MMA ပါဝါပြင်းဖိုက်တာငါးဦးတွင် အောင်လအန်ဆိုင်း နံပါတ်တစ် အဆင့်သတ်မှတ်ခံရ

ONE Championship က MMA ပြိုင်ပွဲဝင်တွေထဲမှာ ပါဝါအပြင်းဆုံးဖိုက်တာ(၅)ဦးကို မတ်လ(၁၄)ရက်က ရုပ်သံပြကွက်တွေနဲ့အတူ ထုတ်ပြန်လိုက်ပါတယ်။

ပြိုင်ဘက်ကို အလဲထိုးရာမှာ သပ်ရပ်ပြီး အားပါတဲ့ တိုက်ကွက်တွေ သုံးနိုင်တဲ့ အရည်အချင်းကို တွက်ချက်ပြီး ခွဲခြားတာပါ။ဒီလိုအဆင့်သတ်မှတ်ရာမှာ ပါဝါပြင်းတဲ့ ညာလက်သီးနဲ့ ချုပ်ကွက်တွေကြောင့် အောင်လအန်ဆိုင်းက နံပါတ်(၁)အဖြစ် သတ်မှတ်ခံရပါတယ်။ဒုတိယနေရာမှာတော့ သူ့ကို စိန်ခေါ်ပြီး ရှုံးနိမ့်ခဲ့တဲ့ ဟဲဗီးဝိတ်တန်းက ဘရန်ဒန်ဗီရာ ရှိနေပါတယ်။ ဗီရာဟာ အမေရိကန်နိုင်ငံသားဖြစ်ပေမယ့် ဖိလစ်ပိုင်ကိုယ်စားပြုထိုးသတ်နေသူပါ။ နံပါတ်(၃)နေရာမှာ ဘရာဇီးသား အလိန်းဂါလာနီ ရှိနေပြီး နံပါတ်(၄)နေရာမှာ ထူးထူးခြားခြား ထိုင်းနိုင်ငံသူ စတန့်ဖဲလ်တက်စ် ရှိနေပါတယ်။

တားမြစ်ဆေးသတင်းထွက်လာ၍ ကစားသမားဘဝတွင် တိုင်ဆန်ဖြူရီ ဆက်ရှိရန်မသေချာ

ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီသည် တားမြစ်ဆေးနှင့် ပတ်သက်သော သတင်းများကို ရှောင်လွှဲနိုင်ရန် အတွက် ပေါင် နှစ်သောင်းခွဲအထိ သုံးစွဲခဲ့ကြောင်း သတင်းထွက်လာခဲ့သည်။ တိုင်ဆန်ဖြူရီသည် ဗြိတိန် တားမြစ်ဆေး ဆန့်ကျင်ရေးအဖွဲ့၏ စစ်ဆေးမှုကို ခံခဲ့ရပြီး ၄င်းနှင့် ၄င်းအစ်ကိုတို့ နှစ်ဦးစလုံးမှာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါကာလတွင် ၄င်းက အစားအသောက် စီမံပေးရသူကို လက်ညှိုးထိုး၍ အပြစ်လွှဲချခဲ့သည်။

ရော်နယ်ဒိုရဲ့ဟိုတယ်(၂)လုံးကို ယာယီဆေးရုံအဖြစ် သုံးခွင့်ပေးမယ့်သတင်းကို ငြင်းဆို

လစ္စဘွန်းမြို့ကဟိုတယ်နဲ့ မက်ဒီးရားကျွန်းရဲ့မြို့တော် ဖန်ချယ်က ကြယ်(၄)ပွင့်အဆင့်ရှိ သူပိုင် ဟိုတယ်တို့ကို ကိုရိုးနားဗိုင်းရပ်စ် ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေးအစီအစဉ်အတွက် ယာယီဆေးရုံအဖြစ် ရော်နယ်ဒို သုံးခွင့်ပေးမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဟိုတယ်ဝန်ထမ်းတစ်ဦးက ငြင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို မာကာသတင်းစာကစတင်ရေးသားခဲ့ပြီး ဟိုတယ်ဝန်ထမ်းများမှာ သတင်းသမားတွေရဲ့ဖုန်းဆက်မေးမြန်းမှုကို မကြာခဏ ဖြေရှင်းနေရတယ်လို့လည်းဆိုပါတယ်။ လစ္စွဘွန်းမြို့ CR7ဟိုတယ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒတ်ခ်ျမီဒီယာ တစ်ခုကို ပြောရာမှာ သူတို့ရဲ့ဟိုတယ်ဟာ ဟိုတယ်အဖြစ်ပဲ ဆက်ရှိမယ်လို့ဆိုပါတယ်။ ဆေးရုံအဖြစ် ပြောင်းသုံးမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ skysports

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် စောင့်ကြည့်ခန်းထဲရောက်နေတဲ့ စီရော်နယ်ဒို

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုမှာ အသင်းဖော် ရူဂါနီတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အီတလီသို့ပြန်တော့မည်မဟုတ်ပဲ မွေးရပ်မြေ မာဒဲလ်ယားရှိ နေအိမ်တွင် သီးခြားစောင့်ကြည့်ရေး အခန်းထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ပေါ်တူဂီသတင်းစာနှစ်စောင်ဖြစ်သည့် Quotidiano Sportivo and Abola  တို့ကလည်း စီရော်နယ်ဒိုမှာ မာဒဲလ်ယားရှိနေအိမ် သီးခြားခန်းထဲအတွင်းသို့ ရောက်ရှိနေပြီဆိုသည်ကို သတင်းစာခေါင်းကြီးပိုင်းတွင် ဖော်ပြသွားခဲ့သည်။ ဂျူဗင်တပ်နောက်ခံလူ ရူဂါနီမှာ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဂျူဗင်တပ်အသင်းက ထုတ်ပြန်ကြေညာထားသည်။ ရူဂါနီမှာ အင်တာမီလန်ကို ၂-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် အရန်ခုံပေါ်၌ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့သည်။ ပွဲအပြီးတွင် အဝတ်လဲခန်းအတ

အမေရိကန်နိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးအားကစားမယ် ဖူးပွင့်ရတီခိုင် ပထမဆု ဆွတ်ခူး

မတ်  ၉  ရက်မှ ၁၀ ရက်အထိ အမေရိကန်နိုင်ငံ၌    ကျင်းပခဲ့သည့်  River Landing Classic -2020 ဂေါက်သီးရိုက်ပြိုင်ပွဲတွင်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်    မြန်မာအမျိုးသမီး ဂေါက်သီးအားကစားမယ် ဖူးပွင့်ရတီခိုင် ပထမဆု ဆွတ်ခူး ရရှိခဲ့သည်။

နယူးကာဆယ်ကိုဝယ်ရန် မေဝယ်သာ စိတ်ဝင်စားနေ

အမေရိကန်လက်ဝှေ့ကျော်ဟောင်း မေဝယ်သာသည် နယူးကာဆယ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ အသက် ၄၃ နှစ်ရှိပြီဖြစ်သော မေဝယ်သာသည် ၂ဝ၁၇ ခုနှစ် သြဂုတ်တွင် ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် နာမည်ကြီးနေသော မက်ဂရီဂေါ်နှင့်ထိုးသတ်ခဲ့ပြီးနောက် လက်ဝှေ့ကြိုးဝိုင်း အတွင်းသို့ ဝင်ရောက်ခြင်း မရှိတော့သူဖြစ်သည်။

မြန်မာနိုင်ငံတွင် ခွဲစိတ်မှုများ လာရောက်ပြုလုပ်ခဲ့သည့် Big Shoe အဖွဲ့အား ကျေးဇူးတင်ကြောင်း လူမှုစာမျက်နှာတွင် အိုဇေးလ် ဖော်ပြ

အာဆင်နယ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်က မြန်မာနိုင်ငံတွင် လာရောက်၍ ခွဲစိတ် ကုသမှုများ ပြုလုပ်ပေးခဲ့သည့် BigShoe ပရဟိတအဖွဲ့အား ကျေးဇူးတင်ရှိကြောင်း ၎င်း၏ လူမှုစာမျက်နှာ တွင် ရေးသားဖော်ပြခဲ့သည်။

ဂျာမနီကစားသမား အိုဇေးလ်သည် ကမ္ဘတစ်ဝန်း၌ ကလေးငယ်များအား ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးနေသည့် BigShoe ပရဟိတအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုပါအဖွဲ့အား ငွေကြေးထောက်ပံ့ကူညီမှုများ ပြုလုပ် ပေးနေသူဖြစ်သည်။

ပတ်စ်ပို့တ်အတုပြုလုပ်မှု သံသယဖြင့် ရော်နယ်ဒင်ဟို ဖမ်းဆီးထိန်းသိမ်းခြင်းခံရ

ဘာစီလိုနာနှင့်ပီအက်စ်ဂျီကစားသမားဟောင်းရော်နယ်ဒင်ဟိုသည် နိုင်ငံဖြတ်ကျော်ခွင့်အချက်အလက်ကို အတုပြုလုပ်ခဲ့သည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသူဖြစ်သည်။ အသက် ၃၉ နှစ်ရှိပြီဖြစ်သော ရော်နယ်ဒင်ဟို သည် မကြာသေးမီကာလအတွင်း ကလည်း အကြွေးပြဿနာများကို လိမ်လည်ရှောင်ထွက်ရန် ကြိုးစားခဲ့သည်ဆိုသော စွဲချက်ဖြင့်ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ယခုအခါတွင် ပါရာဂွေးနိုင်ငံ သို့ သွားရောက်မှု၌ ပတ်စ်ပို့တ်အတုကို သုံးစွဲခဲ့သည်ဆိုသောစွဲချက်နှင့် ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။ ပြီးခဲ့သော ကြာသပတေးနေ့တွင် ပါရာဂွေးအာဏာပိုင်များက ဘောလုံး အကျော်အမော်တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၄င်း သည် ၂ဝဝ၂ ကမ္ဘာ့ဖလားကို ရခဲ့သူဖြစ်သည်။ Ref; Soccerway

မေဝယ်သာကို UFC လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ် စိန်ခေါ်

ခါဘစ်က “သူ(မေဝယ်သာ)ဟာ မီဒီယာတွေကြားမှာ ရေပန်းစားမှုကိုပဲ လိုချင်တာပါ။ ခင်ဗျားအနေနဲ့ ထိုးသတ်ချင်ရင် UFC ကိုလာပါ။ ဒါဟာ စစ်မှန်တဲ့ထိုးသတ်ပွဲပါ။ ကျွန်တော်ဟာ လက်ဝှေ့သမားမဟုတ်သလို၊ နပန်းသမားလည်း မဟုတ်ဘူး။ MMA အားကစားသမားတစ်ယောက်ပါ။ သူ စိတ်ဝင်စားရင် လက်ဝှေ့ကို (၁၁)ချီ ထိုးပြီး MMA (၁)ချီထိုးပေါ့”ဟု ပြောကြားခဲ့သည်။

လိဂ်ဖလားပြိုင်ပွဲတွင် သုံးကြိမ်ဆက်ဗိုလ်စွဲနိုင်ခဲ့ခြင်းကို ဂွါဒီယိုလာဂုဏ်ယူ

မန်စီးတီးနည်းပြ ဂွါဒီယိုလာ က လိဂ်ဖလားပြိုင်ပွဲ၌ သုံးကြိမ် ဆက်ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ မယုံနိုင်စရာကောင်းသော အောင်မြင်မှုဖြစ်သည်ဟု ပြောကြားလိုက်သည်။ ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သောဗိုလ်လုပွဲတွင် မန်စီးတီးသည် ဗီလာအား ၂-၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ၄င်းတို့သည် ၂ဝ၁၈၊ ၂ဝ၁၉ နှင့် ၂ဝ၂ဝ ဗိုလ်လုပွဲသုံး ကြိမ်ဆက်တိုက် အာဆင်နယ်၊ ချဲလ်ဆီးနှင့် ဗီလာတို့ကို အနိုင်ရကာ ဗိုလ်စွဲထားခြင်းဖြစ်သည်။