေ့ဆုံပွဲကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်ကော် မတီဝင်(ကသာခရိုင်တာဝန်ခံ)ဦးအောင်ကိုစံ၊ ကသာမြို့နယ် ပြည် ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌနှင့် ကော် မတီဝင်များ အင်အား ၄၃ ဦး တက်ရောက်ကြသည်။
စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ကျောင်းသုံးဗလာစာအုပ်များတစ်အိမ်တက်ဆင်းလှူဒါန်း
စဥ့်ကိုင် နိုဝင်ဘာ ၇
စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ သစ်ခေါက်အုပ်စု သစ်ခေါက်ကျေး ရွာနှင့်ဆည်ကတော်ကျေးရွာများရှိ ထက်လယ်မူ ကျောင်းသား ကျောင်းသူ ၁၄ဝ မှာ ဗလာစာအုပ်နှင့် လေးကြောင်းမျဉ်းစာအုပ် များလိုအပ်နေရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် တိုင်းပါတီကော် မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေး အဖွဲ့များစုပေါင်း၍ တစ်အိမ်တက်ဆင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဥပဒေဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်
မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး၌ ရွေးကောက်ပွဲဥပဒေဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအား (၁၆.၁၀.၂၀၁၈) ရက်နေ့ နံနက်(၀၉း၃၀) နာရီအချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ တိုင်းပါတီအတိုင်ပင်ခံများ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၃၄၈) ဦး တက်ရောက်ခဲ့ကြပါသည်။
Crd;
လွှတ်တော်ကျပ်သိန်းတစ်ထောင်ဆိုင်ရာ အစည်းအဝေးနှင့် ပါတီစည်းရုံးရေးလုပ်ငန်းရပ်များ ချမှတ်ခြင်း
၂၀၁၈-ခုနှစ် ၊ အောက်တိုဘာလ (၁၂) ရက်နေ့ ၊ နံနက် (၁၀း၃၀) နာရီအချိန် ၊ မိုင်းပျဉ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းမ၌ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ ပါတီ၏ ရှေ့လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန်က မိမိတို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးက ဖော်ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖတ်ကြားတင်ပြပါသည်။ ဆက်လက်၍ ခရိုင်ပါတီကော်မတီဝင် ဦးချာဟူနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်း တို့က သက်ဆိုင်ရာအုပ်စုအလိုက် ဟောပြောရမည့် အချိန်များကို မေးမြန်း၍ တာဝန်များကို ခွဲဝေသတ်မှတ်ပေးပါသည်။ အစည်းအဝေးသို့ ပြည်နယ်/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်/ကျေးဥက္ကဋ္ဌ နှင့် စည်းရုံးရေးမှူးများ ၊ စုစုပေါင်းအင်အား (၆၄) ဦး တက်ရောက်ပါသည်။ အစည်းအဝေးကို မွန်းလွဲ(၁၂း၃၀)နာရီအချိန်တွင် ရုတ်သိမ်းပါသည်။