သောက်သုံးရေအဆင်ပြေစေရေး ပါဝင်ကူညီဆောင်ရွက်ပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကန်ကြီးထောင့်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၏ စီမံဆောင်ရွက်မှုဖြင့် မြို့နယ် စည်ပင် သာယာရေးကော်မတီက အုန်းပင်ဆိပ်အုပ်စု၊ ပေပင်ကျေးရွာသို့ သောက်သုံးရေ လှုဒါန်းမှုတွင် ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပူးပေါင်းပါဝင် ကူညီခဲ့ကြသည်။ (၁၆-၅-၂၀၁၆)

 


ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ရွေးချယ်ခြင်းကိစ္စများ တွေ့ဆုံဆွေးနွေးခြင်းကို မေလ (၁၅) ရက် ညနေ (၅) နာရီခွဲအချိန်ခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှမ်းတဲကြီးကျေးရွာ အမှတ်(၂)လမ်းမကြီးပေါ်ရှိ ဦးကံညွှန့်နေအိမ်၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပုံမှန် လပတ်အစည်းအဝေးပြုလုပ်

YTS2

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန်ပြုလုပ်သည့် လပတ်အစည်းအဝေး၌ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသိန်းမြင့်ထွန်းနှင့် မြို့နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုးသီဟတို့မှ တက်ရောက်လာကြသော ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၅၉)အုပ်စုမှ ပါတီခေါင်းဆောင်များအား ပါတီလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

credit;Usdp Yedashe

ကျောက်တန်းပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီကော်မတီများ ပြင်ဆင်ဖွဲ့စည်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ကျောက်တန်းမြို့နယ် တာဝန်ခံ ဒေါ်အေးမင်းမိုး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမောင်မောင်တာ၊ မြို့နယ်ပါတီကော်မတီ ၀င်များသည် မေလ (၁၂) ရက်နေ့က ကျောက်တန်းမြို့နယ် ရွာသစ်ကလေးကျေးရွာ၊ ကရင်ချောင် ကျေးရွာနှင့် ပန်းတောကျေးရွာများသို့ သွားရောက်၍ ရပ်/ကျေးပါတီကော်မတီများ ပြင်ဆင်ဖွဲ့စည်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆေးဖက်ဝင် ဖာလာစေ့

13221448_1763157500586974_5604125118785337202_n

“Cardamom “လို့ခေါ်တဲ့ ဖာလာအစေ့အစွမ်း ဖာလာစေ့ကို ရေနွေပူပူဖြင့် စိမ့်သောက်၍သော်၎င်း ကျိုချက် သောက်သုံး၍သော်၎င်း မိမိကြိုက်နှစ်သက်သလို သောက်သုံးလို့ ရပါတယ်။ ဖာလာစေ့ဟာ အရေပြားနှင့် ဆံပင်ကို များစွာ အထောက်ကူဖြစ်စေပါတယ်။

သူ့ရဲ့ကောင်းကျိုး အာနိသင်ကတော….

သွေးအားကိုမြင့်တင်ပေးခြင်း.. အသားအရည် စိုပြေလန်းဆန်းစေခြင်း… ဆံပင်ပြတ်ခြင်း ဘောက်ထခြင်း ဆံပင်မသန် စွမ်းခြင်း ဆံပင်နှစ်ခွဖြစ်ခြင်း ဦးရေပြားယား ယံခြင်းတို့ကို ပျောက်ကင်း သက်သာစေပြီး ကင်ဆာနှင့် အခြားသော ရောဂါများကိုလည်း ကာကွယ်တာဆီးပေးပါတယ်။

တစ်ကမ္ဘာလုံးတွင် စစ်ကြောင့်နေရပ် စွန့်ပစ်ထွက်ပြေးရသူပေါင်း သန်း ၄၀ ကျော်ရှိ

Part-PAR-Par8199041-1-1-0

လန်ဒန်၊ မေ ၁၁

တစ်ကမ္ဘာလုံးတွင် စစ်ပွဲပဋိပက္ခများကြောင့် နိုင်ငံတွင်း၌ပင် နေရပ်ပြောင်းရွှေ့ရသူပေါင်းသည် ယမန်နှစ်ထက် တိုးတက်များပြားလာကာ စံချိန်တင်အဖြစ် ၄၀ ဒဿမ ၈ သန်းရှိကြောင်း မေ ၁၀ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်က ဖော်ပြသည်။

အမှတ်ပေးချန်ပီယံ ဆွတ်ခူးခဲ့သည့် လက်စတာစီးတီး မန်နေဂျာကို ဆုများချီးမြှင့်

ပရီမီးယားလိဂ် ပထမဆုံးဖလားကို ရရှိသွာတဲ့ လက်စတာစီးတီးအသင်းကို အောင်မြင်မှုရအောင် ဦးဆောင်မှုပေးခဲ့တဲ့ မန်နေဂျာ ကလက်ဒီယို ရန်နီရီကို ၂၀၁၆ ခုနှစ်အတွက် အန်ဇို ဘဲဇော့ (Enzo Bearzot) ဆုကို ချီးမြှင့်လိုက်ပါတယ်။

အကောင်းဆုံး အီတလီမန်နေဂျာဆုဖြစ်တဲ့ Palma d’Oro (Golden Palm) ဂိုးဒင်းပမ်း ဆုကိုပါ ချီးမြှင့်လိုက်ပါတယ်။

နယ်စပ်အနီး ချီလီစစ်စခန်း တည်ဆောက်မှုကို ဘိုလီးဗီးယား သမ္မတ ကန့်ကွက်

ဘိုလီးဗီးယား သမ္မတ အီဗို မိုရာလက်စ်

နှစ်နိုင်ငံနယ်စပ်အနီး စစ်စခန်း တည်ဆောက်ခဲ့သည့် ချီလီ၏လုပ်ရပ်ကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မိမိတို့ယူဆ ကြောင်း ဘိုလီးဗီးယားသမ္မတ အီဗိုမိုရာလက်စ်က ပြောကြားခဲ့သည်။

မေ ၈ ရက်တွင် မိုရာလက်စ်က ချီလီအနေဖြင့် နှစ်နိုင်ငံပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် ဆီလာလာမြစ်နှင့် ၉ မိုင်အကွာတွင် စစ်စခန်းတစ်ခုကို တည်ဆောက်ထားကြောင်း စွပ်စွဲပြောကြားခဲ့သည်။ ယင်းသည် နိုင်ငံအချင်းချင်း နယ်စပ်များနှင့် မိုင် ၃၀ အတောအတွင်း စစ်စခန်းများဆောက်လုပ်ခြင်းမပြုရန် နိုင်ငံတကာသဘောတူညီမှုကို ဆန့်ကျင်နေကြောင်းလည်း ၎င်းက ဆိုသည်။

၂ဝ၁၆ ခုနှစ် မေလ ၁ ရက် မေဒေးနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ကပေးပို့သောသဝဏ်လွှာ

 

လုပ်သားထုအပေါင်းတို့ခင်ဗျား-
ယနေ့ မေဒေးနေ့ဟာ ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားထုကြီးအား အမှတ်တရဂုဏ်ပြုသော နေ့ထူး နေ့မြတ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း လုပ်သားထုကြီး တစ်ရပ်လုံးကို ကိုယ်စားပြုပြီး မေဒေးနေ့ကို အခုလိုကျင်းပကြတဲ့အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တာဝန်ယူခဲ့တဲ့ အစိုးရ လက်ထက်မှာ အလုပ်သမား သမဂ္ဂအဖွဲ့ ၁၈၈၉ဖွဲ့ ဖွဲ့စည်းခွင့်ရရှိခဲ့၍ အလုပ်သမားအဖွဲ့ချုပ်ခုနစ်ဖွဲ့လည်း ပေါ်ထွန်းလာခဲ့ပါတယ်။ နိုင်ငံတွင်းမှာအလုပ်သမားသမဂ္ဂအဖွဲ့အစည်း ပေါင်းများစွာ ပေါ်ထွန်းလာပြီး အလုပ်သမားရေးကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည်များကိုလည်း တွေ့မြင်နေရပါတယ်။ အဓိကအဖွဲ့အစည်းများ ပေါ်ပေါက်လာတဲ့အပေါ် ကျွန်တော့်အနေဖြင့် အကြံပြုလမ်းညွှန်မှုပေးရပါလျှင် အချင်းချင်းစည်းလုံးညီညွတ်စွာ အတူတူပူးပေါင်းလုပ်ကိုင်နိုင်ရန် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုကို အဓိကထားသင့်ကြောင်း အကြံပြုလို ပါတယ်။