မြန်မာလုပ်သားများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုမပေးခြင်း၊ အလုပ်ရှင်၊ အလုပ်သမား စည်းမျဉ်း စည်းကမ်းများ လိုက်နာမှုမရှိခြင်းတို့ကြောင့် မြန်မာ လုပ်သားများကို ခေါ်ယူနေသည့် ထိုင်းကုမ္ပဏီ ၂၄ ခုနှင့် ထိုင်း ကိုယ်စားလှယ်ခြောက်ဦးကို မြန်မာအစိုးရက လုပ်သားခေါ်ယူခွင့် ပိတ်သိမ်းခဲ့ပြီး အမည်ပျက်စာရင်း သွင်းခဲ့ကြောင်း သတင်းရရှိသည်။ (more…)
ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး ဘုရားထီးတော်တင်လှူပူဇော်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး နှင့် ဇနီး ဒေါ်နီနီဝင်း တို့မှ ဇူလိုင် (၁၉)ရက်နေ့၊ မွန်းလွှဲ (၂) နာရီချိန်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ ဆိပ္ဖူးတောင် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်းရှိ ကျီးမနိုး စေတီတော် မြတ်အား ထီးတော် တင်လှူခဲ့သည်။
ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးသာအေး မုံရွာခရိုင် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးသာအေး (ဗဟိုအလုပ်အမှုဆောင်)တို့သည် ယခုလ (၁၈) ရက် နံနက် (၉) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသော မုံရွာခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က အဖွင့်အမှာစကား ပြောကြားသည်။
(၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် အဖွဲံ့ တက်ရောက်
၂ဝ၁၆ ခုနှစ် (၆၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ (၁၉) ရက် နံနက် (၈) နာရီက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်ရင်ပြင်၌ ကျင်းပခဲ့သည်။
မြိတ်ပြည်ခိုင်ဖြိုးပါတီ အာဇာနည်နေ့အခမ်းအနား လွမ်းသူ့ပန်းခွေချခြင်းနှင့် ချီတက်အလေးပြု
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် နှင့် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၆၉) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာ မြိတ်မြို့အာဇာနည်ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်၌ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ချီတက်အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်း များကို မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းဆွေ နှင့် မြိတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်တို့ ဦးဆောင်မှုဖြင့် ပါတီဝင်များ တက်ရောက်ချီတက် အလေးပြုခဲ့ကြသည်။
ထားဝယ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၁၈) ရက် နံနက် (၁၀) နာရီအချိန်က ထားဝယ်မြို့ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘုရားထီးတင်လှူ ပူဇော်
၂၀၁၆ ခုနှစ်၊ ဇူလိုင် (၁၈)ရက်နေ့ နံနက် (၉)နာရီချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးအောင်မင်းနှင့် ဇနီး ဒေါက်တာဝေဝေသာ တို့မှဦးဆောင်ကာ မွန်ပြည်နယ် ကျိုက်ထိုမြို့ ဆိပ္ဖူးတောင် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းအတွင်းရှိ ရွှေဘုန်းပွင့် စေတီမြတ်အား ထီးတော်တင်လှူ ပူဇော်ခဲ့ကြောင်းသိရှိရသည်။
Credit – မုဒုံသား
ဖလမ်းမြို့နယ်/ခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားများ ကျင်းပပြီးစီး
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၁၈) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝါဆိုလပြည့်နေ့တွင် မြန်အောင်မြို့နယ်ပါတီ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ဝါဆိုလပြည့်နေ့ (ဇူလိုင်လ ၁၉ရက်) က အသံမစဲ မဟာပဋ္ဌာန်းကို ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။
အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကြို့ပင်ကောက်မြို့နယ်ပါတီဆက်ကပ်လှူဒါန်း
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၆) နာရီခွဲက (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်သံဃာတော်ငါးပါးတို့အား ဝါဆိုသင်္ကန်းနှင့် အရုဏ် ဆွမ်းများကို မြို့နယ် ပြည်ခိုင်ဖြိုးရုံးအဖွဲ့များက ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
စိုးတင်မြင့်(ရွှေကြို့မြေ)