
ဗြိတိန်က ပေါက်တဲ့ ယူရိုမီလျံ ဥရောပထီဆုကြီးတွေထဲမှာ ဒီဆုဟာ စတုထ္ထ အများဆုံးဖြစ်
၂၀၁၉ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့မှာ ဖွင့်တဲ့ ဥရောပထီ ယူရိုမီလျံ ပေါင် ၁၁၅ သန်းဆုကြီးကို ယူကေမှာ ထိုးတဲ့ လက်မှတ် တစ်စောင်က ပေါက်သွားပါတယ်။

ဗြိတိန်က ပေါက်တဲ့ ယူရိုမီလျံ ဥရောပထီဆုကြီးတွေထဲမှာ ဒီဆုဟာ စတုထ္ထ အများဆုံးဖြစ်
၂၀၁၉ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့မှာ ဖွင့်တဲ့ ဥရောပထီ ယူရိုမီလျံ ပေါင် ၁၁၅ သန်းဆုကြီးကို ယူကေမှာ ထိုးတဲ့ လက်မှတ် တစ်စောင်က ပေါက်သွားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ၊ ရုရှားသမ္မတ Vladimier Putin ၊ အမေရိကန်သမ္မတ Donald Trump ၊ တရုတ်သမ္မတ Xi Jinping

အိန္ဒိယနိုင်ငံမှာ ဧပြီလကနေ မေလအထိ ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲတွေမှာ လက်ရှိအာဏာရ Bharatiya Janata Party (BJP) အနေနဲ့ အနိုင်ရလိမ့်မယ်လို့ ယုံကြည်မှု အပြည့်ရှိကြောင်း ၀န်ကြီးချုပ် Narendra Modi က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံအရှေ့ ပိုင်း ရှန်တုံပြည်နယ် Qingdao လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများ တာဝန်ထမ်းဆောင်နေစဉ်(ဆင်ဟွာ)
ဂျင်နန်း ၊ ဇန်နဝါရီ ၁ ရက်
တရုတ်နိုင်ငံသည် ကမ္ဘာ့ နိုင်ငံပေါင်း ၅၃ နိုင်ငံမှ ခရီးသွားများအတွက် ယနေ့ ဇန်နဝါရီ ၁ ရက်တွင် နိုင်ငံအတွင်းရှိ မြို့ ၅ မြို့ ကို ဗီဇာမလိုဘဲ ၁၄၄ နာရီ ခရီးတစ်ထောက်ဝင်ရောက်လည်ပတ်ခွင့်ကို စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရယန္တရား ရပ်တန့်တာကို အဆုံးသတ်ဖို့အတွက် ရွေးချယ်စရာတွေကို ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ကွန်ဂရက်က ရန်ပုံငွေ ၅ ဘီလျံ ခွင့်ပြုပေးဖို့ ထရမ့်က တောင်းဆိုတာကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့ကစပြီး အစိုးရယန္တရား လေးပုံတပုံလောက် ရပ်ဆိုင်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လူပေါင်း ၄၃၀ ထက်မနည်း သေဆုံးခဲ့တဲ့အထိ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ခဲ့တဲ့ Anak Krakatau မီးတောင်ပေါက်ကွဲမှု အန္တရာယ် သတိပေးချက်ကို အာဏာပိုင်တွေ အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ချက်ချင်းလက်ငင်း လင်မယားကွာရှင်းတဲ့ဓလေ့ ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုတဲ့ တရားရုံးချုပ်ရဲ့တင်ပြချက်ကို အောက်လွှတ်တော်က မနေ့က သဘောတူ အတည်ပြု လိုက်ပါတယ်။
ဒါ့အပြင် အဲဒီနည်းနဲ့ ကွာရှင်းတဲ့ လင်ယောက်ျားကို ထောင်ဒဏ် ၃ နှစ် ချမှတ်ဖို့လည်း ပါရှိပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Gavin Williamson ဂဲဗင် ဝီးလီယံဆင် က ဗြိတိန်နိုင်ငံရဲ့ 5G မိုဘိုင်း ဆက်သွယ်ရေး စနစ်ထူထောင်ရေးလုပ်ငန်းမှာ တရုတ်နိုင်ငံက Huawei ဟွာဝေး ကုမ္ပဏီ ပါဝင်လုပ် ကိုင်နေတာကို အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
5G စနစ်မှာ ဟွာဝေး ကုမ္ပဏီပါဝင်နေတာကို ကျနော်တို့ သတိထားဖို့ လိုပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သြစတေးလျနိုင်ငံတွေဟာ သူတို့နိုင်ငံတွေရဲ့လုံခြုံရေးကို အဆင့်အမြင့်ဆုံးထားပြီး ဆောင်ရွက်နေပါတယ်လို့ ဗြိတိန်ဝန်ကြီးက ပြောပါတယ်။

ဝင်ငွေနည်း မိသားစုများအား ငွေကြေး ထောက်ပံ့သည့် အစီအစဉ်ကို မလေးရှားအစိုးရက လာမည့်လတွင် ပြန်လည် စတင်မည်ဖြစ်ကာ စားဝတ်နေရေးကုန်ကျစရိတ် အကူအညီ (BSH) အစီအစဉ်အရ ဇန်နဝါရီ ၂၈ ရက် တွင် မိသားစု တစ်စုလျှင် မလေးရှားရင်းဂစ် ၃၀၀ (RM 300) စီ ထုတ်ပေးမည်ဟု ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ် အန်းက ပြောကြားသည်။

ထိုင်ဝမ်နိုင်ငံကို ခရီးသွားအလည်အပတ်ဗီဇာနဲ့ ရောက်ရှိလာခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား ၁၅၂ ဦး ပျောက်ဆုံး သွားကြတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်ဝမ်အနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်ခဲ့ရာမှာ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ခရီးသွားတွေကို ဆွဲဆောင်တဲ့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေ တိုးမြှင့်ထုတ်ပေးခဲ့ ပါတယ်။