ပလေယာချန်ပီယံရှစ်ဂေါ့ဖ်ပြိုင်ပွဲမှာ မက်အီရွိုင်း အနိုင်ရဗိုလ်စွဲ

၂၀၁၉)ပလေယာချန်ပီယံရှစ်(Players Championship) ဂေါ့ဖ်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် ပွန်တီဗီဒရာကမ်းခြေမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးပြီး မြောက်အိုင်ယာလန်ဂေါ့ဖ်သမား မက်အီရွိုင်း ဗိုလ်စွဲသွားပါတယ်။ မက်အီရွိုင်းကတော့ ပထမနေ့မှာ(၆၇)ချက်၊ ဒုတိယနေ့မှာ(၆၅)ချက်နဲ့ နောက်ဆုံးနှစ်ရက်မှာ ရိုက်ချက်(၇၀)စီ ရိုက်ခဲ့ပါတယ်။ ဒါကြောင့် လေးရက်ပေါင်း(၂၇၂)ချက်နဲ့ စုစုပေါင်း(၁၈)ချက်လျော့ရိုက်ပြီး ချန်ပီယံဆုရသွားပါတယ်။ ဒီချန်ပီယံဆုကို မြောက်အိုင်ယာလန်ဂေါ့ဖ်သမားအနေနဲ့ ပထမဆုံးရရှိသွားတာလည်း ဖြစ်ပါတယ်။ အမေရိကန်ဂေါ့ဖ်သမားဂျင်ဖာ့ခ်က (၇၁၊၆၄၊၇၁၊၆၇)ချက်နဲ့ လေးရက်ပေါင်း(၂၇၃)ချက်ရိုက်ပြီး ဒုတိယ ရပါတယ်။ တတိယဆုကိုတော့ အင်္ဂလန်ဂေါ့ဖ်သမား အက်ဒီပက်ပရယ်နဲ့ ဗင်နီဇွဲလားဂေါ့ဖ်သမား ဂျော်နသန် ဗီဂက်တို့က လေးရက်ပေါင်း(၂၇၄)ချက်စီနဲ့ ပူးတွဲရရှိပါတယ်။ ဒီပြိုင်ပွဲက ယူအက်စ်ပီဂျီအေတိုး ပြိုင်ပွဲဖြစ်ပြီး ဆုကြေးစုစုပေါင်း ဒေါ်လာ(၁၂ဒသမ၅)သန်းနဲ့ ဆုကြေးအများဆုံးချီးမြင့်တဲ့ မေဂျာပြိုင်ပွဲဖြစ်ပါတယ်။

Indian Wells ပြိုင်ပွဲတွင် သိုင်ရန်နှင့် အန်ဒရက်ကူတို့ဗိုလ်စွဲ

အမေရိကန်    ကျင်းပခဲ့သော Indian Wells တင်းနစ်ပြိုင်ပွဲတွင် ဒိုမီနစ်သိုင်ရန်က ရော်ဂျာဖက်ဒရာကို အနိုင်ရ ဗိုလ်စွဲခဲ့သည့်အပြင် အမျိုးသမီးပြိုင်ပွဲတွင်လည်း ကနေဒါမှ အန်ဒရက်ကူက အိန်ဂျယ်လီကာဘာကို အနိုင်ရကာ ဗိုလ်စွဲခဲ့သည်။ ဂရင်းစလင်းပြိုင်ပွဲတွင် ၂၄ ကြိမ်အထိ ဗိုလ်စွဲခဲ့ဖူးသော ဖက်ဒရာသည် ဒိုမီနစ်သိုင်ရန်အား အစပိုင်းတွင် သုံးပွဲပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၃-၆၊ ၆-၃၊ ၇-၅ဖြင့် အရှုံးပေးခဲ့ရခြင်းလည်းဖြစ်သည်။ အသက် ၁၈ နှစ်သာ ရှိသေးသော ကနေဒါနိုင်ငံသူ အန်ဒရက်ကူသည်လည်း ဂျာမနီမှ ကမ္ဘာအဆင့် ၈ အိန်ဂျယ်လီကာဘာကို ၄-၆၊ ၆-၃၊ ၄-၆ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ရွေးချယ်ခံရ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ဒုတိယ အကြိမ်မြောက်အဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင် ရမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်မှာ အဆိုပြုရွေးချယ်ခဲ့တာပါ။

Twitter ပေါ်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ ပေါက်ကြားမှုဖြစ်ပွား

Twitter ပေါ်တွင် ယူအီးအက်ဖ်အေဒါရိုက်တာတစ်ဦးကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ မတော်တဆ ပေါက်ကြားမှုဖြစ်ပွားသွားခဲ့သည်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲမှုကို ယနေ့ညဦးပိုင်းတွင် ပြုလုပ်မည် ဖြစ်သော်လည်း ယူအီးအက်ဖ်အေ ဒါရိုက်တာတစ်ဦးက Twitter ပေါ်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်များ ပါဝင်နေသည့် စာရွက်တစ်စောင်ကို မတော်တဆ တင်လိုက်မိရာမှ ပေါက်ကြားသွားခဲ့ခြင်းဖြစ်သည်။ ၄င်းက သူက သူ၏ ပို့စ်ကို ချက်ချင်းဆိုသလို စက္ကန့်ပိုင်းအတွင်း ပြန်ဖျက်သွားခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်း လူအများ စိတ်ဝင်တစား ရှိခဲ့ပြီး အကြီးအကျယ် လှုပ်ခတ်သွားခဲ့သည်။

Century Break အကြိမ်(၁၀၀၀)ပြည်သူ့အဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ စနူကာကစားသမား အိုဆူလီဗန်

ဗြိတိန်စနူကာ ကစားသမား ရွန်နီအိုဆူလီဗန်ကတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀တစ်လျှောက်မှာ Century Break (တစ်ကျူတည်းဖြင့် ရမှတ် (၁၀၀)နဲ့ အထက်ရရှိမှု)အကြိမ်(၁၀၀၀) ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး စနူကာ ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

စပိန်နဲ့ အင်္ဂလန်မြေကို ပြန်လာဖို့ မဖြစ်နိုင်တော့တဲ့ မော်ရင်ညို

ရီးယဲလ်မက်ဒရစ်အသင်းဟာ နည်းပြဟောင်း ဇီဒန်းကို ပြန်လည်ခေါ်ယူခန့်အပ်ခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ မော်ရင်ညိုအတွက် စပိန်ကို ပြန်လာဖို့ တံခါးပိတ်သွားပြီဖြစ်သလို အင်္ဂလန်ကို ပြန်လာဖို့လည်း မရှိတော့ဘူးလို့ ဒေးလီးမေးလ်သတင်းစာက ဆောင်းပါးရှင် ပီတီဂျန်ဆန် က သုံးသပ်လိုက်ပါတယ်။

အဆိုပါ အခြေအနေကြောင့် မော်ရင်ညိုအနေနဲ့ ပီအက်စ်ဂျီအသင်းဆီသွားပြီး ပြင်သစ်မြေကို သွားရောက်နည်းပြ ဖို့သာ ဖြစ်နိုင်ချေရှိတော့တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြည်တွင်းဆုဖလာတွေ ဆက်တိုက်ရနေပြီး ဥရောပချန်ပီယံလိဂ်မှာတော့ ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ဆုဖလားနဲ့ အလှမ်းဝေး နေတာ ဖြစ်ပါတယ်။

မက်ဆီရဲ့ ဟတ်ထရစ်စံချိန်ကို လိုက်မှီခဲ့တဲ့ ရိုနယ်ဒို

ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းအတွက် ဟတ်ထရစ်သွင်းယူပြီး အဓိက ပြိုင်ဘက် မက်ဆီတင်ထားခဲ့တဲ့ ဟတ်ထရစ်စံချိန် တစ်ခုကို လိုက်မှီခဲ့ပါတယ်။

MMA ကစားသမားဘ၀ အနားယူပြီးပါက မြန်မာနိုင်ငံတွင် လာရောက်အခြေချမည်ဟု အောင်လအင်န်ဆန်း ပြော

MMA ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအင်န်ဆန်းသည် နောက်သုံးနှစ်တွင် MMA ကစားသမားဘ၀မှ အနားယူရန် စီစဉ်ထားပြီး အနားယူပြီးပါက မြန်မာနိုင်ငံ၌ မိသားစုနှင့်အတူ လာရောက်အခြေချနေထိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ အသက် (၃၃)နှစ်အရွယ် အောင်လအင်န်ဆန်းသည် လက်ရှိတွင် MMA(One Championship) မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု ပိုင်ရှင်ဖြစ်သည်။

ရိုးမားအသင်း နည်းပြဖြစ်လာတဲ့ ရေနီယာရီ

အီတလီကလပ် ရိုးမားအသင်းက နည်းပြသစ်အဖြစ် ကလောဒီယို ရေနီယာရီကို ခန့်အပ်လိုက်ပါတယ်။ ရိုးမားက နည်းပြ ရေနီယာရီကို ဒီနှစ်ဘောလုံးရာမကုန်ခင်အထိ ခေါ်ယူထားတာပါ။ ရိုးမားက နည်းပြ ဒီဖရန်ဆက်စကိုကို ထုတ်ပယ်ပြီးနောက် အစားထိုးလိုက်တာပါ။

အမြဲတမ်းနည်းပြရာထူးနဲ့အတူ များပြားတဲ့ လစာငွေကို ခံစားရတော့မယ့် ဆိုးလ်ရှား

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြရာထူးအတွက် တစ်နှစ်လုပ်ခပေါင် (၇.၅)သန်း အထိ ပေးချေသွားမယ့် စီစဉ်နေတယ်လို့ သိရပါတယ်။ အမြဲတမ်းနည်းပြရာထူးကို အိုလီဂန်နာဆိုးလ်ရှားက ရယူဖို့ အတွက် သေချာသွားခဲ့ပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။