ဇီးကုန်းပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးနှင့် ပြန်လည် ပြင်ဆင် ဖွဲ့စည်းရေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၂) ရက် နံနက် (၈) နာရီခွဲအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီ (၃၄) အုပ်စုကိုယ်စားပြု ပါတီဝင်ကေဒါများ တက်ရောက်ခဲ့ကြသည်။

ရန်ကင်းမြို့နယ်ပါတီ မျက်နှာစုံညီစည်းဝေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီစည်းဝေးပွဲနှင့် မြို့နယ်ကော်မတီဝင်ပြန်လည် ရွေးချယ်ပွဲကို ဇွန်လ (၂၂) ရက် နံနက် (၉) နာရီခွဲက မြို့နယ်ပါတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်စိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ရန်ကင်းမြို့နယ် (၁၅)ရပ်ကွက်မှ ကော်မတီဝင်များ တက်ရောက်ကြပြီး စာတမ်းဖတ်ကြားခြင်း အကြံပြုဆွေးနွေးကြခြင်း၊ မဲပေးရွေးချယ်ခြင်းများ စိတ်ဝင်စားစွာ တစ်ခဲနက်ကျင်းပကြကြောင်း သိရသည်။

ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့် ဒီပဲယင်းမြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးသို့တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် ယမန်နေ့ နံနက် ၈နာရီခွဲက စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်း မြို့နယ်တွင်ကျင်းပသည့် ဒီပဲယင်း မြို့နယ် ပါတီမျက်နှာစုံညီအစည်း အဝေးသို့တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားသည်။

ကိုးကွယ်သည့်ဘာသာကို အစွဲပြု၍ အမည်သစ်ခေါ်ဝေါ်စေခြင်း အခြေခံဥပဒေနှင့် မညီဟု ANP သဘောထားထုတ်ပြန်

ကိုးကွယ်သည့်ဘာသာကိုအစွဲပြ၍ အမည်သစ်ခေါ်ဝေါ်သုံးစွဲခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ငြိစွန်းသည့်ဆောင်ရွက်ချက်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)က သဘောထားထုတ်ပြန်သည်။

(၃၂)ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ‘‘ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအ၀ိုင်း’ ဟု သုံးနှုန်းရန် အစိုးရက တိုက်တွန်းခြင်း နှင့်ပတ်သက်၍ ANP က ဇွန်လ (၂၁) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (more…)


ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တိုက်ရိုက်ထိတွေ့နိုင်ရန် ပွင့်လင်းလွှတ်တော် အမည်ရှိ website လွှင့်တင်မည်

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တိုက်ရိုက်ထိတွေ့ ဆက်သွယ်နိုင်မည့် ပွင့်လင်းလွှတ်တော် (Open Hllutaw) ဟု အမည်ပေးထားသော website တစ်ခုကို လာမည့်ဇူလိုင်အတွင်း လွှင့်တင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

13442310_481536498716397_6359844057802119553_n

(more…)


“၂၁ ရာစုပင်လုံ” နှင့် “ရခိုင်ပြည်နယ်မှ မွတ်စလင်” တို့နှင့် ပတ်သက်၍ ANP ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးပြုလုပ်မည်

 “၂၁ ရာစု ပင်လုံညီလာခံ” နှင့် “ရခိုင်ပြည်နယ်မှ မွတ်စလင်” အသုံးအနှုန်းအပါအဝင် ဒေသအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် ရခိုင် အမျိုးသားပါတီ (ANP) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အစည်းအဝေးကို ဇူလိုင်(၁) ရက်မှစ၍ နှစ်ရက်ကြာ ဗဟိုဌာနချုပ် တည်ရှိသည့် စစ်တွေမြို့တွင် ပြုလုပ်မည်ဟု ANP ပါတီပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။ (more…)


မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများ အသင်းအား မှတ်ပုံတင်ခြင်းခွင့်မပြုရန်နှင့် အသင်းတည်ရှိမှု ဖျက်သိမ်းပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ရှေ့နေများတိုင်ကြား

ဇွန်လဆန်းအတွင်းကဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းဖွဲ့စည်းမှုနှင့်ပတ်သက်၍ ယင်း အသင်း၏ မှတ်ပုံတင်ခြင်းအားခွင့်မပြုရန်နှင့် အသင်းတည်ရှိနေမှုအား ဖျက်သိမ်းပေးရန် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရှေ့နေများက ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ကြောင်းသိရသည်။ ယင်းတိုင်ကြား စာကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေ့နေများက ပြည်ထဲရေးဝန်ကြီးဌာနသို့ လိပ်မူကာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)


CHDB ဘဏ်တွင် ကျပ်တစ်သိန်းထက် ငွေစုသူများကို တန်ဖိုးနည်းအိမ်ရာများ ဦးစားပေး ရောင်းမည် ဟုဆို

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် CHDB တွင် တစ်လလျှင် ငွေကျပ်တစ်သိန်းမှ နှစ်သိန်းကြား ပုံမှန်ငွေစုသူများကို တန်ဖိုးနည်းအိမ်ရာများ ဦးစားပေး ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။ (more…)


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အင်္ဂပူမြို့ရှိ ကွန်ကရစ်တံတားဖွင့်ပွဲ တက်ရောက်

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ဘုရားကိုင်း ကိုင်းမြင်းစိုင်းတောင်ကြောရှိ တိုင်တစို့-နန်ကသူ ချောင်းကူးတံ တားဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၁) ရက် နံနက် ၉နာရီတွင် အဆိုပါတံတား ၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဧရာဝတီတိုင်း ဒေသကြီးမဲဆန္ဒနယ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး၊ ဟင်္သာတခရိုင် ပါတီအလုပ အမှုဆောင်များ၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ် ပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပြည်ခိုင်ဖြိုး ပါတီ ရပ်/ကျေးစည်းရုံးရေးမှူးများ တက်ရောက်ကြသည်။

13407061_296931213973491_7007366475775400075_n 13445604_296931157306830_6927319541545898911_n

(more…)


ပြည်နယ်ပါတီဥက္ကဋ္ဌ သထုံပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးသို့ တက်ရောက်

မွန်ပြည်နယ်၊ သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံ အစည်းအဝေး အခမ်းအနားကို ဇွန်လ (၂၁) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

13522064_397801937061606_8538568371201124302_n

(more…)