
ရန်ကုန်ဘူတာကြီးမှတဆင့် အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲပေးလျက်ရှိသည့် မြန်မာ့မီးရထားမှ ရထား လက်မှတ်များ အား Online စနစ်ဖြင့် ရောင်းချရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
“မီးရထားရုံးချုပ်ကတော့ အွန်လိုင်းစနစ်နဲ့ရောင်းဖို့ စီစဉ်နေပါတယ် အခုမှအစပျိုးစီစဥ်နေတာပဲရှိပါတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။









