
တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခြင်းမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် တွင် ကျင်းပပေးသွားမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများအား စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ လျှောက်ထားရမည်ဖြစ်ကာ တစ်ဦးလျှင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ၇၀ဝ ကျပ်နှင့် လျှောက်လွှာ တစ်စောင် ၂၀ဝ ကျပ် (စုစုပေါင်း ၉၀ဝ ကျပ်)ကျသင့်မည်ဖြစ်သည်။







