
ပျဉ်းမနား၊ ဒီဇင်ဘာ ၉
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲ (၁၂/၂ဝ၁၈) နှင့် ထိုင်းနိုင်ငံစိုက်ပျိုးရေးသင်တန်း အတွေ့အကြုံများ သရုပ်ပြခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စု နယ်မြေကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး ၃၆ အုပ်စုမှ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။









