ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အခမ်း အနားကို ဇူလိုင်လ (၁၁) ရက် နံနက်ပိုင်းက ကျောင်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်ရာ တိုင်း ပါတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးရကျောင်း သား/သူများအား ဆုများချီးမြှင့် ပေးအပ်ရာ တိုင်းပါတီဥက္ကဋ္ဌနှင့် ဗဟိုအတွင်းရေးမှူးတို့မှ ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်