FA Cup ဆီမီးဖိုင်နယ်တွင် မန်ယူ-ချဲလ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီး တွေ့ဆုံ

FA Cup ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ မန်ချက်စတာ ယူနိုက်တက်က ချဲလ်ဆီး၊ အာဆင်နယ်က လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဆီမီးဖိုင်နယ်ကို FA Cup သမိုင်းမှာ အအောင်မြင်ဆုံး အသင်း ၄ သင်း ဆုံရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အာဆင်နယ်ကတော့ အက်ဖ်အေသမိုင်းမှာ ချန်ပီယံ ၁၃ ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်းလည်း ဖြစ်ပါတယ်။

ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ UFC ပွဲစဉ်မှာ ဖိုက်တာနှစ်ယောက်စလုံး ဆေးရုံတက်ခဲ့ရ

အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်မြို့မှာ ဒေသစံတော်ချိန် စနေညက ကျင်းပခဲ့တဲ့ UFC လိုက်ဝိတ်တန်းပွဲစဉ်မှာ အမေရိကန် ဖိုက်တာ ဒပ်စတင်ပွိုင်ရီယာက နယူးဇီလန်ဖိုက်တာ ဒန်ဟွတ်ကာကို အငြင်းပွားဖွယ်မရှိ ရမှတ် အပြတ်သတ်နဲ့ အနိုင်ရခဲ့ပေမယ့် သူတို့နှစ်ယောက်စလုံး အထိနာခဲ့တာကြောင့် ပွဲအပြီးမှာ ဆေးရုံ တက်ခဲ့ကြရပါတယ်။ ဒပ်စတင်ပွိုင်ရီယာနဲ့ ဒန်ဟွတ်ကာတို့ပွဲစဉ်ဟာ ရုပ်/သံပရိသတ်တွေအကြိုက်ဖြစ်ခဲ့ပြီး နှစ်ယောက်စလုံး ဒဏ်ရာ ကိုယ်စီ ရခဲ့ကြပါတယ်။

ရာသီမကုန်ခင် လီဗာပူးအသင်း ပရီးမီယားလိဂ်ချန်ပီယံဆု ဆွတ်ခူး

ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ မှာ ချဲလ်ဆီးအသင်းက မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် လီဗာပူးအသင်းဟာ နှစ် ၃၀ ကြာကာလရှည်စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို  ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း လီဗာပူးအသင်းအတွက် ပထမဆုံးသောလိဂ်ဖလားလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ တူးလော့စ်အသင်းသားတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ

ပြင်သစ်လီဂူးဝမ်းကလပ်တွေဖြစ်တဲ့ ပီအက်စ်ဂျီ နဲ့ တူးလော့စ်တို့ဟာ သူတို့အသင်းသားတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ အင်္ဂါနေ့က အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဒီရာသီ ပြင်သစ်လီဂူးဝမ်း လက်ကျန်ပွဲစဉ်တွေကို ဖျက်သိမ်းခဲ့ပြီး ထိပ်ဆုံးက ပီအက်စ်ဂျီအသင်းကို ချန်ပီယံအဖြစ် ကြေညာခဲ့တာပါ။

ကမ္ဘာ့နံပါတ်(၁) တင်းနစ်သမားဂျိုကိုဗစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ကမ္ဘာ့နံပါတ်(၁) တင်းနစ်သမား ဂျိုကိုဗစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီလို့ မနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ Covid 19 ကပ်ရောဂါအန္တရာယ်ကြားကနေ Adria Tour ရန်ပုံငွေပွဲကို ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ဦးဆောင်ကျင်းပခဲ့လို့ ဝေဖန်ခြင်းခံနေရပြီး အခုအခါမှာ သူကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာဖြစ်ပါတယ်။ အဲဒီရန်ပုံငွေပွဲကို ပါဝင် ဆင်နွှဲခဲ့ကြတဲ့ ဒီမီထရော့ဗ်၊ ဘော်နာကိုရစ်နဲ့ ထရော့စကီးတို့လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ Source – Daily Express

လာလီဂါနောက်ခံလူများအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သူ ဖြစ်လာသည့် ရာမို့စ်

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်သည် လာလီဂါသမိုင်းတစ်လျှောက် နောက်ခံကစားသမားများအတွင်း ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ် မှတ်တမ်းသစ်ရေးထိုး နိုင်ခဲ့သည်။ ရာမို့စ်သည် ဆိုစီဒက် နှင့်ယှဉ်ပြိုင်ခဲ့သော လာလီဂါပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၄င်း၏ လာလီဂါသွင်းဂိုးစုစုပေါင်း မှာ ၆၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ဒါဗီးစ်က ဟာလန်းကို ကျော်ဖြတ်ပြီး ဘွန်ဒက်စ်လီဂါ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ဒါဗီးစ် ရရှိ

ဘိုင်ယန်မြူးနစ်ဘယ် နောက်ခံလူ အယ်လ်ဖွန်ဆိုဒါဗီးစ် သည် ၂၀၁၉-၂၀ ဘွန်ဒက်စ်လီဂါ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု (Bundesliga Rookie) ဆွတ်ခူးခဲ့သည်။

အသက် (၁၉) နှစ်အရွယ် ကနေဒါ လူငယ်ကြယ်ပွင့်သည်  နည်းပြဟမ်ဆီဖလစ်ခ်၏ ဘိုင်ယန်မြူးနစ်ကို ရှစ်ကြိမ်ဆက် ဘွန်ဒက်စ်လီဂါဖလား ချန်ပီယံဖြစ်အောင် ကူညီပံ့ပိုးပေးပြီးနောက် ပရိသတ်များ၊ ကလပ်များနှင့် ဘောလုံးပဏ္ဍိတ်များက မဲပေး ရွေးချယ်သည့် ဆုရရှိခြင်း ဖြစ်သည်။

၂၀၂၀ ဗြိတိန်အားကစား လူပုဂ္ဂိုလ်ဆု ရက်ရှ်ဖို့ဒ် ပူးတွဲရေပန်းစားသူ ဖြစ်လာ

လန်ဒန် – နွေရာသီကျောင်းပိတ် ရက်ကာလအတွင်း ကျောင်း အစားအစာဘောက်ချာများ ဆက်လက် ထောက်ပံ့ပေးရေးအတွက်  အောင်မြင်စွာ မဲဆွယ်စည်းရုံးနိုင်ခဲ့ပြီးနောက် မန်ယူတိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်သည် ဗြိတိန် ၏ တစ်နှစ်တာအားကစား လူ ပုဂ္ဂိုလ်ဆုရရန် လောင်းကစားဒိုင်များ၏ ပူးတွဲ ရေပန်းစားသူဖြစ်လာခဲ့သည်။

ဝါဒါဘရီမင်ကို အနိုင်ယူပြီး ဘိုင်ယန်မြူးနစ်အသင်း ဗိုလ်စွဲ

အင်္ဂါနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဝါဒါဘရီမင်အသင်းကို အဝေးကွင်းမှာ ၁ – ၀ ဂိုး နဲ့ အနိုင်ယူပြီး ဘွန်ဒက်စ်လီဂါဆုဖလား ရယူသွားနိုင်ခဲ့ပါတယ်။ အိမ်ရှင်ဝါဒါဘရီမင်အသင်းကို ပွဲချိန် ၄၃ မိနစ်မှာသွင်းယူတဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့သွင်းဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ရာသီကုန်ဆုံးဖို့ ၂ ပွဲအလိုမှာပဲ ဘွန်ဒက်စါလီဂါဆုဖလားကို ၈ ကြိမ်ဆက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။