ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကွန်ကရစ်လမ်းခင်းရန် အလှူငွေများ လှူဒါန်း

 

ရေကြည် စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်လယ် သုသာန်လမ်းကွန်က ရစ်ခင်းရန် ယမန်နေ့ နံနက် ၁၁ နာရီက ကရုဏာ လူမှုကူညီရေး အသင်းရုံးသို့ သွားရောက်ကာ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ပြည်ခိုင်ဖြိုးပါတီမှ နမ့်မော်ဆွမ့် အလကကျောင်းသို့ လက်ဆေးဘေစင်နှင့် နှာခေါင်းစည်းများ လှူဒါန်း

 

မိုးနဲ စက်တင်ဘာ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း နမ့်မော်ဆွမ့်ကျေးရွာရှိ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ အသုံးပြုနိုင်ရန်အတွက် လက်ဆေးဘေစင်နှင့် နှာခေါင်းစည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာတွင် ပါတီဆိုင်းဘုတ်တင်

 

မြစ်သား စက်တင်ဘာ

မြစ်သားမြို့နယ် ကျွဲတပ်ကျေးရွာအုပ်စု ရွှေကုန်းကျေးရွာ ပါတီကော်မတီဝင် ဦးဝင်းဇော်နေအိမ်၌ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးမြင့်ဇော်တို့က အမွှေးနံ့သာရည်ပက်ဖျန်း၍ ပါတီဆိုင်းဘုတ် တင်ခြင်းကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သက်ကြီးဘိုးဘွားများအား ကူညီထောက်ပံ့

 

မန္တလေး စက်တင်ဘာ

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ အမရဌာနီ အရှေ့အမရ ဌာနီအနောက်နှင့် ညောင်ကွဲရပ်ကွက်များအတွင်း နေထိုင်သော အသက် (၈၅နှစ်) အထက် သက်ကြီး ဘိုးဘွားများကို ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အိမ်တိုင်ရာရောက် လှည့်လည် ပူဇော်ကန်တော့၍ အလှူငွေနှင့်စား သောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ကူညီလျက်ရှိသည်။

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဈေးနှင့်ရပ်ကွက်အတွင်း Mask များအခမဲ့ဖြန့်ဝေ

 

မန္တလေး စက်တင်ဘာ

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အမရဌာနီ အနောက်ရပ်ကွက် သူရဲဈေးနှင့် ရပ်ကွက်အတွင်း သွားလာနေထိုင် လျက်ရှိသော ဈေးသည်များ၊ ဈေး ဝယ်များနှင့် ရပ်ကွက်နေပြည်သူ များအား ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂နာရီအထိ Mask များအခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့သည်။

ဟိုပင်ပြည်ခိုင်ဖြိုးပါတီမှ ရွာသစ်ကြီးကျေးရွာတွင် Covid 19 အသိပညာပေးခြင်းနှင့် Mask များဝေငှ

 

ဟိုပင် ။စက်တင်ဘာ(၄)

စက်တင်ဘာ (၄) ရက်နေ့ မနက် ၆ နာရီ အချိန်တွင် ကချင်ပြည်နယ် မိုညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်မြို့ ရွာသစ်ကြီးကျေးရွာ ကျေးရွာ စျေး အတွင်းနှင့် လမ်းမကြီးဘေး တွင် Covid 19 အသိပညာပေးခြင်းနှင့်Maskများ ပေးဝေခြင်း ပြုလုပ် ခဲ့ကြသည်။

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယကသည် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

မိုးကောင်း စက်တင်ဘာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနာယက ဦးကျော်မြင့်သည် မြို့နယ် အရန်ပါတီ ကော်မတီဝင်လူငယ်ရေးရာနှင့် နယ်မြေ (၃) တွဲ ဖက်တာဝန်ခံ ဦးသန်းစိုးလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက လွဲလော၊လွဲဆွန်းနှင့် မန်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တို့မှ ကျောင်းထိုင်ဆရာတော် များအား သွားရောက်ဖူး မြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ COVID-19 ကာလအဆင်ပြေရေး ပစ္စည်းများ ထောက်ပံ့လှူဒါန်း

 

ဝန်းသို စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၏ ကူညီမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးထိန်မင်းသည် ယမန်နေ့က ကြိုးကြာဝင်းရပ်ကွက်နှင့် ယနေ့နံနက်ပိုင်း တွင် ၁၂၁ ရပ်ကွက်၊ စစ်မှုထမ်းဟောင်း ရပ်ကွက်၊ အောင်သပြေရပ် ကွက်စုစုပေါင်းအိမ်ထောင်စု ၁၈၆စု အတွက် COVID-19 ကာလ မိသားစုများ အဆင်ပြေနိုင်စေရေးအတွက် ဆန်၊ ဆီ၊ဆား ကြက်သွန် တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အောက်ဆီဂျင် လှူဒါန်းရေး အဖွဲ့ရှိ အရေးပေါ် နာရေးအကူကားအတွက် ဓာတ်ဆီဂါလန် ၅ဝ ပေးအပ်လှူဒါန်း

 

ထားဝယ် စက်တင်ဘာ ၂

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးယုနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်တို့သည် ယမန်နေ့ နံနက် ၉ နာရီတွင် ထားဝယ်အာယုဒါနပါရမီမြောက် ကုသိုလ်ဖြစ်အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေး အဖွဲ့ရုံးသို့ သွားရောက်ကာ အရေးပေါ်နာရေးအကူ ကားအတွက် လူနာကူညီပို့ဆောင်ရေးများတွင် အသုံးပြု နိုင်ရေးဓာတ်ဆီ ဂါလန် ၅ဝ အား ပေးအပ်လှူဒါန်းရာ အာယုဒါနအောက်ဆီဂျင်အဖွဲ့ တာဝန်ခံဦးအောင်မြင့်နှင့် အဖွဲ့ဝင်များက လက်ခံရယူ၍ ကျေးဇူးတင်စကားများပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ Covid-19ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဈေးများအတွင်း Maskများအခမဲ့ ဖြန့်ဝေ

 

စက်​တင်​ဘာ(၁)၊မန္တ​လေး

ချမ်း​အေးသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ​Covid-19 ​ရောဂါ ကြိုတင်​ကာကွယ်​နိုင်​ရန်​အတွက်​ မြို့နယ်​အတွင်းရှိ ဈေးများအတွင်း ယ​မန်နေ့ နံနက် ​၉ နာရီမှ ၁၂ နာရီအထိက Mask များ အခမဲ့ ဖြန့်​​ဝေ လှူဒါန်းခဲ့သည်​။