ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးများဖြစ်သော ဒေါက်တာကျော်ကျော်ဌေး၊ ဦးသန်းထွန်း၊ ဒေါက်တာ စန်းစန်းနွယ်နှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ (၇) ရက် နံနက် ၈ နာရီက တွေ့ဆုံပွဲအခမ်းအနားတစ်ရပ် ကျင်းပရာ တိုင်း ဒေသကြီးပါတီ နာယကများ၊ တိုင်းဒေသကြီးနှင့် ထားဝယ်ခရိုင်တို့မှ ပါတီကော်မတီဝင်များ၊ ထားဝယ်မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ပါတီစည်းရုံးရေးမှူးများ၊ ရေဖြူ၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား ၁၁၅ ဦးခန့် တက်ရောက် ကြသည်။