မြန်အောင်မြို့နယ်ရှိရေကြီးနစ်မြုပ်ဒေသများသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆန်များသွားရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ယခုလ ၁ဝရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ပျိုးခင်းများရေမြုပ်ခြင်း၊ စပါးကြဲခင်းများ ရေနစ်မြုပ်ခြင်းနှင့် အချို့အနိမ့်ပိုင်းတွင်ရှိသောရွာများပါ ရေနစ်မြုပ်ခဲ့ပြီး ယနေ့အထိ ရေပြန်ကျခြင်းမရှိဘဲ ရေများဆက်လက်တိုးလျက်ရှိနေကြောင်း ကျွဲတဲကုန်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီမှ ဦးသန်းဌေးအောင်က ပြော သည်။ ရွာများနစ်မြုပ်မှုအဆိုးဆုံးနေရာများမှာ ကျွဲတဲကုန်းအုပ်စုမှ ဒေါင့် ကြီးကျေးရွာနှင့်ရေကူးစုရွာ၊ လေးတူးအုပ်စုမှ လေးတူးရွာတို့ဖြစ်ကြောင်း မြန်အောင်ပြည်ခိုင်ဖြိုးပါတီမှ ကနောင်တိုက်နယ်တာဝန်ခံ ဦးအောင်မျိုး ဦးက ပြောသည်။

သံတွဲပြည်ခိုင်ဖြိုး သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် မဟာဗောဓိစာသင်တိုက်၌ ပဉ္စမအကြိမ်မြောက် သက်တော်ကြီးသော ဆရာတော်များအား တပည့်ဆရာတော် သံဃာတော် များနှင့် ဒါယိကာ ဒါယိကာမများမှ စုပေါင်း၍ အာစရိယဂုဏပုဇော်ပွဲကို ဇွန်လ (၂၀) ရက် နေ့လည် (၁) နာရီအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြု လုပ်ရာ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ပါတီဝင်များ တက်ရောက်၍ လှူဖွယ်ဝတ္တု များဆက်ကပ်ခြင်း၊ ဝေယျာဝစ္စများပြုလုပ်၍ လုပ်အားဒါန ပေးလှူခဲ့ကြ ကြောင်း သိရသည်။

ရွှေပြည်သာတွင် ပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ရွှေပြည်သာမြို့နယ် (၆)ရပ်ကွက်ရှိ မြို့နယ်ပါတီရုံး၌ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၉) ရက် နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

အစည်းအဝေးတွင် သဘာပတိ ပြည်ခိုင်ဖြိုးပါတီ ခရိုင်အလုပ်အမှုဆောင် ဦးကျော်တင်က အမှာစကား ပြောကြား၍ မြို့နယ်လုပ်ငန်းဆောင်ရွက်ချက် များကို ဦးမင်းဝေက ရှင်းလင်းတင်ပြခဲ့သည်။

တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဗညားဒလမ်းမကြီး အမှတ် (၃၃၅) ပထမထပ်ရှိ တာမွေမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ ၌ ဇွန်လ (၁၈) ရက် နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ရွှေဘိုမြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် ယမန်နေ့ နံနက် (၉) နာရီခွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး သီဟရာဇာခန်းမ၌ ကျင်းပသည့် ရွှေဘိုမြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။

မြောင်းမြပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီနှင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး အခမ်းအနားကို ဇွန်လ (၂၀) ရက်က မြောင်းမြခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ၊ ပါတီ၊ လွှတ်တော်နှင့် သက်ဆိုင်သည့်အချက်အလက်များကို စုစည်းထားသည့် Website လွှင့်တင်

ရွေးကောက်ပွဲ၊ ပါတီ၊လွှတ်တော်နှင့်သက်ဆိုင်သည့် အချက်အလက်များကို စုစည်းတင်ပြပေးမည့် http://www. mypilar. org website ကို လွှင့်တင်လိုက်ကြောင်း သိရသည်။

New Picture (1)

(more…)


တက္ကသိုလ် တက်ရောက်မည့် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ဆု လျှောက်ထားနိုင်မည်

ယခုပညာသင်နှစ်အတွက် တက္ကသိုလ်တက်ရောက်မည့် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာ သင်ဆုများ လျှောက်ထားတက်ရောက်နိုင်ကြောင်း သိရသည်။

New Picture

(more…)


အစိုးရ၏ ဖိတ်ကြားချက် ‘ဝ’ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များ လက်ခံ

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် ပြင်ဆင်နေခြင်းနှင့် ပတ်သက်ပြီး နေပြည်တော်ကောင်စီ နယ်မြေသို့ လာရောက်ကာ နိုင်ငံတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရ၏ ဖိတ်ကြားချက်ကို ‘ဝ’ နှင့် မိုင်းလား တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက လက်ခံကြောင်း ၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေး ကော်မတီထံမှ သိရသည်။ (more…)


“လေးနိုင်ငံ ခရီးစဉ်ဒေသတစ်ခု” ထုတ်ဖော်ရေး ညီလာခံကို ဇူလိုင်လတွင် ကျင်းပမည်

ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာနိုင်ငံများအကြား “လေးနိုင်ငံခရီးစဉ်ဒေသတစ်ခု” ( Four Nations-One Destination ) ထုတ်ဖော်ရေးညီလာခံကို ဇူလိုင်လ (၃ဝ) ရက်မှ သြဂုတ်လ (၁) ရက်အထိ ရန်ကုန်မြို့ရှိ HAGL Hotel ၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။ (more…)