အပစ်ရပ်ရန် ရှမ်းပါတီ၊ အဖွဲ့အစည်းများ မေတ္တာရပ်ခံထားသော်လည်း RCSS နှင့် SSPP တိုက်ပွဲဆက်ဖြစ်

ရှမ်းနိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများက အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS) တို့ကို မေတ္တာရပ်ခံ ထားသော်လည်း SSPP နှင့် RCSS တို့အကြား ယမန်နေ့က တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

တပ်ချုပ်နှင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို ပအိုဝ်းအဖွဲ့ခေါင်းဆောင် ဦးအောင်ခမ်းထီ သွားရောက်တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) ခေါင်းဆောင် ဦးအောင်ခမ်းထီ သွားရောက်တွေ့ဆုံခဲ့ကြောင်း ဦးအောင်ခမ်းထီ၏သား ခွန်အောင်ကျော်က ပြောသည်။ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့ နာယက ဦးအောင် ခမ်းထီအနေဖြင့် နေပြည်တော် သို့ ရောက်ရှိစဉ် လွန်ခဲ့သည့် သုံး၊ လေးရက်ခန့်က ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ကြောင်း ခွန်အောင် ကျော်က နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

မြန်မာ-တရုတ်စီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေး ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်က ‘ The Belt and Road’အကောင်အထည်ဖော်ဆောင် ရေးဆိုင်ရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဖြစ်၍ မြန်မာ – တရုတ်စီးပွားရေး စင်္ကြံအကောင်အထည်ဖော်ရန် မြန်မာနိုင်ငံက တက်ကြွသည့်သဘောထားကို အပြည့်အ၀ဖော်ပြ နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

မန္တလေး နိုဝင်ဘာ ၂၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တိုင်း ဒေသကြီးပါတီရုံးခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံ အကြို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ ဗဟိုအတွင်းရေးမှူးတက်ရောက်

 

မကွေး နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးတို့ တက်ရောက်ခဲ့ကြသည်။ဆက်လက်၍သဘာပတိတိုင်း ဒေသကြီးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ယဉ်ယဉ်လှက အဖွင့်အမှာ စကားပြောကြားပြီးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ကိုယ် စားဒေါ်စပယ်မင်းက အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဆရာဝန်များ ကျေးရွာနေပြည်သူများအား အခမဲ့ကျန်းမာရေးဆေးကုသပေး

 

အောင်လံ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး အောင် လံမြို့နယ် ရွှေပန်းတောအခြေစိုက် ရှိ ကျေးရွာနေ ပြည်သူများအား အခမဲ့ကျန်းမာရေး ကူညီစောင့် ရှောက်ပေးခြင်းလုပ်ငန်းကို ယနေ့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့်တိုင်းဒေသကြီး အရန် ကော်မတီဝင်ဦးတင်ဝင်းတို့ ဦးဆောင်၍ ပါတီဝင်ဆရာဝန်များ ဖြစ်ကြသောဒေါက်တာသန်းတင့် အောင်(ပါရဂူ)၊ဒေါက်တာနေမျိုးခိုင် (ပါရဂူ)၊ဒေါက်တာ နေမျိုးဇေယျာ တို့က ပြည်သူလူထု၂၃ဝဦးအား အခမဲ့ဆေးဝါး ကုသခြင်းကို ဆောင်ရွက်ခဲ့သည်။
အခမဲ့ကျန်းမာရေးကူညီစောင့် ရှောက်မှုလုပ်ငန်းအား မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် မြို့နယ်ပါ တီကော်မတီဝင်များ၊ ရွှေပန်းတော ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် လူမှု ကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့် အငြိမ်းစားကျန်းမာရေး ဆရာမကြီး များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြပြီး အခမဲ့ကျန်းမာရေး ကူညီစောင့်ရှောက်မှုအား ယခုလ ၂၉ရက်တွင် ဆက်လက်ကုသပေး သွားမည်ဖြစ်သည်။

ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

ရှားတောမြို့၊ နိုဝင်ဘာ ၂၈

ယမန်နေ့ ၂၈-၁၁-၂၀၁၈ရက်နေ့ နံနက် (၉း၃၀)နာရီ အချိန်တွင် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားအား ရှားတောမြို့နယ်၊ ပြည်ခိုင်ဖြိုးရုံး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ် ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ယူခဲ့သည့် အာဆီယံအမျိုးသမီးများအဖွဲ့အစည်း (ACWO) တာဝန်လွှဲပြောင်းခြင်း အခမ်းအနားအား နေပြည်တော်တွင်ကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ ၂၈

ယနေ့နံနက် ၉ နာရီချိန်တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် အာဆီယံအမျိုးသမီးများအဖွဲ့အစည်း ASEAN Confederation & Women Organization (ACWO)၏ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ စင်္ကာပူနိုင်ငံအမျိုးသမီးရေးရာဥက္ကဋ္ဌသို့ တာဝန်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကို ပထနေ့အဖြစ် ပြည်နယ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးအောင်သူ၊၊ ပြည်နယ်ကော်မတီဝငများ၊ (၆) ခရိုင်၊ (၁၉) မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့များ၊ စုစုပေါင်း အင်အား (၄၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

နေပြည်တော်၊ ၂၈.၁၁.၂၀၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးနှင့်ဖွံ့ဖြိုးရေပါတီ ပြည်ထောင်စုနယ်မြေ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအား ပြည်ထောင်စုနေမြေရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌပါတီ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေပါတီတာဝန်ရှိသူများ အမျိုးသမီးညီလာခံ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့်နိုင်ငံတော်အလံအလေပြုခြင်းဖြင့်စတင်ခဲ့ပြီး “ကေသရာဇာခြင်္သေ့” သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဗဟိုအလုပ်မှုဆောင် ဦးဝေလွင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုနယ်မြေပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပမည့် ဒုတိယပိုင်းအစီအစည်များအား ခရိုင်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ယဉ်ယဉ်အေးမှ ဖတ်ကြားရှင်းလင်းခဲ့ပြီး အခမ်းအနားပထမပိုင်းအားရုတ်သိမ်းခဲ့သည်။