
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် လုံခြုံရေးအခြေအနေအရ ညမထွက် ရအမိန့်ကို ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ယခင်က သတ်မှတ်ထားသည့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ယခုအခါ ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိဟု ပြောင်း လဲသတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။








