မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမယ့်ဧပြီလ ၈ ရက်မွန်းလွဲ ၂ နာရီမှာ ရန်ကုန်မြို့၊ သိမ်ဖြူမြန်မာ့ရိုးရာ လက်ဝှေ့ရုံမှာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူး ကျင်းပဖို့ ရှိနေပါတယ်။

MMTS Company နဲ့ H & S Group ကစီစဉ်တဲ့ 50 Media Lethwei Fight အဲဒီပွဲကို ပြီးခဲ့တဲ့ဇန်န၀ါရီလက မန္တလေးမြို့မှာပြုလုပ်ခဲ့တဲ့အတိုင်း ခမ်းနားစွာကျင်းပမှာဖြစ်ပြီး 50 Media Channal မှ facebook Live ထုတ်လွှင့်ပေးသွားဖို့ရှိတယ်လို့ H & S Group မှ ဦးစိုင်းဇော်ဇော်က ပြောပါတယ်။

မန်ယူတွင် သူ့အား ရာထူးထုတ်ပယ်နိုင်သည်အထိ ကစားသမားများ ပါဝါမရှိဟု မော်ရင်ဟိုယုံကြည်

မန်ယူနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ လု့ခ်ရှောတို့နဲ့ အချင်းများခဲ့ပေမယ့် မန်ယူအသင်းမှာ သူ့ကို ရာထူးကနေ ထုတ်ပယ်နိုင်လောက်တဲ့အထိ ကစားသမားတွေ ပါဝါမရှိဘူးလို့ နည်းပြမော်ရင်ဟိုယုံကြည် နေပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဇန်န၀ါရီက အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အသင်းအမှုဆောင်ဒု-ဥက္ကဋ္ဌ အက်ဝုဒ်ဝက်ဒ်နဲ့ အသင်းဘုတ်အဖွဲ့ဝင်တွေရဲ့ထောက်ခံမှုကို အပြည့်အ၀ရရှိထားပါတယ်။

ကမ္ဘာ့နံပါတ်တစ်နေရာကို ဆုံးရှုံးရမည့်အပြင် ပြင်သစ်အိုးပင်းနှင့်လည်း ဖက်ဒဲရား လွဲချော်မည်

ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲရားသည် မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ရပြီးနောက် လက်ရှိရပ်တည်နေသည့် အမျိုးသားတစ်ဦးချင်းကမ္ဘာ့အဆင့် နံပါတ်တစ်နေရာကို ဆုံးရှုံးရမည်ဖြစ်သည့်အပြင် ပြင်သစ် အိုးပင်းတင်းနစ်ပြိုင်ပွဲတွင်လည်း ပါဝင်ကစားနိုင်မည်မဟုတ်ဘဲ လွဲချော်မည်ဖြစ်ကြောင်း ဖက်ဒဲရားက တရားဝင် ကြေညာခဲ့သည်။

အသက်(၃၆)နှစ်အရွယ်ရှိ ဖက်ဒဲရားသည် မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁၇၅ တွင် ရပ်တည်လျက် ရှိသည့် ကော့ကီနာကစ်ကို ၃-၆၊ ၆-၃၊ ၇-၆(၇-၄)ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး လာမည့် တင်းနစ်ပြိုင်ပွဲများတွင် ဒဏ်ရာပြဿနာကြောင့် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

အာရှယူ၂၁ စနူကာပြိုင်ပွဲတွင် မြန်မာကစားသမား အောင်ဖြိုး ရှုံးပွဲမရှိ အနိုင်ရဗိုလ်စွဲ

အာရှယူ ၂၁ စနူကာပြိုင်​ပွဲမှာ စနူကာကစားသမား ​အောင်​ဖြိုးဟာ ရှုံးပွဲမရှိ အနိုင်ရ ဗိုလ်​စွဲသွားပါတယ်​။ ပြိုင်ပွဲ မစတင်​မီက ရှုံးထွက်​အဆင့်လောက်​သာ ​မျှော်​မှန်းထားခဲ့​ပေမယ့် ပွဲစဉ်​တလျှောက်​ လက်​စွမ်းပြပြီး​ ရှုံးပွဲ လုံးဝမရှိဘဲ ဗိုလ်စွဲသွားခဲ့တာပါ။

အောင်​ဖြိုးဟာ ​ကွာတားဖိုင်​နယ်​မှာ ​ဟောင်​​ကောင်​နိုင်​ငံသား ကာ​ဝေချန်​ကို ၅-၃၊ ထိုင်းနိုင်​ငံသား ​ပေါင်​ဆာခွန်​ကို ၅-၂၊ ဗိုလ်​လုပွဲမှာ​တော့ ပါကစ္စတန်​နိုင်​ငံသား ဟာရစ်​တဟီရာ ကို ၆-၄ နဲ့ အနိုင်​ရပြီး ဗိုလ်​စွဲခဲ့တာပါ။

မြန်မာအသင်းနည်းပြ ဂတ်ဆီဇီနှင့်နှစ်ဦးသဘောတူလမ်းခွဲလိုက်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် သတင်းထုတ်ပြန်

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဂျာမန်လူမျိုး နည်းပြချုပ် ဂတ်ဆီဇီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ယနေ့တွင် နှစ်ဖက်သဘောတူ စာချူပ် ဖျက်သိမ်း လိုက်ပြီဖြစ်သည်။

ဘီလီဂျိုးဆောင်းဒါး လက်ဒဏ်ရာရသွား၍ မာတင်မာရေးနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ် ရွှေ့ဆိုင်း

လန်ဒန်ရှိ အိုတူးအရီနာကွင်း၌ မတ် ၂၃ ရက်တွင် တစ်နိုင်ငံတည်းသား မာတင်မာရေးနှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသော WBO မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲတွင် ဗြိတိန် လက်ဝှေ့ကျော် ဘီလီဂျိုးဆောင်းဒါးသည် တွဲဖက်နှင့် လေ့ကျင့်ရင်း လက်ဒဏ်ရာရခြင်းကြောင့် ပွဲစဉ်ကို ဇွန် ၂၃ ရက်သို့ ရွှေ့ဆိုင်း လိုက်ရကြောင်း သိရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ပရိသတ်များလုံခြုံရေးအတွက် ရုရှားသံအမတ် အာမခံချက်ပေး

အခုနွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ကြည့်ရှူ့မယ့် အင်္ဂလန်ပရိသတ်တွေ ဘေးကင်း လုံခြုံမှု ရှိမယ်လို့ ရုရှားသံအမတ်ကြီး ယာကိုဗန်ကိုက အာမခံချက်ပေးခဲ့ပါတယ်။

ရုရှားအေးဂျင့်ဟောင်း ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခံရမှုအတွက် ရုရှားကို ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ဝေဖန်ပြစ်တင်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာတာကြောင့် အခုနွေရာသီမှာ ရုရှား ကမ္ဘာ့ဖလားကို သွားရောက်မယ့် အင်္ဂလန်ပရိသတ်တွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး သံသယတွေ ပိုမိုမြင့်တက် လာခဲ့ပါတယ်။ ရုရှားသံအမတ်ကြီးကတော့ ရုရှားကို လာရောက်မယ့် အင်္ဂလန်ပရိသတ်တွေ လုံခြုံမှု ရှိမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အာမခံပြောကြားခဲ့ပါတယ်။

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် ပေါ်တူဂီအသင်းပြင်ဆင်

ရုရှားကမ္ဘာ့ဖလားပြိုင် ပွဲအတွက် ပြင်ဆင်နေသော ပေါ်တူဂီအသင်းတွင် လျှို့ဝှက်ချက်များမရှိဘဲ နည်းပြ ဖာနန်ဒိုဆန်းတို့စ်က လွန်ခဲ့သည့် ၂ နှစ်က ယူရို ၂၀၁၆ ၌ အောင်ပွဲခံခဲ့သော အသင်းကို ဆက်လက် ထိန်းထားမည်ဖြစ်သည်။

ဆန်းတို့စ်သည် နောက်ဆုံး ၂၃ ဦးအသင်းလူစာရင်းကို အပြီးသတ် မရွေးချယ်သေးသော်လည်း ပြင်သစ်တွင်  ပေါ်တူဂီအတွက် ပထမဆုံးမေဂျာဖလား ရရှိခဲ့သော အသင်းမှ ကစားသမားအများစုကို ဆက်လက် ထားရှိမည်ဖြစ်သည်။

2018 Myanmar Drift ချန်ပီယံရှစ် ကားမောင်းပြိုင်ပွဲ ပြင်ဦးလွင်၌ ကျင်းပမည်

WOLVER MDC 2018 Myanmar Drift Championship ကားမောင်းပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီး ရတနာပုံဆိုက်ဘာစီးတီးနေရာမှာ ဒုတိယအကြိမ်အဖြစ် မတ်လ ၂၄ ရက်ကနေ ၂၅ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆမ်မာရာကွင်းအချိန်မီပြီးစီးရေးအတွက် ရုရှားကို ဖီဖာဖိအားပေး

ရုရှားနိုင်ငံတောင်ပိုင်းရှိ ဆမ်မာရာကွင်း အချိန်မီပြီးစီးရေးအတွက် ရုရှားကိုဖီဖာကဖိအားပေးသွားခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလာမည့် ဇွန်လ၊ ၁၄ရက်နေ့တွင်စတင်ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲကျင်းပရန် သုံးလခန့်သာ လိုတော့သည်။ ဆမ်မာရာကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပမည့် ဘောလုံးကွင်း ၁၂ကွင်းထဲမှာ တစ်ကွင်း အပါအ၀င်ဖြစ်ပြီး နိုင်ငံတောင်ပိုင်းတွင်ရှိနေသည်။

သို့သော်လည်း ပရိသတ် ၄၅၀၀၀ဆန့် ဆမ်မာရာကွင်းတည်ဆောက်မှုနောက်ဆုံး အခြေအနေမှာအလွန် နှောင့်နှေးကြန့်ကြာမှုများ ရှိနေပြီး အချိန်မီပြီးစီးရေးအတွက် ခက်ခဲနေသည်။ ဆမ်မာရာကွင်းတွင် အုပ်စုပွဲစဉ် ၄ပွဲ၊ ရှုံးထွက်ပွဲစဉ်တစ်ပွဲနှင့် ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲကစားရန်ဖီဖာက သတ်မှတ်ရေးဆွဲထားပြီးဖြစ်သည်။