
ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရှိဘောလုံးရာသီကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာသွားဖွယ်ရှိတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေပါတယ်။ အသက် ၃၅ နှစ်ရှိ စီရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်ကို ကလပ်စံချိန် တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ရောက်ရှိခဲ့ပြီး ၂ နှစ်အတွင်း ၇၅ ပွဲကစားကာ ၅၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။









