ကော့ကရိတ် ဖေဖော်ဝါရီ ၎
ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့ နံနက် ၈ နာရီ မိနစ် ၂ဝ တွင် ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာသို့ရောက်ရှိကာ ကမ်းနီပရိယတ္တိကျောင်းကြီး ဆရာတော်အား ဖူးမြော်၍ အလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကမ်းနီကျေးရွာ အမှတ် (၃) ရပ်ကွက်ရှိ ပါတီဝင် မခင်ရှင်း နေအိမ်၌ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့် တွေ့ဆုံ၍လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပါတီ အောင်နိုင်ရေးကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့သည်။