မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

မိုးကောင်း မေ ၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက မိုးကောင်းမြို့ အရှေ့ရပ်ကွက်ရှိ မြို့နယ် ပါတီရုံး၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်နယ်ပါတီ အရန်ကော်မတီဝင် ဦးစိုးမင်း၊ ခရိုင်ပါတီ အရန်ကော်မတီဝင် ဦးတင်ဌေး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက် ကြပြီး မြို့နယ်ပါတီ၏ လက်ရှိစည်းရုံး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။   ဝင်းအောင်(မိုးကောင်း)

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပန်းတနော်မြို့နယ် အမျိုးသမီးရေးရာ တွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

 

ပန်းတနော် မေ ၅

ဗုဒ္ဓရင်သွေးယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် မွမ်းမံသင်တန်းအောင်ပွဲ ဆုပေးပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ လှူဒါန်း

 

မိတ္ထီလာ မေ ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အိုင်ကြီးလည်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ရွာသစ်ကျေးရွာတို့ ကိုးကွယ်သော ဓမ္မရက္ခိတကျောင်းတိုက် ဦးစီးပဓာန နာယက သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တသောဘဏ တပည့်သံဃာတော်များ၊ သင်ကြားစီမံ သီလရှင်ဆရာလေးများနှင့် ဒေါ်လှလှဦး (သစ္စာပန်းခိုင်ယဉ်ကျေးလိမ္မာ) တို့က ဦးစီးဖွင့်လှစ်သော ဗုဒ္ဓရင်သွေးယဉ်ကျေးလိမ္မာ ဓမ္မာစကူးလ်၏ စတုတ္ထအကြိမ် မွမ်းမံသင်တန်း အောင်ပွဲနှင့် ဆုပေးပွဲ နိဗ္ဗာန်ဈေးပွဲ တော်ကို ယမန်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီထိ ကျင်းပခဲ့သည်။

ဘုတလင်မြို့နယ် ဇီးတောကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်

 

ဘုတလင် မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ဇီးတောကျေးရွာအုပ်စု မြို့ဇီးတောကျေးရွာ ဦးဇော်ထွန်း၏ နေအိမ်ခြံဝင်း အတွင်းတွင် ယမန်နေ့ နံနက် ၁ဝနာရီ ခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မုံရွာခရိုင် ပါတီကော်မတီဝင် ဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးသက်နိုင်ဦး၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခိုင်ညိမ်းသူ၊ မြို့နယ်မီဒီယာ တာဝန်ခံ ဦးဇော်ထွေးနှင့် မြို့နယ်ကော်မတီ ဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုး ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရွှေကျီစု(တလင်)

(၇၃) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုကြိုဆို

 

မေ ၅၊ ပြည်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကျင်းပပြုလုပ်သော ၇၃ နှစ်မြောက် မီးသတ် တပ်ဖွဲ့နေ့ အခမ်းအနားအား ၅-၅-၂၀၁၉ ရက်နေ့ နံနက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း တက်ရောက်ဂုဏ်ပြု ကြိုဆိုခဲ့ကြပါသည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလုပ်ရှားမှူ တစ်ရပ်အနေဖြင့် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု အောင်ဝိဇ္ဇာညီနောင် ဆုတောင်းပြည့်တန်ခိုးကြီး ငြိမ်းချမ်းရေးပြယုပ် သဘာဝ ကျောက်စေတီတော်တွင် မြေသားနံရံအားမြေညှိခြင်း တောင်တက်လမ်းအား ကွန်ကရက်ခင်းခြင်း လုပ်အားဒါန သွားရောက် ဆောင်ရွက်ခြင်း

 

လွိုင်ကော် – မေ ၆

လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 

လားရှိုး၊ မေ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင် လူထုစကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို ဆုံကွယ်ကျေးရွာ ဓမ္မာရုံ၌ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပခဲ့ရာ လျှစ်စစ်မီးပြတ် တောက်မှု၊ စားဝတ်နေရေး ကြပ်တည်းမှု၊ ပညာသင်ကြားရေးတွင် ဆရာဆရာမ မလုံလောက်မှု အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေများအား ဒေသခံလူငယ်များက မေးမြန်းဆွေးနွေး ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

မေ ၅၊ ပျော်ဘွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ၄-၅-၂၀၁၉ ရက်နေ့၌ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲအား တက်ရောက် ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမှ မိမိတို့ပါတီ၏ ရှေ့ဆက်လုပ်ဆောင် သွားမည့် လုပ်ငန်းစဉ်များ၊ မဲဆန္ဒနယ်အတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်များ၊ မိမိတို့ပါတီ အောင်မြင်မှု ဆက်လက် ရရှိရန်အတွက် စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်ကြရန် အချက်များအား တက်ရောက် လာသူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းပါတီကော်မတီဝင်များ ခရိုင်ဥက္ကဌများ အတွင်းရေးမှူးများနှင့် ပုသိမ်မြို့တွင် တွေ့ဆုံ

 

မေ ၆ ၊ ပုသိမ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင်များ၊ တိုင်းအတွင်းရှိ ခရိုင်ပါတီများမှ ခရိုင်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ပါတီခန်းမတွင် ၆-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင် ပြောကြားခဲ့ပါသည်။

#USDP

ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

 

နေပြည်တော်၊ မေ ၃

ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအား ၃-၅-၂၀၁၉ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။