ကျန်းမာရေးဝန်ကြီးဌာန၏ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဘုရင့်နောင်ပွဲရုံရှိ “အံ့ထူး”င ရုတ်သီးမှုန့်နှင့်ကုန်စုံဆိုင်အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ “အံ့ထူး”ငရုတ်သီးမှုန့်နှင့်ကုန်စုံ ဆိုင်မှထုတ်လုပ်သည့် ငရုတ်သီးအစိမ်းမှုန့်၊ ငရုတ် သီးခွဲခြမ်းမှုန့်၊ ငရုတ်သီးအကြမ်းမှုန့်၊ အစိမ်းမှုန့်၊ ငရုတ်သီးအကျက်မှုန့်နှင့် ငရုတ်သီးခွဲခြမ်းမှုန့်တို့တွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေသည်ကို စစ် ဆေးတွေ့ရှိခဲ့ရသည်။