ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဗင်ဟောကင်း ကွယ်လွန်

ကမ္ဘာကျော် ဗြိတိသျှ သိပ္ပံ ပညာရှင်ကြီး စတီဗင် ဟောကင်း (အသက် ၇၆ နှစ်) ကွယ်လွန်သွားပြီလို့ မိသားစု ပြောခွင့်ရသူက ပြောပါတယ်။
စတီဗင်ဟောကင်းဟာ “အချိန်ရဲ့သမိုင်းအကျဉ်း” စာအုပ် အပါအဝင် နာမည်ကြီး သိပ္ပံဆိုင်ရာ ကျမ်းတွေ ပြုစုခဲ့သလို စကြ၀ဠာ အာကာသထဲက တွင်းနက်တွေ အကြောင်းနဲ့ နှိုင်းရ သဘောတရား တွေမှာလည်း အကြီးအကျယ် ပြောင်းလဲစေခဲ့သူ အဖြစ် လူသိများပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ရွှေပြည်သာယာကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ချီးမြှင့်
ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်အုပ်စု၊ ရွှေပြည်သာယာကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာများမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်ထောင်နယ်မြေဥက္ကဋ္ဌ ဦးဝေလွင်မှ ပါတီ၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်အတွင်းရေးမှူးနှင့်အဖွဲ့ သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာကိစ္စရပ်များ မီဒီယာကိစ္စရပ်များ ဆွေးနွေး
ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဋ္ဌာန်းရွတ်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကော်မတီဝင် ဦးသန်းလှိုင်နှင့်အဖွဲ့၊ ကျန်စစ်သားရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဝင်များစုပေါင်း၍ ယခုလ ၆ ရက် နံနက်ပိုင်း က ဒလမြို့နယ် ကျန်စစ် သားရပ်ကွက်’ရတနာအေးရိပ်သာ’ ဘုန်းတော်ကြီးကျောင်း၌ ပဋ္ဌာန်း ရွတ်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်း တိုက်ဆရာတော် ဦးသောဘဏ ထံမှငါးပါးသီလခံယူပြီး ရေစက်ချ တရားတော် နာယူခဲ့ကြကြောင်း သိရသည်။
ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့်ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ တိုင်းဥက္ကဌ ဦးစောမော်ထွန်း တိုင်းဒုတိယဥက္ကဌ ဦးအောင်ချိုဦးနှင့်တိုင်းခရိုင်မြို့နယ် ကော်မတီဝင်များ၊ပြည်မြို့မြသိ င်္ဂီသီလရှင်ကျောင်းတွင် လှူဘွယ်ပစ္စည်းများလှူဒါန်းနေစဉ်
နှစ်သစ်တွင် ကင်ဂျုံအန် ခြိမ်းခြောက်

နျူကလီးယားလက်နက် ပစ်လွှတ်သည့် ခလုတ်သည် မိမိစားပွဲပေါ်တွင်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန် အနေဖြင့် စစ်ပွဲတစ်ပွဲကို ဘယ်သောအခါမျှ စတင်နိုင်စွမ်းရှိမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောသည်။
ရုပ်သံက ထုတ်လွှင့်သော နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်ဂျုံအန် က အမေရိကန် နိုင်ငံတစ်ခုလုံးသည် မြောက်ကိုရီးယား နျူလက်နက်များ ရောက်ရှိနိုင်သော အကွာအဝေးအတွင်းရှိနေကြောင်း ပြောကြားပြီး ယင်းသည် ခြိမ်းခြောက်မှု မဟုတ်ဘဲ ဧကန်စင်စစ်ဖြစ်ကြောင်း ဆိုသည်။
ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဝါရင့်ပါတီခေါင်းဆောင်များအား ဂုဏ်ပြုပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ #ဝါရင့်ပါတီခေါင်းဆောင်များဂုဏ်ပြုပွဲကို (၁၇.၁၂.၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပုသိမ်ကြီးမြို့နယ်ရှိ တိုင်း/ခရိုင်/မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက် (၆၀) အထက် ဝါရင့်ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲ၌ ပါတီဝင်သစ် အဆိုပြုလွှာများပေးအပ်

မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူးကျင်းပသည့် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂ဝ၁၇) သင်တန်းဆင်းပွဲအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီအတွင်းရေးမှူး ဦးမျိုးဇော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် မြို့နယ်ကော်မတီဝင်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း သည် တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးခင်မောင်လွင်၊ ဦးအားလောင်း၊ ဦးစိုးကျော်အောင်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ ပါတီလူငယ်များဖြင့် (၆-၁၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းလပ်မြို့နှင့် တာလေမြို့နယ်များသို့ ကား (၂) စီးနှင့် ကွင်းဆင်းသွားရောက်ခဲ့ပါသည်။



